မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို မြို့နယ်ထွေအုပ်နှင့်ပူးပေါင်းပြီး စီမံချက်အကြိုစာရင်းကောက်ယူမည်

457
ယွန်း (NP News) - စက်တင်ဘာ ၂၃
မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို စီမံချက်အကြိုစာရင်းကောက်ယူပြီး ဝန်ကြီးဌာနသို့ တင်ပြရန် ပညာရေးဝန်ကြီးက အသိပေးပြောကြားထားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက စက်တင်ဘာလ(၂၂) ရက်တွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေး လုပ်ငန်းစဥ်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စီမံချက်အကြိုစာရင်းကောက်ယူအတည်ပြုပြီး ပညာရေးဝန်ကြီးဌာနသို့ တင်ပြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်မှသာ မြို့နယ်အလိုက်၊ ရပ်ကွက်ကျေးရွာအလိုက်ဖွင့်လှစ်ရမည့် စာသင်ဝိုင်းအရေ အတွက် နှင့် သင်ကြားရမည့် ဆရာအရေအတွက်ကို သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် အဆိုပါအမျိုးသားရေးလုပ်ငန်းတာဝန်ကို အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဒေါက်တာညွန့်ဖေက အသိပေးပြောသည်။
ယခုနှစ်(၂၀၂၃ ခုနှစ်)တွင် Grade-12 စာမေးပွဲကို စတင်ကျင်းပမည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများအနေဖြင့် စာမေးပွဲစည်းကမ်းများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ဝေသည့် မေးခွန်းပုံစံစာအုပ်များကို ကျောင်းများသို့ အချိန်မီရောက်အောင်ပေးပို့ရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေစာရင်းအရ နိုင်ငံအတွင်း၌ အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် (၄ ဒသမ ၁)သန်းခန့်ရှိကြောင်းထုတ်ပြန်ထားပြီး ပြည်နယ်နှင့်တိုင်းအသီးသီး၌ စာမတတ် မြောက်သော အမျိုးသမီးရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားနေကြောင်းကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ဒုတပ်ချုပ်က အသိပေးပြောကြားထားသည်။

zawgyi version
ၿမိဳ႕နယ္အလိုက္ စာမတတ္သူဦးေရစာရင္းကို ၿမိဳ႕နယ္ေထြအုပ္ႏွင့္ပူးေပါင္းၿပီး စီမံခ်က္အႀကိဳစာရင္းေကာက္ယူမည္
ယြန္း (NP News) - စက္တင္ဘာ ၂၃
ၿမိဳ႕နယ္အလိုက္ စာမတတ္သူဦးေရစာရင္းကို စီမံခ်က္အႀကိဳစာရင္းေကာက္ယူၿပီး ဝန္ႀကီးဌာနသို႔ တင္ျပရန္ ပညာေရးဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖက စက္တင္ဘာလ(၂၂)ရက္တြင္ ပညာေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌က်င္းပသည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အေျခခံစာတတ္ေျမာက္ေရးလုပ္ငန္းသည္ ပညာေရးဝန္ႀကီးဌာနက ဦးေဆာင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည့္ တစ္မ်ိဳးသားလုံးႏွင့္ သက္ဆိုင္ေသာ အမ်ိဳးသားေရး လုပ္ငန္းစဥ္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၿမိဳ႕နယ္အလိုက္ စာမတတ္သူဦးေရစာရင္းကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ ပူးေပါင္း၍ စီမံခ်က္အႀကိဳစာရင္းေကာက္ယူအတည္ျပဳၿပီး ပညာေရးဝန္ႀကီးဌာနသို႔ တင္ျပရန္ ျပည္ ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။
ထိုသို႔ ေဆာင္႐ြက္မွသာ ၿမိဳ႕နယ္အလိုက္၊ ရပ္ကြက္ေက်း႐ြာအလိုက္ဖြင့္လွစ္ရမည့္ စာသင္ဝိုင္းအေရ အတြက္ ႏွင့္ သင္ၾကားရမည့္ ဆရာအေရအတြက္ကို သတ္မွတ္ႏိုင္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ အဆိုပါအမ်ိဳးသားေရးလုပ္ငန္းတာဝန္ကို အျခားဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းအေကာင္အထည္ ေဖာ္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာၫြန႔္ေဖက အသိေပးေျပာသည္။
ယခုႏွစ္(၂၀၂၃ ခုႏွစ္)တြင္ Grade-12 စာေမးပြဲကို စတင္က်င္းပမည္ျဖစ္၍ တိုင္းေဒသႀကီး/ျပည္နယ္ ပညာေရးမႉးမ်ားအေနျဖင့္ စာေမးပြဲစည္းကမ္းမ်ားႏွင့္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနက ထုတ္ေဝသည့္ ေမးခြန္းပုံစံစာအုပ္မ်ားကို ေက်ာင္းမ်ားသို႔ အခ်ိန္မီေရာက္ေအာင္ေပးပို႔ရန္လည္း ၎က တိုက္တြန္းေျပာၾကားခဲ့သည္။
၂၀၁၉ ခုႏွစ္ ၾကားျဖတ္လူဦးေရစာရင္းအရ ႏိုင္ငံအတြင္း၌ အသက္ (၁၅)ႏွစ္ႏွင့္အထက္ စာမတတ္သူေပါင္းသည္ (၄ ဒသမ ၁)သန္းခန႔္ရွိေၾကာင္းထုတ္ျပန္ထားၿပီး ျပည္နယ္ႏွင့္တိုင္းအသီးသီး၌ စာမတတ္ ေျမာက္ေသာ အမ်ိဳးသမီးရာခိုင္ႏႈန္းသည္ အမ်ိဳးသားမ်ားထက္ ျမင့္မားေနေၾကာင္းကို ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ဒုတပ္ခ်ဳပ္က အသိေပးေျပာၾကားထားသည္။