ယူကရိန်းစစ်ဘက်အရာရှိအများအပြား ရာဇဝတ်မှုများ နဲ့ စုံစမ်းစစ်ဆေးခံနေရ

1706

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂
ယူကရိန်းထပ်တန်း စစ်ဘက်အရာရှိများဟာ ရာဇဝတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရကြောင်း သိရပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အစောပိုင်းရက်တွေမှာ ယူကရိန်းနိုင်ငံတောင်ပိုင်း ကာကွယ်ရေး ကျိုးပျက်ခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ဘက်အရာရှိများ စစ်ဆေးခံနေရတာဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းစုံစမ်းရေးအဖွဲ့များ၊ ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေဟာ စစ်ပွဲစတင်ခဲ့တဲ့ ပထမဆုံးရက်မှာ ယူကရိန်း တောင်ပိုင်း ကာကွယ်ရေး ပြိုလဲခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ဘက်တာဝန်ရှိသူများကို စစ်ဆေးနေခြင်းဖြစ် ကြောင်း သိရပါတယ်။
ယူကရိန်းစစ်ဘက်အရာရှိဟောင်း အနည်းဆုံး ၅ဝ ကျော် စုံစမ်းစစ်ဆေးခံနေရကြောင်း၊ ယူကရိန်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Valery Zaluzhny အပေါ်လည်း သက်ရောက်မှုများရှိလာနိုင်ကြောင်း ဘီဘီစီသတင်းဌာန က ဖော်ပြထားပါတယ်။
ယူကရိန်းထောက်လှမ်းရေးအဖွဲ့တွေဟာ အဆိုပါအဖြစ်ပျက်ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပေမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးများကို စစ်ဆေးခြင်းမျိုးတော့ မရှိသေးကြောင်းသိရပါတယ်။ ရုရှားဟာ စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံတောင်ပိုင်းဒေသများကို အဓိကထား ထိုးစစ်ဆင်ခဲ့ရာ တောင်ပိုင်းဒေသရှိ နေရာအများအပြားကို အလျင်အမြန်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
စစ်ပွဲ စတင်ပြီးနောက် မကြာမီ ယူကရိန်းတောင်ပိုင်းဒေသကို စွန့်လွှတ်လိုက်ရပြီးနောက် ရုရှားဟာ တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့အခြားနေရာတွေကိုလည်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းဟာ လက်ရှိ အချိန်မှာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်သိမ်းယူနိုင်ဖို့ ဇွန်လအစောပိုင်းကတည်းက ရုရှားအပေါ် ကြီးမားတဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရှိဘဲ အခက်အခဲများ နဲ့ ရင်ဆိုင်နေရပြီး ရုရှားရှေ့တန်းစစ်မျက်နှာပြင်ကို ထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ဘက္အရာရွိအမ်ားအျပား ရာဇဝတ္မႈမ်ား နဲ႔ စုံစမ္းစစ္ေဆးခံေနရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂
ယူကရိန္းထပ္တန္း စစ္ဘက္အရာရွိမ်ားဟာ ရာဇဝတ္မႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခံေနရေၾကာင္း သိရပါတယ္။
ယူကရိန္းနဲ႔ ႐ုရွားတို႔စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ အေစာပိုင္းရက္ေတြမွာ ယူကရိန္းႏိုင္ငံေတာင္ပိုင္း ကာကြယ္ေရး က်ိဳးပ်က္ခဲ့တာနဲ႔ပတ္သက္ၿပီး ယူကရိန္းစစ္ဘက္အရာရွိမ်ား စစ္ေဆးခံေနရတာျဖစ္ေၾကာင္း သိရပါတယ္။ ယူကရိန္းစုံစမ္းေရးအဖြဲ႕မ်ား၊ ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕ေတြဟာ စစ္ပြဲစတင္ခဲ့တဲ့ ပထမဆုံးရက္မွာ ယူကရိန္း ေတာင္ပိုင္း ကာကြယ္ေရး ၿပိဳလဲခဲ့တာနဲ႔ပတ္သက္ၿပီး ယူကရိန္းစစ္ဘက္တာဝန္ရွိသူမ်ားကို စစ္ေဆးေနျခင္းျဖစ္ ေၾကာင္း သိရပါတယ္။
ယူကရိန္းစစ္ဘက္အရာရွိေဟာင္း အနည္းဆုံး ၅ဝ ေက်ာ္ စုံစမ္းစစ္ေဆးခံေနရေၾကာင္း၊ ယူကရိန္း ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Valery Zaluzhny အေပၚလည္း သက္ေရာက္မႈမ်ားရွိလာႏိုင္ေၾကာင္း ဘီဘီစီသတင္းဌာန က ေဖာ္ျပထားပါတယ္။
ယူကရိန္းေထာက္လွမ္းေရးအဖြဲ႕ေတြဟာ အဆိုပါအျဖစ္ပ်က္ကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္ေပမယ့္ ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးမ်ားကို စစ္ေဆးျခင္းမ်ိဳးေတာ့ မရွိေသးေၾကာင္းသိရပါတယ္။ ႐ုရွားဟာ စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းႏိုင္ငံေတာင္ပိုင္းေဒသမ်ားကို အဓိကထား ထိုးစစ္ဆင္ခဲ့ရာ ေတာင္ပိုင္းေဒသရွိ ေနရာအမ်ားအျပားကို အလ်င္အျမန္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
စစ္ပြဲ စတင္ၿပီးေနာက္ မၾကာမီ ယူကရိန္းေတာင္ပိုင္းေဒသကို စြန႔္လႊတ္လိုက္ရၿပီးေနာက္ ႐ုရွားဟာ ေတာင္ပိုင္းနဲ႔ ဆက္စပ္ေနတဲ့အျခားေနရာေတြကိုလည္း ထပ္မံသိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းဟာ လက္ရွိ အခ်ိန္မွာ သိမ္းပိုက္ခံထားရတဲ့နယ္ေျမေတြကို ျပန္သိမ္းယူႏိုင္ဖို႔ ဇြန္လအေစာပိုင္းကတည္းက ႐ုရွားအေပၚ ႀကီးမားတဲ့ တန္ျပန္ထိုးစစ္ဆင္ခဲ့ေပမယ့္ ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရွိဘဲ အခက္အခဲမ်ား နဲ႔ ရင္ဆိုင္ေနရၿပီး ႐ုရွားေရွ႕တန္းစစ္မ်က္ႏွာျပင္ကို ထိုးေဖာက္ႏိုင္ျခင္းမရွိေသးေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။