မန္တလေးမြို့တွင် လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

9724
သန့်ဇင် (NP News) - စက်တင်ဘာ ၂၃
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါအလောင်းကို ယနေ့ (စက်တင်ဘာလ ၂၃ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းနှင့် ၁၁၀(c)ဒေါင့်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
“လမ်း ၁၁၀ မှာအထိုးခံရတာထင်တယ်။ ဘာလို့ဆို သူ့သွေးစက်တွေက မြေပြင်မှာတွေ့ရတာဆိုတော့လေ။ အဲနေရာမှာ အထိုးခံရပြီး ပြေးလာရင်းနဲ့ ၁၁၀(c)ဒေါင့်နားရောက်တော့ လဲကျပြီး ဆုံးသွားတဲ့ သဘောပေါ့နော်” ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူအမျိုသားသည် ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက်(၂၇)နှစ်အရွယ် ကိုနေလင်းနိုင်ဖြစ်ပြီး အထက်ပါလမ်းပေါ်တွင် လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။
“ဆိုင်ကယ်လုယက်ပြီး ဓားနဲ့အထိုးခံရတယ်လို့ယူဆရတယ်ပေါ့နော်။ အဲဒီနေရာတွေက ထင်သလောက်လဲလူမရှင်းပါဘူး။ သူလဲကျဆုံးနေတဲ့နေရာအနီးမှာဆို လက်ဖက်ရည်ဆိုင်ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် လူသတ်မှုဖြစ်စဉ်အား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး သေဆုံးသူအမျိုး သားအား မြရည်နန္ဒာလူမှု ကယ်ဆယ်ရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“မန္တလေးမှာက အဲဒီလိုလုယက်မှုတွေက နေရာတိုင်းလိုလိုမှာဖြစ်နေကြဆိုတော့ ဖြစ်နိုင်ရင်တော့ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် တစ်ယောက်တည်းမသွားပဲနဲ့ (၂)ယောက် ဒါမှမဟုတ်လည်း (၃)ယောက်ပေါ့နော် သွားစေချင်တယ်။ တစ်ယောက်တည်းတော့ မသွားသင့်တော့ဘူး”ဟု ၎င်းကအကြံ ပြုပြောသည်။
မန္တလေးမြို့တွင် အကြမ်းဖက်လုယက်မှုဖြစ်စဉ်များ နေ့စဉ်လိုလိုဖြစ်ပေါ်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်းလည်း သိရသည်။
zawgyi version
မႏၲေလးၿမိဳ႕တြင္ လည္ပင္းထိုးသြင္းဒဏ္ရာျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၃
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ လည္ပင္းထိုးသြင္းဒဏ္ရာတစ္ခ်က္ျဖင့္ လဲက်ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္း တစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ျမရည္နႏၵာလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါအေလာင္းကို ယေန႔ (စက္တင္ဘာလ ၂၃ရက္)၊ နံနက္ ၅နာရီခြဲအခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၅၄ လမ္းႏွင့္ ၁၁၀(c)ေဒါင့္တြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
“လမ္း ၁၁၀ မွာအထိုးခံရတာထင္တယ္။ ဘာလို႔ဆို သူ႔ေသြးစက္ေတြက ေျမျပင္မွာေတြ႕ရတာဆိုေတာ့ေလ။ အဲေနရာမွာ အထိုးခံရၿပီး ေျပးလာရင္းနဲ႔ ၁၁၀(c)ေဒါင့္နားေရာက္ေတာ့ လဲက်ၿပီး ဆုံးသြားတဲ့ သေဘာေပါ့ေနာ္” ဟု ျမရည္နႏၵာလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူအမ်ိဳသားသည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္(၂၇)ႏွစ္အ႐ြယ္ ကိုေနလင္းႏိုင္ျဖစ္ၿပီး အထက္ပါလမ္းေပၚတြင္ လည္ပင္းထိုးသြင္းဒဏ္ရာတစ္ခ်က္ျဖင့္ လဲက်ေသဆုံးေနေၾကာင္း သိရသည္။
“ဆိုင္ကယ္လုယက္ၿပီး ဓားနဲ႔အထိုးခံရတယ္လို႔ယူဆရတယ္ေပါ့ေနာ္။ အဲဒီေနရာေတြက ထင္သေလာက္လဲလူမရွင္းပါဘူး။ သူလဲက်ဆုံးေနတဲ့ေနရာအနီးမွာဆို လက္ဖက္ရည္ဆိုင္ရွိတယ္” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္ လူသတ္မႈျဖစ္စဥ္အား သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး ေသဆုံးသူအမ်ိဳး သားအား ျမရည္နႏၵာလူမႈ ကယ္ဆယ္ေရးအသင္းမွ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
“မႏၲေလးမွာက အဲဒီလိုလုယက္မႈေတြက ေနရာတိုင္းလိုလိုမွာျဖစ္ေနၾကဆိုေတာ့ ျဖစ္ႏိုင္ရင္ေတာ့ မိန္းကေလးျဖစ္ျဖစ္ ေယာက္်ားေလးျဖစ္ျဖစ္ တစ္ေယာက္တည္းမသြားပဲနဲ႔ (၂)ေယာက္ ဒါမွမဟုတ္လည္း (၃)ေယာက္ေပါ့ေနာ္ သြားေစခ်င္တယ္။ တစ္ေယာက္တည္းေတာ့ မသြားသင့္ေတာ့ဘူး”ဟု ၎ကအႀကံ ျပဳေျပာသည္။
မႏၲေလးၿမိဳ႕တြင္ အၾကမ္းဖက္လုယက္မႈျဖစ္စဥ္မ်ား ေန႔စဥ္လိုလိုျဖစ္ေပၚလ်က္ရွိၿပီး ေဒသခံျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ားရွိေနေၾကာင္းလည္း သိရသည္။