ရထားလမ်းကူး ဓာတ်အားလိုင်းကြိုးမြှင့်တင်ခြင်းဆောင်ရွက်မည်ဖြစ်၍ မြို့နယ်အချို့၌ ယာယီမီးပြတ်တောက်မည်ဟုဆို

 3114

Pearl (NP News) - စက်တင်ဘာ ၂၃

မေတ္တာညွန့်ဘူတာရုံအနီးတွင် ရထားလမ်းကူးလိုင်းကြိုးနိမ့်ကျနေသဖြင့် လိုင်းမြှင့်တင်ခြင်းဆောင်ရွက်မည်ဖြစ်၍ မြို့နယ်အချို့၌ ယာယီမီးပြတ်တောက်မည်ဖြစ်ကြောင်း YESC မှ အသိပေးထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ ယနေ့ (စက်တင်ဘာလ ၂၃ရက်) ၊ နံနက် (၉)နာရီ အချိန်ခန့်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန် (အရှေ့ပိုင်းခရိုင်)၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ 66kV သာကေတ-ပုသိမ်ညွန့်-ကျိုက္ကဆံဓာတ်အားလိုင်းသည် မေတ္တာညွန့်ဘူတာရုံအနီးတွင် ရထားလမ်းကူးလိုင်းကြိုးနိမ့်ကျလျက်ရှိကြောင်း YESC မှအသိပေးထားသည်။

ထို့ကြောင့် အဆိုပါရထားလမ်းကူးလိုင်းကြိုးနိမ့်ကျနေခြင်းအား လိုင်းမြှင့်တင်ခြင်းလုပ်ငန်းကို နံနက် (၁၁)နာရီမှ ညနေ(၃)နာရီ အချိန်အထိ ဆောင်ရွက်မည်ဖြစ်သဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ် အတွင်း ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ် တောက်မှုရှိမည်ဖြစ်ပါကြောင်း သိရသည်။

ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ရထားလမ္းကူး ဓာတ္အားလိုင္းႀကိဳးျမႇင့္တင္ျခင္းေဆာင္႐ြက္မည္ျဖစ္၍ ၿမိဳ႕နယ္အခ်ိဳ႕၌ ယာယီမီးျပတ္ေတာက္မည္ဟုဆို
Pearl (NP News) - စက္တင္ဘာ ၂၃

ေမတၱာၫြန႔္ဘူတာ႐ုံအနီးတြင္ ရထားလမ္းကူးလိုင္းႀကိဳးနိမ့္က်ေနသျဖင့္ လိုင္းျမႇင့္တင္ျခင္းေဆာင္႐ြက္မည္ျဖစ္၍ ၿမိဳ႕နယ္အခ်ိဳ႕၌ ယာယီမီးျပတ္ေတာက္မည္ျဖစ္ေၾကာင္း YESC မွ အသိေပးထားသည္။

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) မွ ယေန႔ (စက္တင္ဘာလ ၂၃ရက္) ၊ နံနက္ (၉)နာရီ အခ်ိန္ခန႔္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရန္ကုန္ (အေရွ႕ပိုင္းခ႐ိုင္)၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ 66kV သာေကတ-ပုသိမ္ၫြန႔္-က်ိဳကၠဆံဓာတ္အားလိုင္းသည္ ေမတၱာၫြန႔္ဘူတာ႐ုံအနီးတြင္ ရထားလမ္းကူးလိုင္းႀကိဳးနိမ့္က်လ်က္ရွိေၾကာင္း YESC မွအသိေပးထားသည္။

ထို႔ေၾကာင့္ အဆိုပါရထားလမ္းကူးလိုင္းႀကိဳးနိမ့္က်ေနျခင္းအား လိုင္းျမႇင့္တင္ျခင္းလုပ္ငန္းကို နံနက္ (၁၁)နာရီမွ ညေန(၃)နာရီ အခ်ိန္အထိ ေဆာင္႐ြက္မည္ျဖစ္သျဖင့္ အဆိုပါလုပ္ငန္းေဆာင္႐ြက္ေနစဥ္ အတြင္း ဗဟန္းၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္၊ ရန္ကင္းၿမိဳ႕နယ္၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ႏွင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္တို႔၏ ရပ္ကြက္ေနရာအခ်ိဳ႕တို႔တြင္ ယာယီဓာတ္အားျပတ္ ေတာက္မႈရွိမည္ျဖစ္ပါေၾကာင္း သိရသည္။

ဓာတ္အားျပတ္ေတာက္ခ်ိန္ၾကာျမင့္မႈမရွိေစေရး၊ ဓာတ္အားျပတ္ ဧရိယာေလ်ာ့နည္းေစေရးအတြက္ အေလးထား ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း YESC မွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.