အကြမ်းဖက်မှုများဖြစ်ပွားခဲ့သော မဏိပူရပြည်နယ်တွင် အင်တာနက်အသုံးပြုခွင့်ပြန်ပေး

432
Pika (NP News) - စက်တင်ဘာ ၂၃
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်တွင် မေလ(၃)ရက်က လူမျိုးစုနှစ်ခုကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ဖြတ်တောက်ထားခဲ့သည့် မိုလ်ဘိုင်းအင်တာနက်များကို စက်တင်ဘာလ(၂၃)ရက်တွင် ပြန်လည်အသုံးပြုခွင့်ပေးခဲ့ကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh က ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်လုံးတွင် နေထိုင်ကြသော ပြည်သူများကို စာရွက်စာ တမ်းများမပါဘဲ နှစ်ဖက်လုံးရှိနယ်မြေများတွင်(၁၆)ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့်ပေးမည့် လှုပ်ရှားမှုကိုလည်း ဖျက်သိမ်းပေးရန် အိန္ဒိယအစိုးရကို ပြည်နယ်ဝန်ကြီးချုပ် N Biren Singh ကတောင်းဆိုခဲ့ကြောင်းသိရသည်။
၎င်းက "အိန္ဒိယအစိုးရဟာ မဏိပူရပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မေလ(၃)ရက်က စတင်ပြီး သတင်းတုတွေ၊ ဝါဒဖြန့်မှုတွေ ပျံ့နှံလာမှာကို တားဆီးဖို့အတွက် အင်တာနက်တွေကို ဖြတ်တောက်ထားခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေတွေ ပြန်လည်တိုးတက်လာတာကြောင့် စက်တင်ဘာလ(၂၃)ရက်ကစတင်ပြီး မဏိပူရပြည်နယ်တစ်ဝှမ်းမှာ အင်တာနက်ကို ပြန်လည်အသုံးပြုခွင့်ပေးတော့မှာပါ"ဟုပြောဆိုခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများကို အစိုးရက ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ကို ကာရံထားမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

zawgyi version
အၾကမ္းဖက္မႈမ်ားျဖစ္ပြားခဲ့ေသာ မဏိပူရျပည္နယ္တြင္ အင္တာနက္အသုံးျပဳခြင့္ျပန္ေပး
Pika (NP News) - စက္တင္ဘာ ၂၃
အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ မဏိပူရျပည္နယ္တြင္ ေမလ(၃)ရက္က လူမ်ိဳးစုႏွစ္ခုၾကား တိုက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ ျဖတ္ေတာက္ထားခဲ့သည့္ မိုလ္ဘိုင္းအင္တာနက္မ်ားကို စက္တင္ဘာလ(၂၃)ရက္တြင္ ျပန္လည္အသုံးျပဳခြင့္ေပးခဲ့ေၾကာင္း မဏိပူရျပည္နယ္ ဝန္ႀကီးခ်ဳပ္ N Biren Singh က ေျပာၾကားခဲ့သည္။
ထို႔ျပင္ အိႏၵိယ-ျမန္မာနယ္စပ္ ႏွစ္ဖက္လုံးတြင္ ေနထိုင္ၾကေသာ ျပည္သူမ်ားကို စာ႐ြက္စာ တမ္းမ်ားမပါဘဲ ႏွစ္ဖက္လုံးရွိနယ္ေျမမ်ားတြင္(၁၆)ကီလိုမီတာအထိ လြတ္လပ္စြာသြားလာခြင့္ေပးမည့္ လႈပ္ရွားမႈကိုလည္း ဖ်က္သိမ္းေပးရန္ အိႏၵိယအစိုးရကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ N Biren Singh ကေတာင္းဆိုခဲ့ေၾကာင္းသိရသည္။
၎က "အိႏၵိယအစိုးရဟာ မဏိပူရျပည္နယ္မွာ လူမ်ိဳးေရးအၾကမ္းဖက္မႈေတြ စတင္ျဖစ္ပြားခဲ့တဲ့ ေမလ(၃)ရက္က စတင္ၿပီး သတင္းတုေတြ၊ ဝါဒျဖန႔္မႈေတြ ပ်ံ႕ႏွံလာမွာကို တားဆီးဖို႔အတြက္ အင္တာနက္ေတြကို ျဖတ္ေတာက္ထားခဲ့ပါတယ္။ ဒါေပမယ့္ အေျခအေနေတြ ျပန္လည္တိုးတက္လာတာေၾကာင့္ စက္တင္ဘာလ(၂၃)ရက္ကစတင္ၿပီး မဏိပူရျပည္နယ္တစ္ဝွမ္းမွာ အင္တာနက္ကို ျပန္လည္အသုံးျပဳခြင့္ေပးေတာ့မွာပါ"ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ အိႏၵိယႏိုင္ငံတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာမႈမ်ားကို အစိုးရက ဆက္လက္ကိုင္တြယ္ေျဖရွင္းသြားမည္ျဖစ္ၿပီး အိႏၵိယ-ျမန္မာနယ္စပ္ကို ကာရံထားမႈမ်ား လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။