ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် အများသတ်မှတ်သကဲ့သို့ သူဋ္ဌေးပါတီ မဟုတ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်အများစုပါဝင်ဟု ယာယီဥက္ကဋ္ဌပြော

2005
မျိုးကြီး (NP News) - စက်တင်ဘာ ၂၃
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် အများသတ်မှတ်သကဲ့သို့ သူဋ္ဌေးပါတီ မဟုတ်သော်လည်း စီးပွားရေးလုပ်ငန်းရှင်အများစုပါဝင်ကြောင်း ပါတီယာယီဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက ပြောသည်။

ဦးမြင့်မောင်ထွန်းက ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ လသာလမ်း၌ ကျင်းပသည့် ပြည်သူ့ရှေ့ဆောင်ပါတီဌာနချုပ်ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် ရွှေနန်းတော်ရတနာရွှေဆိုင်ပိုင်ရှင် ဒေါက်တာသက်သက်ခိုင် ဦးဆောင်ကာ တည်ထောင်ခဲ့သော ပါတီအဖြစ် လူသိများသော ပါတီတစ်ခုဖြစ်သည်။
“ကျွန်တော်တို့ပါတီဟာ အများက သတ်မှတ်သလို သူဋ္ဌေးပါတီတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ စီးပွားရေးလုပ်ငန်းရှင်တွေအများစု ပါပါတယ်။ အဲဒီလို ပါဝင်တဲ့အတွက်ကြောင့်မိုလို့ တတ်နိုင်သမျှ ပါတီပေါ်မှာ တတ်နိုင်သူတွေက ကူညီတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလိုဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု PPP ပါတီယာယီဥက္ကဋ္ဌဦးမြင့်မောင်ထွန်းက ပြောသည်။
ထို့ပြင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဘဏ္ဍာရေးကော်မတီအနေဖြင့် မကြာခင်ကာလအတွင်း၌ ဘဏ္ဍာငွေရှာဖွေရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြော သည်။
“ကျွန်တော်တို့ ပါတီရဲ့ ရန်ပုံငွေနဲ့ပတ်သက်လို့ သုညနဲ့ စခဲ့တဲ့ပါတီဖြစ်ပါတယ်။ ဘာအခွင့်အရေးမှလည်း ကျွန်တော်တို့ မရခဲ့ပါဘူး။ စီးပွားရေးတွေလည်း လုပ်သာတဲ့အခွင့်ကောင်းတွေလည်း မရှိသေးပါဘူး။ သို့သော်လည်းပဲ ကြိုးစားနေပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ နောက်တစ်ခါ ပါတီဘဏ္ဍာရေးကော်မတီဟာလည်း ဒီကိစ္စကို အားသွန်ခွန်စိုက်ဆောင်ရွက်ပြီးတော့ မကြာခင်ကာလအတွင်းမှာ ကျွန်တော်တို့ ဘဏ္ဍာငွေရှာဖွေရေးကိစ္စတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်” ယာယီဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ပါတီဝင်များ၏ အခက်အခဲများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဖြစ်သော်လည်း PPP ပါတီအား အများသတ်မှတ်ထားသကဲ့သို့ သူဋ္ဌေးပါတီအဖြစ် မထင်စေလိုကြောင်းလည်း ယာယီဥက္ကဋ္ဌဦးမြင့်မောင်ထွန်းက ဆက်လက်ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် လက်ရှိနစကလက်ထက်၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို ထောက်ခံအားပေးခဲ့တဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလက်ရှိ မထောက်ခံသေးဘူးဆိုရင်လည်း လေ့လာနေဆဲပြည်သူတွေကို လေ့လာပြီးတော့မှ ကျွန်တော်တို့အပေါ်မှာ တကယ်ကို နားလည်မှုရှိရှိနဲ့ ယုံကြည်အားကိုးထောက်ခံစေချင်ပါတယ်။ မလေ့လာဖြစ်သေးတဲ့ ပြည်သူတွေကိုလည်း လေ့လာပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု PPP ပါတီမှ အထွေထွေအတွင်းရေးမှူးဒေါက်တာမျိုးဆက်သွေးက NP News ကို ပြောသည်။
၎င်းပါတီသည် လက်ရှိတွင် ပါတီဝင်ဦးရေပေါင်း တစ်သိန်းကျော်ရှိပြီး မြို့နယ်ပေါင်း (၁၇၀)ထက်မနည်းတွင်လည်း ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)သည္ အမ်ားသတ္မွတ္သကဲ့သို႔ သူေ႒းပါတီ မဟုတ္ေသာ္လည္း စီးပြားေရးလုပ္ငန္းရွင္အမ်ားစုပါဝင္ဟု ယာယီဥကၠ႒ေျပာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၂၃
ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)သည္ အမ်ားသတ္မွတ္သကဲ့သို႔ သူေ႒းပါတီ မဟုတ္ေသာ္လည္း စီးပြားေရးလုပ္ငန္းရွင္အမ်ားစုပါဝင္ေၾကာင္း ပါတီယာယီဥကၠ႒ ဦးျမင့္ေမာင္ထြန္းက ေျပာသည္။
ဦးျမင့္ေမာင္ထြန္းက ယေန႔(စက္တင္ဘာလ ၂၃ ရက္) နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း၊ လသာၿမိဳ႕နယ္၊ လသာလမ္း၌ က်င္းပသည့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီဌာနခ်ဳပ္ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)သည္ ေ႐ႊနန္းေတာ္ရတနာေ႐ႊဆိုင္ပိုင္ရွင္ ေဒါက္တာသက္သက္ခိုင္ ဦးေဆာင္ကာ တည္ေထာင္ခဲ့ေသာ ပါတီအျဖစ္ လူသိမ်ားေသာ ပါတီတစ္ခုျဖစ္သည္။
“ကြၽန္ေတာ္တို႔ပါတီဟာ အမ်ားက သတ္မွတ္သလို သူေ႒းပါတီေတာ့ မဟုတ္ပါဘူး။ သို႔ေသာ္လည္းပဲ စီးပြားေရးလုပ္ငန္းရွင္ေတြအမ်ားစု ပါပါတယ္။ အဲဒီလို ပါဝင္တဲ့အတြက္ေၾကာင့္မိုလို႔ တတ္ႏိုင္သမွ် ပါတီေပၚမွာ တတ္ႏိုင္သူေတြက ကူညီတာလည္း အားလုံးအသိပဲျဖစ္ပါတယ္။ လိုအပ္ရင္ လိုအပ္သလိုေဆာင္ ႐ြက္ေပးမွာ ျဖစ္ပါတယ္။ တတ္ႏိုင္သမွ် အတိုင္းအတာ တစ္ခုအထိ ေဆာင္႐ြက္ေပးမွာျဖစ္ပါတယ္” ဟု PPP ပါတီယာယီဥကၠ႒ဦးျမင့္ေမာင္ထြန္းက ေျပာသည္။
ထို႔ျပင္ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၊ ဘ႑ာေရးေကာ္မတီအေနျဖင့္ မၾကာခင္ကာလအတြင္း၌ ဘ႑ာေငြရွာေဖြေရး ကိစၥရပ္မ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာ သည္။
“ကြၽန္ေတာ္တို႔ ပါတီရဲ႕ ရန္ပုံေငြနဲ႔ပတ္သက္လို႔ သုညနဲ႔ စခဲ့တဲ့ပါတီျဖစ္ပါတယ္။ ဘာအခြင့္အေရးမွလည္း ကြၽန္ေတာ္တို႔ မရခဲ့ပါဘူး။ စီးပြားေရးေတြလည္း လုပ္သာတဲ့အခြင့္ေကာင္းေတြလည္း မရွိေသးပါဘူး။ သို႔ေသာ္လည္းပဲ ႀကိဳးစားေနပါတယ္။ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၊ ေနာက္တစ္ခါ ပါတီဘ႑ာေရးေကာ္မတီဟာလည္း ဒီကိစၥကို အားသြန္ခြန္စိုက္ေဆာင္႐ြက္ၿပီးေတာ့ မၾကာခင္ကာလအတြင္းမွာ ကြၽန္ေတာ္တို႔ ဘ႑ာေငြရွာေဖြေရးကိစၥေတြကို ေဆာင္႐ြက္မွာျဖစ္ပါတယ္” ယာယီဥကၠ႒က ေျပာသည္။
ထို႔ေၾကာင့္ ပါတီဝင္မ်ား၏ အခက္အခဲမ်ားကို တတ္ႏိုင္သမွ် ေဆာင္႐ြက္ေပးမည္ျဖစ္ေသာ္လည္း PPP ပါတီအား အမ်ားသတ္မွတ္ထားသကဲ့သို႔ သူေ႒းပါတီအျဖစ္ မထင္ေစလိုေၾကာင္းလည္း ယာယီဥကၠ႒ဦးျမင့္ေမာင္ထြန္းက ဆက္လက္ေျပာသည္။
ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)သည္ လက္ရွိနစကလက္ထက္၌ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒအရ တစ္ႏိုင္ငံလုံးစည္း႐ုံးမည့္ပါတီအျဖစ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ မွတ္ပုံတင္ခဲ့ၿပီး မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
“ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)ကို ေထာက္ခံအားေပးခဲ့တဲ့ ျပည္သူအားလုံးကို ေက်းဇူးတင္ပါတယ္။ အခုလက္ရွိ မေထာက္ခံေသးဘူးဆိုရင္လည္း ေလ့လာေနဆဲျပည္သူေတြကို ေလ့လာၿပီးေတာ့မွ ကြၽန္ေတာ္တို႔အေပၚမွာ တကယ္ကို နားလည္မႈရွိရွိနဲ႔ ယုံၾကည္အားကိုးေထာက္ခံေစခ်င္ပါတယ္။ မေလ့လာျဖစ္ေသးတဲ့ ျပည္သူေတြကိုလည္း ေလ့လာေပးပါလို႔ ေမတၱာရပ္ခံပါတယ္” ဟု PPP ပါတီမွ အေထြေထြအတြင္းေရးမႉးေဒါက္တာမ်ိဳးဆက္ေသြးက NP News ကို ေျပာသည္။
၎ပါတီသည္ လက္ရွိတြင္ ပါတီဝင္ဦးေရေပါင္း တစ္သိန္းေက်ာ္ရွိၿပီး ၿမိဳ႕နယ္ေပါင္း (၁၇၀)ထက္မနည္းတြင္လည္း ပါတီ႐ုံးခန္းမ်ား ဖြင့္လွစ္ႏိုင္ေရး ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။