TikTok မှာ ဝက်သားစားတဲ့ ရုပ်သံဖိုင်တင်မိခဲ့လို့ အင်ဒိုနီးရှားအမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

989

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂
အင်ဒိုနီးရှားတရားရုံးဟာ လူမှုကွန်ရက်မှာလူသိများတဲ့ influencer တစ်ဦးကို TikToker မှာ ဝက်သားစားတဲ့ ရုပ်သံဖိုင်တင်ခဲ့တာနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ TikTok မှာ တင်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ ဝက်သားမစားခင် မွတ်စလင်ဘာသာရေး ဆုတောင်းတာမျိုးတွေလည်း လုပ်ခဲ့သေးကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Palembang ဒေသတရားရုံးက "လီနာ လက်ဖီယာဝါတီဟာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လူတွေကြားမှာ အမုန်းတရားတွေဖြစ်အောင် သတင်းအမှား တွေပေးခဲ့တယ်ဆိုတာက အပြစ်တွေ့ရှိခဲ့တယ်။ အဲဒါကြောင့် သူကို ဒဏ်ငွေ အင်ဒိုနီးရှားရူးပီး သန်း ၂၅ဝ နဲ့ ထောင်ဒဏ် သုံးလ ကနဦး ဒဏ်ရိုက်ခဲ့တယ်။ ငွေဒဏ်ပေးဆောင်နိုင်မှုမရှိဘူးဆိုရင် ထောင်ဒဏ် ထပ်မံကျခံရမှာပါ" လို့ ပြောပါတယ်။
အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဖြစ်တဲ့ လက်ဖီယာဝါတီက "ကျွန်မဟာ အမှားလုပ်ခဲ့မှန်းသိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ မမျှော်လင့်ထားဘူး" လို့ ပြောပါတယ်။
အဆိုပါရုပ်သံဖိုင်ဟာ အင်ဒိုနီးရှားနိုင်ငံရှိ ကွန်ဆာဗေးတစ်အုပ်စုများကြား ဝေဖန်ပြစ်တင်မှု ပြင်းထန်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ထိပ်တန်းဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူက အဆိုပါအမျိုးသမီးလုပ်ရပ်က စော်ကားတဲ့ အပြုအမူလုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ အဆိုပါအမျိုးသမီးကို နိုင်ငံကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ပုဒ်မနဲ့ စွဲချက်တင်ကာ ဖမ်းဆီးခဲ့ပြီး တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အင်ဒိုနိးရှားနိုင်ငံဟာ ကမ္ဘာပေါ်ရှိ နိုင်ငံတွေထဲမှာ မွတ်စလင်အများဆုံးနေထိုင်နေတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၂၃၁ သန်းက မွတ်စလင်တွေဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
TikTok မွာ ဝက္သားစားတဲ့ ႐ုပ္သံဖိုင္တင္မိခဲ့လို႔ အင္ဒိုနီးရွားအမ်ိဳးသမီး ေထာင္ဒဏ္ခ်မွတ္ခံရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂
အင္ဒိုနီးရွားတရား႐ုံးဟာ လူမႈကြန္ရက္မွာလူသိမ်ားတဲ့ influencer တစ္ဦးကို TikTok မွာ ဝက္သားစားတဲ့ ႐ုပ္သံဖိုင္တင္ခဲ့တာနဲ႔ပတ္သက္ၿပီး ေထာင္ဒဏ္ ၂ ႏွစ္ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။
အဆိုပါ အမ်ိဳးသမီးရဲ႕ TikTok မွာ တင္ခဲ့တဲ့ ႐ုပ္သံဖိုင္ထဲမွာ ဝက္သားမစားခင္ မြတ္စလင္ဘာသာေရး ဆုေတာင္းတာမ်ိဳးေတြလည္း လုပ္ခဲ့ေသးေၾကာင္း သိရပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ Palembang ေဒသတရား႐ုံးက "လီနာ လက္ဖီယာဝါတီဟာ ဘာသာေရးအဖြဲ႕အစည္းေတြနဲ႔ လူေတြၾကားမွာ အမုန္းတရားေတြျဖစ္ေအာင္ သတင္းအမွား ေတြေပးခဲ့တယ္ဆိုတာက အျပစ္ေတြ႕ရွိခဲ့တယ္။ အဲဒါေၾကာင့္ သူကို ဒဏ္ေငြ အင္ဒိုနီးရွား႐ူးပီး သန္း ၂၅ဝ နဲ႔ ေထာင္ဒဏ္ သုံးလ ကနဦး ဒဏ္႐ိုက္ခဲ့တယ္။ ေငြဒဏ္ေပးေဆာင္ႏိုင္မႈမရွိဘူးဆိုရင္ ေထာင္ဒဏ္ ထပ္မံက်ခံရမွာပါ" လို႔ ေျပာပါတယ္။
အင္ဒိုနီးရွားအမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ လက္ဖီယာဝါတီက "ကြၽန္မဟာ အမွားလုပ္ခဲ့မွန္းသိပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးျပင္းထန္တဲ့ ျပစ္ဒဏ္ခ်မွတ္ခံရမယ္လို႔ မေမွ်ာ္လင့္ထားဘူး" လို႔ ေျပာပါတယ္။
အဆိုပါ႐ုပ္သံဖိုင္ဟာ အင္ဒိုနီးရွားႏိုင္ငံရွိ ကြန္ဆာေဗးတစ္အုပ္စုမ်ားၾကား ေဝဖန္ျပစ္တင္မႈ ျပင္းထန္ခဲ့ၿပီး အင္ဒိုနီးရွားႏိုင္ငံရဲ႕ထိပ္တန္းဘာသာေရးေခါင္းေဆာင္တစ္ဦးျဖစ္သူက အဆိုပါအမ်ိဳးသမီးလုပ္ရပ္က ေစာ္ကားတဲ့ အျပဳအမူလုပ္ရပ္ျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။
အင္ဒိုနီးရွားရဲတပ္ဖြဲ႕ဟာ အဆိုပါအမ်ိဳးသမီးကို ႏိုင္ငံကို အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့ပုဒ္မနဲ႔ စြဲခ်က္တင္ကာ ဖမ္းဆီးခဲ့ၿပီး တရား႐ုံးက ေထာင္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အင္ဒိုနိးရွားႏိုင္ငံဟာ ကမာၻေပၚရွိ ႏိုင္ငံေတြထဲမွာ မြတ္စလင္အမ်ားဆုံးေနထိုင္ေနတဲ့ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံလူဦးေရ ၂၃၁ သန္းက မြတ္စလင္ေတြျဖစ္ေၾကာင္း သိရပါတယ္။