ဗြိတိန်မှာ ၂ဝဝ၉ ခုနှစ်နောက်ပိုင်း မွေးဖွားသူတွေကို စီးကရက်သောက်ခြင်း တားမြစ်သွားဖို့ ဝန်ကြီးချုပ်စဉ်းစားနေ

464
ရောင်နီ(NP News) - စက်တင်ဘာ ၂၃
ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ နောက်မျိုးဆက်သစ်တွေအတွက် စီးကရက်သောက်ခြင်းကို တားမြစ်သွားမယ့် အစီအမံတွေချမှတ်ဖို့ စဉ်းစားနေကြောင်း အစိုးရသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရသောကြာနေ့(စက်တင်ဘာလ ၂၂ ရက်)မှာ သိရပါတယ်။

မစ္စတာဆူနက်ခ်ဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း မွေးဖွားသူတိုင်းကို ဆေးလိပ်ရောင်းချခြင်း၊ တားမြစ်ခြင်းအပါအဝင် နယူးဇီလန်နိုင်ငံမှာ ယမန်နှစ်က ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ဆင်တူတဲ့ ဆေးလိပ်သောက်ခြင်း တိုက်ဖျက်ရေးအစီအမံတွေကို ချမှတ်ဖို့စဉ်းစားနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
"၂၀၃၀ ပြည့်နှစ်မှာ ဆေးလိပ်သောက်သုံးမှု ကင်းစင်ရေး ရည်မှန်းချက်အတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆေးလိပ်သောက်နှုန်းကို လျှော့ချဖို့ ခြေလှမ်းတွေ စတင်နေပါပြီ"လို့ ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
အဆိုပါအစီအမံတွေမှာ vape kits အခမဲ့ပေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆေးလိပ်ဖြတ်ဖို့ လှုံ့ဆော်ခြင်း အစီအစဉ်ဆိုင်ရာအကြံဉာဏ်တွေပါဝင်တယ်လို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း ဗြိတိန်ဟာ ကလေးငယ်တွေကို e-cigarettes လက်လီရောင်းချသူတွေရဲ့ vape နမူနာတွေ အခမဲ့ပေးဆောင်ခြင်းကို ထိန်းချုပ်ပိတ်ပစ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဇူလိုင်လက ဗြိတိန်နိုင်ငံ၊ ဝေးပြည်နယ်ရှိ ကောင်စီတွေဟာ တခါသုံး e-cigarettes vapes ရောင်းချခြင်းကို ၂၀၂၄ ခုနှစ်မှာ တားမြစ်ဖို့ အစိုးရကို တောင်းဆိုခဲ့ဖူးပါတယ်။

zawgyi version
ၿဗိတိန္မွာ ၂ဝဝ၉ ခုႏွစ္ေနာက္ပိုင္း ေမြးဖြားသူေတြကို စီးကရက္ေသာက္ျခင္း တားျမစ္သြားဖို႔ ဝန္ႀကီးခ်ဳပ္စဥ္းစားေန
ေရာင္နီ(NP News) - စက္တင္ဘာ ၂၃
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ရီရွီဆူနက္ခ္ဟာ ေနာက္မ်ိဳးဆက္သစ္ေတြအတြက္ စီးကရက္ေသာက္ျခင္းကို တားျမစ္သြားမယ့္ အစီအမံေတြခ်မွတ္ဖို႔ စဥ္းစားေနေၾကာင္း အစိုးရသတင္းရင္းျမစ္ေတြရဲ႕ေျပာၾကားခ်က္အရေသာၾကာေန႔(စက္တင္ဘာလ ၂၂ ရက္)မွာ သိရပါတယ္။
မစၥတာဆူနက္ခ္ဟာ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ေမြးဖြားသူတိုင္းကို ေဆးလိပ္ေရာင္းခ်ျခင္း၊ တားျမစ္ျခင္းအပါအဝင္ နယူးဇီလန္ႏိုင္ငံမွာ ယမန္ႏွစ္က ထုတ္ျပန္ခဲ့တဲ့ ဥပေဒေတြနဲ႔ ဆင္တူတဲ့ ေဆးလိပ္ေသာက္ျခင္း တိုက္ဖ်က္ေရးအစီအမံေတြကို ခ်မွတ္ဖို႔စဥ္းစားေနတယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။
"၂၀၃၀ ျပည့္ႏွစ္မွာ ေဆးလိပ္ေသာက္သုံးမႈ ကင္းစင္ေရး ရည္မွန္းခ်က္အတြက္ ကြၽန္ေတာ္တို႔နဲ႔ ပူးေပါင္းၿပီး ေဆးလိပ္ျဖတ္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ေဆးလိပ္ေသာက္ႏႈန္းကို ေလွ်ာ့ခ်ဖို႔ ေျခလွမ္းေတြ စတင္ေနပါၿပီ"လို႔ ၿဗိတိန္အစိုးရ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။
အဆိုပါအစီအမံေတြမွာ vape kits အခမဲ့ေပးျခင္း၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြကို ေဆးလိပ္ျဖတ္ဖို႔ လႈံ႕ေဆာ္ျခင္း အစီအစဥ္ဆိုင္ရာအႀကံဉာဏ္ေတြပါဝင္တယ္လို႔ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ေျပာေရးဆိုခြင့္ရွိသူကဆိုပါတယ္။ ၿပီးခဲ့တဲ့ ေမလကလည္း ၿဗိတိန္ဟာ ကေလးငယ္ေတြကို e-cigarettes လက္လီေရာင္းခ်သူေတြရဲ႕ vape နမူနာေတြ အခမဲ့ေပးေဆာင္ျခင္းကို ထိန္းခ်ဳပ္ပိတ္ပစ္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။
ဇူလိုင္လက ၿဗိတိန္ႏိုင္ငံ၊ ေဝးျပည္နယ္ရွိ ေကာင္စီေတြဟာ တခါသုံး e-cigarettes vapes ေရာင္းခ်ျခင္းကို ၂၀၂၄ ခုႏွစ္မွာ တားျမစ္ဖို႔ အစိုးရကို ေတာင္းဆိုခဲ့ဖူးပါတယ္။