ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းလိုတဲ့ တရုတ်နိုင်ငံရဲ့ပြင်းပြတဲ့စိတ်ဓါတ်တွေကို လျော့မတွက်စေလိုကြောင်း တရုတ်ဒုတိယမ္မတပြော

 620

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းမယ်ဆိုတဲ့ ပြင်းပြတဲ့စိတ်ဓါတ်ကို လျော့မတွက်စေလိုကြောင်း၊ ထိုင်ဝမ် နဲ့ ပြန်လည်ပေါင်းစည်းနိုင်အောင်ငြိမ်းချမ်းစွာလုပ်ဆောင်သွားမှာဖြစ်ကြောင်း တရုတ် ဒုတိယသမ္မတ Han Zheng က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တရုတ် ဒုတိယမ္မတဟာ ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

၎င်းက "တရုတ်နိုင်ငံ ပိုင်နက်၊ အချုပ်အခြာအဏာ ဘေးကင်းလုံခြုံမှုရှိစေဖို့ တရုတ်ပြည်သူရဲ့အင်အား၊ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ နဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးပမ်းနေတာတွေကို ဘယ်သူမှ လျော့မတွက်သင့်ဘူး၊ တရုတ်နိုင်ငံရဲ့ပြီးပြည်စုံတဲ့ ပြန်လည်ပေါင်းစည်းမှုတွေဟာ တရုတ်နိုင်ငံသားအားလုံးရဲ့ တူညီတဲ့ဆန္ဒဖြစ်တယ်။ ကျွန်တော်တို့ဟာ ထိုင်ဝမ်နဲ့ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြီးမားတဲ့ ရိုးသားမှုတွေအပြင် ဦးစားပေးကြိုးပမ်းမှုများအဖြစ် ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ ပြောပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်နယ်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်ကတော့ တရုတ်လက်အောက်က ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ကမ္ဘာနိုင်ငံအများစုဟာ ထိုင်ဝမ်ထက် တရုတ်ကို နိုင်ငံအဖြစ်အသိမှတ်ပြုထားပေမယ့် အမေရိကန် အပါအဝင် နိုင်ငံအချို့ဟာ ထိုင်ဝမ်နဲ့ တရားမဝင်တဲ့ဆက်ဆံရေးများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်း သိရပါတယ်။ထိုင်ဝမ်ဟာ လွတ်လပ်ရေးကြေညာခဲ့မယ်ဆိုရင် တရုတ်နိုင်ငံဘက်က စစ်ရေးအင်အားသုံးဖြေရှင်းလာမှာကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူအချို့က ပြောပါတယ်။

Zawgyi Version;
ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းလိုတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ျပင္းျပတဲ့စိတ္ဓါတ္ေတြကို ေလ်ာ့မတြက္ေစလိုေၾကာင္း တ႐ုတ္ဒုတိယမၼတေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂

တ႐ုတ္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းမယ္ဆိုတဲ့ ျပင္းျပတဲ့စိတ္ဓါတ္ကို ေလ်ာ့မတြက္ေစလိုေၾကာင္း၊ ထိုင္ဝမ္ နဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ေအာင္ၿငိမ္းခ်မ္းစြာလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း တ႐ုတ္ ဒုတိယသမၼတ Han Zheng က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

တ႐ုတ္ ဒုတိယမၼတဟာ ကုလသမဂၢညီလာခံမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

၎က "တ႐ုတ္ႏိုင္ငံ ပိုင္နက္၊ အခ်ဳပ္အျခာအဏာ ေဘးကင္းလုံၿခဳံမႈရွိေစဖို႔ တ႐ုတ္ျပည္သူရဲ႕အင္အား၊ ျပင္းျပတဲ့ စိတ္ဆႏၵေတြ နဲ႔ ျပႆနာေတြကိုေျဖရွင္းဖို႔ႀကိဳးပမ္းေနတာေတြကို ဘယ္သူမွ ေလ်ာ့မတြက္သင့္ဘူး၊ တ႐ုတ္ႏိုင္ငံရဲ႕ၿပီးျပည္စုံတဲ့ ျပန္လည္ေပါင္းစည္းမႈေတြဟာ တ႐ုတ္ႏိုင္ငံသားအားလုံးရဲ႕ တူညီတဲ့ဆႏၵျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ထိုင္ဝမ္နဲ႔ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းႏိုင္ဖို႔ ႀကီးမားတဲ့ ႐ိုးသားမႈေတြအျပင္ ဦးစားေပးႀကိဳးပမ္းမႈမ်ားအျဖစ္ ဆက္လက္လုပ္ေဆာင္သြားမွာပါ" လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္နယ္ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး ထိုင္ဝမ္ကေတာ့ တ႐ုတ္လက္ေအာက္က ခြဲထြက္ကာ ကိုယ္ပိုင္လြတ္လပ္ေရးရယူႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။ ကမာၻႏိုင္ငံအမ်ားစုဟာ ထိုင္ဝမ္ထက္ တ႐ုတ္ကို ႏိုင္ငံအျဖစ္အသိမွတ္ျပဳထားေပမယ့္ အေမရိကန္ အပါအဝင္ ႏိုင္ငံအခ်ိဳ႕ဟာ ထိုင္ဝမ္နဲ႔ တရားမဝင္တဲ့ဆက္ဆံေရးမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

အေမရိကန္ဟာ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးလ်က္ရွိေနေၾကာင္း သိရပါတယ္။ထိုင္ဝမ္ဟာ လြတ္လပ္ေရးေၾကညာခဲ့မယ္ဆိုရင္ တ႐ုတ္ႏိုင္ငံဘက္က စစ္ေရးအင္အားသုံးေျဖရွင္းလာမွာကို စိုးရိမ္မိေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူအခ်ိဳ႕က ေျပာပါတယ္။

Related news

© 2021. All rights reserved.