တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်နေတဲ့ ပိုးလမ်းမစီမံကိန်းက အီတလီနိုင်ငံ နှုတ်ထွက်ဖွယ်ရှိနေ

823

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂
အီတလီနိုင်ငံဟာ တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်လျက်ရှိနေတဲ့ ပိုးလမ်းမစီမံကိန်း Belt and Road မှာ ပါဝင်မှု ကနေ နှုတ်ထွက်သွားမှာဖြစ်ကြောင်း၊ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အီတလီဝန်ကြီးချုပ် အပါအဝင် အီတလီအစိုးရတာဝန်ရှိသူများဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက အဆိုပါ စီမံကိန်းမှာ ပါဝင်မှုကို အဆုံးသတ်ဖို့ စီစဉ်ဆောင်ရွက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ အီတလီနိုင်ငံခြားရေးဝန်ကြီး က "ဝန်ကြီးချုပ် မီလိုနီဟာ တရုတ်နိုင်ငံကလုပ်ဆောင်မယ့် ပိုးလမ်းမစီမံကိန်းရပ်ဝန်းထဲမှာပါဝင်နေတဲ့ Silk Road စီမံကိန်းကနေ နှုတ်ထွက်မယ့်အကြောင်းကို တရုတ်အစိုးရကို အသိပေးခဲ့တယ်" လို့ ပြောပါတယ်။
အီတလီ နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးထိန်းသိမ်းဖို့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပေမယ့် အီတလီနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ အီတလီနိုင်ငံ ပါဝင်ပေမယ့် ကြီးမားတဲ့ အကျိုးကျေးဇူးရရှိမှာမဟုတ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အီတလီအစိုးရဟာ အဆိုပါစီမံကိန်းကနေ ထွက်ခွာမယ်လို့ ပြောဆိုထားပေမယ့်အပြီးသတ်ဆုံးဖြတ်ချက် ဒါမှမဟုတ် တရားဝင် ထုတ်ပြန်ချက်များကို လူသိရှင်ကြားလုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီတလီအစိုးရအပေါ် ဝေဖန်ထားပြီး အီတလီအစိုးရ ဆုံးဖြတ်ချက်က သမိုင်းလမ်းကြောင်းကို ဆန့်ကျင်တာမျိုးဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
အီတလီဝန်ကြီးချုပ်က တရုတ်နိုင်ငံက ဦးဆောင်လုပ်ကိုင်နေတဲ့ ပိုးလမ်းမစီမံကိန်းမှာ ပါဝင်နေခြင်းအပေါ် ဝိရောဓိ ဖြစ်နေရကြောင်း၊ တရုတ်ဦးဆောင်တဲ့ စီးမံကိန်းမှာ ဂျီ ၇ အဖွဲ့ဝင် နိုင်ငံများအနက် အီတလီတစ်နိုင်ငံတည်းက ပါဝင်နေသလိုမျိုးဖြစ်နေကြောင်း ပြောပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံက ဦးေဆာင္လုပ္ကိုင္ေနတဲ့ ပိုးလမ္းမစီမံကိန္းက အီတလီႏိုင္ငံ ႏႈတ္ထြက္ဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂
အီတလီႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံက ဦးေဆာင္လုပ္ကိုင္လ်က္ရွိေနတဲ့ ပိုးလမ္းမစီမံကိန္း Belt and Road မွာ ပါဝင္မႈ ကေန ႏႈတ္ထြက္သြားမွာျဖစ္ေၾကာင္း၊ အီတလီႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီယို တာဂ်ာနီက ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။
အီတလီဝန္ႀကီးခ်ဳပ္ အပါအဝင္ အီတလီအစိုးရတာဝန္ရွိသူမ်ားဟာ ၿပီးခဲ့တဲ့ လအနည္းငယ္ကတည္းက အဆိုပါ စီမံကိန္းမွာ ပါဝင္မႈကို အဆုံးသတ္ဖို႔ စီစဥ္ေဆာင္႐ြက္မႈေတြရွိခဲ့ေၾကာင္း သိရပါတယ္။ အီတလီႏိုင္ငံျခားေရးဝန္ႀကီး က "ဝန္ႀကီးခ်ဳပ္ မီလိုနီဟာ တ႐ုတ္ႏိုင္ငံကလုပ္ေဆာင္မယ့္ ပိုးလမ္းမစီမံကိန္းရပ္ဝန္းထဲမွာပါဝင္ေနတဲ့ Silk Road စီမံကိန္းကေန ႏႈတ္ထြက္မယ့္အေၾကာင္းကို တ႐ုတ္အစိုးရကို အသိေပးခဲ့တယ္" လို႔ ေျပာပါတယ္။
အီတလီ နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးထိန္းသိမ္းဖို႔ ေဆြးေႏြးမႈေတြကို လုပ္ေဆာင္ေနေပမယ့္ အီတလီႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕အဓိကမဟာမိတ္ႏိုင္ငံျဖစ္ေၾကာင္း၊ အဆိုပါစီမံကိန္းမွာ အီတလီႏိုင္ငံ ပါဝင္ေပမယ့္ ႀကီးမားတဲ့ အက်ိဳးေက်းဇူးရရွိမွာမဟုတ္ေၾကာင္း အီတလီႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။
အီတလီအစိုးရဟာ အဆိုပါစီမံကိန္းကေန ထြက္ခြာမယ္လို႔ ေျပာဆိုထားေပမယ့္အၿပီးသတ္ဆုံးျဖတ္ခ်က္ ဒါမွမဟုတ္ တရားဝင္ ထုတ္ျပန္ခ်က္မ်ားကို လူသိရွင္ၾကားလုပ္ေဆာင္ျခင္း မရွိေသးေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ အီတလီအစိုးရအေပၚ ေဝဖန္ထားၿပီး အီတလီအစိုးရ ဆုံးျဖတ္ခ်က္က သမိုင္းလမ္းေၾကာင္းကို ဆန႔္က်င္တာမ်ိဳးျဖစ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။
အီတလီဝန္ႀကီးခ်ဳပ္က တ႐ုတ္ႏိုင္ငံက ဦးေဆာင္လုပ္ကိုင္ေနတဲ့ ပိုးလမ္းမစီမံကိန္းမွာ ပါဝင္ေနျခင္းအေပၚ ဝိေရာဓိ ျဖစ္ေနရေၾကာင္း၊ တ႐ုတ္ဦးေဆာင္တဲ့ စီးမံကိန္းမွာ ဂ်ီ ၇ အဖြဲ႕ဝင္ ႏိုင္ငံမ်ားအနက္ အီတလီတစ္ႏိုင္ငံတည္းက ပါဝင္ေနသလိုမ်ိဳးျဖစ္ေနေၾကာင္း ေျပာပါတယ္။