ဘင်္ဂါလီဒုက္ခသည်များအတွက် ဘင်္ဂလားဒေ့ရှ် တရားစရိတ်ကို ဝိုင်း၀န်းထောက်ပံ့ရန် OIC နိုင်ငံများအား မိုမန်တိုက်တွန်း
880
Htay Oung (NP News) - စက်တင်ဘာ ၂၃
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲဆိုစဉ် ဒါကာက ကုန်ကျခဲ့တဲ့ စရိတ်များအတွက် OIC ခေါ် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၀င်နိုင်ငံများအနေနဲ့ ဆန္ဒရှိသလောက် ဝိုင်း၀န်းထည့်၀င်ကြရန် ဘင်္ဂလားဒေ့ရ်ှက တိုက်တွန်းလိုက်တယ်လို့ Dhaka Tribune က စက်တင်ဘာလ ၂၂ ရက်မှာရေးသားပါတယ်။
ဒုက္ခသည် ဘင်္ဂါလီပြဿနာဟာ ဘင်္ဂလားဒေ့ရှ်၊ OIC နဲ့ ကမ္ဘာကြီးအတွက် စဉ်ဆက်မပြတ် စိုးရိမ်စရာကိစ္စ ဖြစ်နေတယ်လို့ စက်တင်ဘာလ ၂၁ ရက် နယူးယောက်မြို OIC နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူ မိုမန်က ပြောပါတယ်။
ဒုက္ခသည် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ စွပ်စွဲကြောင်း သက်ဆိုင်ရာနိုင်ငံခြားရေး၀န်ကြီးများ ကောင်စီရဲ့ဆုံးဖြတ်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ OIC က မြန်မာအစိုးရကို နိုင်ငံတကာတရားရုံးအရောက် ခေါ်ယူနိုင်ခဲ့ကြောင်း၊ အဲဒီအတွက် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂ သန်းအနက် ဒေါ်လာ ၆ ဒသမ ၅ သန်းအတွက် ငွေတောင်းခံလွှာကို ဥပဒေအကျိုးဆောင်ကုမ္ပဏီက ပေးပို့လာကြောင်း၊ ယခုအချိန်အထိ အလှူငွေ ဒေါ်လာ ၂ ဒသမ ၇၇၅ သန်းကို ရရှိထားပြီး အဲဒီကိစ္စအတွက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဘဏ္ဍာငွေ အကန့်အသတ်ရှိနေသည့်တိုင် ဒေါ်လာ ၀ ဒသမ ၇ သန်းကို ထည့်၀င် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ စေတနာအလျောက် ပံ့ပိုးကူညီမှုနဲ့ ထည့်၀င်မှာဖြစ်ကြောင်း ကတိကဝတ်တွေအတွက် နိုင်ငံအချို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒါပေမယ့် (တွက်ချက်ထားတဲ့) အလားအလာငွေ စုစုပေါင်းဟာ ဥပဒေကုမ္ပဏီကို ပထမအရစ်ကျအဖြစ် တရားဝင် ပေးချေရမယ့် ပမာဏနဲ့ အလွန်ကွာခြားနေပါကြောင်း၊ ဒီအတွက် စေတနာရှေ့ထားပြီး ကတိကဝတ်ပြုကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းပါကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။
မော်ရိုကိုနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး လစ်ဗျားနိုင်ငံမှာ ရေလွှမ်းမိုးခံရခြင်းများမှာ ထိခိုက်ဆုံးရှုံးရမှုများအတွက် အလေးအနက် စာနာမိပါကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ပြန်လည် ကျန်းမာလာစေရန် ဘင်္ဂလားဒေ့ရ်ှအစိုးရက ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတို့အတွင်း အစ္စလာမ်သာသနာအပေါ် ဆန့်ကျင်တဲ့ လုပ်ရပ်များတွေဟာ မောဟအတိနဲ့ ရူးသွပ်တဲ့အတွေးများအပေါ် အခြေခံကြောင်း၊ သူတို့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို ရှုတ်ချတယ်လို့ OIC အထွေထွေအတွင်း ရေးမှူးချုပ်ထံ သူတို့တရား၀င်ရပ်တည်ချက်ကို ပေးပို့လာတဲ့အတွက် ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးတွေကို ကျေးဇူးတင်ရှိ ပါကြောင်း၊ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ အစ္စလာမ်သာသနာနဲ့ ဖွဲ့စည်းချည်နှောင်ထားတဲ့ အိုမာအဖွဲ့၀င်တို့အနေဖြင့် ကျွန်ုပ်တို့ရဲ့ ကံကြမ္မာဟာ ကျွန်ုပ်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်များကဲ့သို့ပင် ဖြစ်ပါကြောင်း၊ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်များကို လိုက် နာခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ နားလည်မှု-သည်းခံမှုကို ပြသရာရောက်တဲ့ လမ်းကြောင်းမှတဆင့် စတင်သင့်ပါကြောင်း၊ နိုင်ငံအချင်းချင်းတို့အကြား အပြန်အလှန် လေးစားမှုကို ပြသတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပတ်၀န်းကျင်ကို ဖန်တီးရာမှာ ဆွေးနွေးခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းတို့နဲ့ တွန်းအားပေးသင့်ပါတယ်လို့ နယူးယောက်မြို OIC နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူ မိုမန်က ပြောပါတယ်။
(Dhaka Triune., 22 September 2023,” Dhaka urges OIC members to fund legal expenses of Rohingya case” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲဆိုစဉ် ဒါကာက ကုန်ကျခဲ့တဲ့ စရိတ်များအတွက် OIC ခေါ် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများအနေနဲ့ ဆန္ဒရှိသလောက် ဝိုင်းဝန်းထည့်ဝင်ကြရန် ဘင်္ဂလားဒေ့ရှ်က တိုက်တွန်းလိုက်တယ်လို့ Dhaka Tribune က စက်တင်ဘာလ ၂၂ ရက်မှာရေးသားပါတယ်။
ဒုက္ခသည် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ စွပ်စွဲကြောင်း သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ ကောင်စီရဲ့ဆုံးဖြတ်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ OIC က မြန်မာအစိုးရကို နိုင်ငံတကာတရားရုံးအရောက် ခေါ်ယူနိုင်ခဲ့ကြောင်း၊ အဲဒီအတွက် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂ သန်းအနက် ဒေါ်လာ ၆ ဒသမ ၅ သန်းအတွက် ငွေတောင်းခံလွှာကို ဥပဒေအကျိုးဆောင်ကုမ္ပဏီက ပေးပို့လာကြောင်း၊ ယခုအချိန်အထိ အလှူငွေ ဒေါ်လာ ၂ ဒသမ ၇၇၅ သန်းကို ရရှိထားပြီး အဲဒီကိစ္စအတွက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ ဘဏ္ဍာငွေ အကန့်အသတ်ရှိနေသည့်တိုင် ဒေါ်လာ ၀ ဒသမ ၇ သန်းကို ထည့်ဝင် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ စေတနာအလျောက် ပံ့ပိုးကူညီမှုနဲ့ ထည့်ဝင်မှာဖြစ်ကြောင်း ကတိကဝတ်တွေအတွက် နိုင်ငံအချို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒါပေမယ့် (တွက်ချက်ထားတဲ့) အလားအလာငွေ စုစုပေါင်းဟာ ဥပဒေကုမ္ပဏီကို ပထမအရစ်ကျအဖြစ် တရားဝင် ပေးချေရမယ့် ပမာဏနဲ့ အလွန်ကွာခြားနေပါကြောင်း၊ ဒီအတွက် စေတနာရှေ့ထားပြီး ကတိကဝတ်ပြုကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းပါကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မော်ရိုကိုနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး လစ်ဗျားနိုင်ငံမှာ ရေလွှမ်းမိုးခံရခြင်းများမှာ ထိခိုက်ဆုံးရှုံးရမှုများအတွက် အလေးအနက် စာနာမိပါကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ပြန်လည် ကျန်းမာလာစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတို့အတွင်း အစ္စလာမ်သာသနာအပေါ် ဆန့်ကျင်တဲ့ လုပ်ရပ်များတွေဟာ မောဟအတိနဲ့ ရူးသွပ်တဲ့အတွေးများအပေါ် အခြေခံကြောင်း၊ သူတို့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို ရှုတ်ချတယ်လို့ OIC အထွေထွေအတွင်း ရေးမှူးချုပ်ထံ သူတို့တရားဝင်ရပ်တည်ချက်ကို ပေးပို့လာတဲ့အတွက် ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးတွေကို ကျေးဇူးတင်ရှိ ပါကြောင်း၊ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း၊ အစ္စလာမ်သာသနာနဲ့ ဖွဲ့စည်းချည်နှောင်ထားတဲ့ အိုမာအဖွဲ့ဝင်တို့အနေဖြင့် ကျွန်ုပ်တို့ရဲ့ ကံကြမ္မာဟာ ကျွန်ုပ်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်များကဲ့သို့ပင် ဖြစ်ပါကြောင်း၊ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်များကို လိုက် နာခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ နားလည်မှု-သည်းခံမှုကို ပြသရာရောက်တဲ့ လမ်းကြောင်းမှတဆင့် စတင်သင့်ပါကြောင်း၊ နိုင်ငံအချင်းချင်းတို့အကြား အပြန်အလှန် လေးစားမှုကို ပြသတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ပတ်ဝန်းကျင်ကို ဖန်တီးရာမှာ ဆွေးနွေးခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းတို့နဲ့ တွန်းအားပေးသင့်ပါတယ်လို့ နယူးယောက်မြို OIC နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူ မိုမန်က ပြောပါတယ်။