ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ Happy Water များ တာချီလိတ်မြို့နယ်၌ ဖမ်းဆီးရမိ

1518
Pearl (NP News) - စက်တင်ဘာ ၂၃
တာချီလိတ်မြို့နယ်၌ ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ (၁၅)ရက်၊ ညနေ (၅)နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါရပ်ကွက်၌ သန်းစိန်(ခ)အားဝေ မောင်းနှင်ပြီး အောင်ကျော်ဦး(ခ)အယောင်း လိုက်ပါလာသည့် Toyota Hilux Revo မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရာယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) (၁၄ ဒသမ ၉၁)ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
ကွင်းဆက်အရ အဆိုပါနေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ ဆွတ်ဆိုင်ကျေးရွာတွင် စိုင်းစမ်ငင်း၊ စိုင်းကျန် နှင့် ဆီနွန်းတို့ (၃)ဦးအား မော်တော်ဆိုင်ကယ် ၂ စီး၊ စိတ်ပြောင်းဆေးဝါး(Happy Water) (၃ ဒသမ ၆) ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) (၁၈ ဒသမ ၅၁)ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိ၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖြန့်ဖြူးရောင်းချခြင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

zawgyi version
ေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ Happy Water မ်ား တာခ်ီလိတ္ၿမိဳ႕နယ္၌ ဖမ္းဆီးရမိ
Pearl (NP News) - စက္တင္ဘာ ၂၃
တာခ်ီလိတ္ၿမိဳ႕နယ္၌ ေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ Happy Water မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၅)ရက္၊ ညေန (၅)နာရီအခ်ိန္ခန႔္တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ အဆိုပါရပ္ကြက္၌ သန္းစိန္(ခ)အားေဝ ေမာင္းႏွင္ၿပီး ေအာင္ေက်ာ္ဦး(ခ)အေယာင္း လိုက္ပါလာသည့္ Toyota Hilux Revo ေမာ္ေတာ္ယာဥ္ကို သတင္းအရ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ျပဳလုပ္ရာယာဥ္ေပၚမွ စိတ္ေျပာင္းေဆးဝါး(Happy Water) (၁၄ ဒသမ ၉၁)ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
ကြင္းဆက္အရ အဆိုပါေန႔ ည ၇ နာရီခြဲအခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဆြတ္ဆိုင္ေက်း႐ြာတြင္ စိုင္းစမ္ငင္း၊ စိုင္းက်န္ ႏွင့္ ဆီႏြန္းတို႔ (၃)ဦးအား ေမာ္ေတာ္ဆိုင္ကယ္ ၂ စီး၊ စိတ္ေျပာင္းေဆးဝါး(Happy Water) (၃ ဒသမ ၆) ကီလိုႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့၍ စုစုေပါင္းေဒသကာလတန္ဖိုးေငြက်ပ္ ၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး(Happy Water) (၁၈ ဒသမ ၅၁)ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ဥပေဒအရ အေရးယူထားရွိ၍ ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိၿပီး အႏၲရာယ္ျဖစ္ေစမည့္ စိတ္ေျပာင္းေဆးဝါး(Happy Water)မ်ား ျဖန႔္ျဖဴးေရာင္းခ်ျခင္းမ်ားကို ထိေရာက္စြာ ဟန႔္တားႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။