ယူကရိန်းသို့ cluster munitions များ မထောက်ပံ့ပေးရန် အမေရိကန်ကို ကုလသမဂ္ဂအထူးကိုယ်စားလှယ် တိုက်တွန်း

1049

Pika (NP News) - စက်တင်ဘာ ၂၁
ယူကရိန်းသို့ cluster munitions များ ထောက်ပံ့ပေးမည့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန် အမေရိကန်နိုင်ငံကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးက တိုက်တွန်းခဲ့ကြောင်း သိရသည်။
အဆိုပါ cluster munitions များသည် ယူကရိန်းပဋိပက္ခပြီးဆုံးကာ နောက်ထပ်ဆယ်စုနှစ်ကြာသည့်အချိန်အထိ အရပ်သားများကို အန္တရာယ်ပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Alice Jill Edwards က "cluster munitions တွေဟာ အသုံးပြုနေစဉ်အချိန်မှာကော ပဋိပက္ခပြီးဆုံးသွားတဲ့အချိန်တို့မှာကော အရပ်သားတွေကို ထိခိုက်စေနိုင်ပါသေး တယ်။ ဒါကြောင့် ယူကရိန်းပဋိပက္ခအတွင်းမှာ cluster munitions တွေကို အသုံးမပြုသင့်ပါဘူး။ ယူကရိန်းကို cluster munitions တွေ ထောက်ပံ့ပေးမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့နဲ့ အဲဒီဆုံးဖြတ်ချက်ကို အကောင် အထည်ဖော်ဖို့အတွက် စီစဉ်နေတာတွေ အားလုံးကိုရပ်တန့်ဖို့ အမေရိကန်အစိုးရကို ကျွန်မတိုက်တွန်းလိုပါတယ်" ဟု ပြောခဲ့သည်။
အမေရိကန်အစိုးရသည် ယူကရိန်းသို့ cluster munitions များ နှင့် တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးရန် အတွက် အတည်ပြုချက််ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ပြီးနောက် Alice Jill Edwards က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
cluster munitions များ အသုံးပြုမှုကို နိုင်ငံပေါင်း(၁ဝဝ)ကျော်တွင် တားမြစ်ပိတ်ပင်ထားကြောင်းလည်း သိရသည်။ သို့သော်လည်း ရုရှား နှင့် အမေရိကန်တို့သည် cluster munitions များ ထုတ်လုပ်ခွင့်၊ သိုလှောင်ခွင့် နှင့် လွှဲပြောင်းပေးခြင်းတို့အား တားမြစ်သည့်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။
Alice Jill Edwards က "အရပ်ဘက်နေရာတွေကို တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ နဲ့ သက်ကြီးရွယ်အိုတွေက သေနိုင်ချေအများဆုံးဖြစ်နေပါတယ်။ မပေါက်ကွဲဘဲ ကျန်ရှိနေခဲ့တဲ့ cluster munitions တွေဟာ နောက်ထပ်ဆယ်စုနှစ်တွေအထိ အရပ်သားတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ယူကရိန္းသို႔ cluster munitions မ်ား မေထာက္ပံ့ေပးရန္ အေမရိကန္ကို ကုလသမဂၢအထူးကိုယ္စားလွယ္ တိုက္တြန္း
Pika (NP News) - စက္တင္ဘာ ၂၁
ယူကရိန္းသို႔ cluster munitions မ်ား ေထာက္ပံ့ေပးမည့္ ဆုံးျဖတ္ခ်က္ကို ျပန္လည္စဥ္းစားရန္ အေမရိကန္ႏိုင္ငံကို ကုလသမဂၢအထူးကိုယ္စားလွယ္တစ္ဦးက တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ cluster munitions မ်ားသည္ ယူကရိန္းပဋိပကၡၿပီးဆုံးကာ ေနာက္ထပ္ဆယ္စုႏွစ္ၾကာသည့္အခ်ိန္အထိ အရပ္သားမ်ားကို အႏၲရာယ္ေပးႏိုင္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
ကုလသမဂၢအထူးကိုယ္စားလွယ္ Alice Jill Edwards က "cluster munitions ေတြဟာ အသုံးျပဳေနစဥ္အခ်ိန္မွာေကာ ပဋိပကၡၿပီးဆုံးသြားတဲ့အခ်ိန္တို႔မွာေကာ အရပ္သားေတြကို ထိခိုက္ေစႏိုင္ပါေသး တယ္။ ဒါေၾကာင့္ ယူကရိန္းပဋိပကၡအတြင္းမွာ cluster munitions ေတြကို အသုံးမျပဳသင့္ပါဘူး။ ယူကရိန္းကို cluster munitions ေတြ ေထာက္ပံ့ေပးမယ့္ ဆုံးျဖတ္ခ်က္ကို ျပန္လည္စဥ္းစားဖို႔နဲ႔ အဲဒီဆုံးျဖတ္ခ်က္ကို အေကာင္ အထည္ေဖာ္ဖို႔အတြက္ စီစဥ္ေနတာေတြ အားလုံးကိုရပ္တန႔္ဖို႔ အေမရိကန္အစိုးရကို ကြၽန္မတိုက္တြန္းလိုပါတယ္" ဟု ေျပာခဲ့သည္။
အေမရိကန္အစိုးရသည္ ယူကရိန္းသို႔ cluster munitions မ်ား ႏွင့္ တာေဝးပစ္ဒုံးက်ည္မ်ား ေထာက္ပံ့ေပးရန္ အတြက္ အတည္ျပဳခ်က္္ရရွိရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း အေမရိကန္တာဝန္ရွိသူတစ္ဦး က ေျပာၾကားခဲ့ၿပီးေနာက္ Alice Jill Edwards က ယခုကဲ့သို႔ တိုက္တြန္းခဲ့ျခင္းျဖစ္သည္။
cluster munitions မ်ား အသုံးျပဳမႈကို ႏိုင္ငံေပါင္း(၁ဝဝ)ေက်ာ္တြင္ တားျမစ္ပိတ္ပင္ထားေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ႐ုရွား ႏွင့္ အေမရိကန္တို႔သည္ cluster munitions မ်ား ထုတ္လုပ္ခြင့္၊ သိုေလွာင္ခြင့္ ႏွင့္ လႊဲေျပာင္းေပးျခင္းတို႔အား တားျမစ္သည့္စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။
Alice Jill Edwards က "အရပ္ဘက္ေနရာေတြကို တိုက္ခိုက္မႈေတြမွာ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြ နဲ႔ သက္ႀကီး႐ြယ္အိုေတြက ေသႏိုင္ေခ်အမ်ားဆုံးျဖစ္ေနပါတယ္။ မေပါက္ကြဲဘဲ က်န္ရွိေနခဲ့တဲ့ cluster munitions ေတြဟာ ေနာက္ထပ္ဆယ္စုႏွစ္ေတြအထိ အရပ္သားေတြရဲ႕အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။