ထိုင်ဝမ်တွင် ဂေါက်သီးစက်ရုံမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးကာ (၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ

 408

Pika (NP News) - စက်တင်ဘာ ၂၃

ထိုင်ဝမ်ကျွန်းတောင်ပိုင်းရှိ ဂေါက်သီးထုတ်လုပ်သော စက်ရုံတွင် မီးလောင်ကျွမ်းမှုနှင့်အတူ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

စက်တင်ဘာလ(၂၂)ရက်ညက Pingtung ကောင်တီတွင်ရှိသော ဂေါက်သီးထုတ်လုပ်သည့်စက်ရုံတွင် မီးလောင်ကျွမ်းမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညလုံးပေါက်လောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့ပြင် ကယ်ဆယ်ရေးသမားများသည် အခြားလူသုံးဦးကို လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

မီးလောင်မှုအတွင်း သေဆုံးသူများထဲတွင် မီးသတ်တပ်ဖွဲ့ဝင်(၄)ဦးပါဝင်ကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ပြောကြာားခဲ့သည်။ မီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများသည် ထိခိုက်ဒဏ်ရာရရှိခဲ့သူ လူပေါင်း(၁၀၀)ကျော်ကို ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အချက်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Pingtung ကောင်တီတရားသူကြီး Chou Chun-mi ကပြောကြားခဲ့သည်။

၎င်းက "ဒီဖြစ်ရပ်အတွင်းမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေရဲ့ ဝမ်းနည်းပူဆွေးမှုကို သိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်စကားပြောယုံကလွဲလို့ တခြား ဘာမှမပြောနိုင်တော့ပါဘူး"ဟု ပြောဆိုခဲ့သည်။

မီးသတ်သမားများသည် မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေစဉ် သဘာဝဓါတ်ငွေ့များကြောင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များက ထပ်မံပြောကြားခဲ့သည်။

zawgyi version
ထိုင္ဝမ္တြင္ ေဂါက္သီးစက္႐ုံမီးေလာင္ကြၽမ္းမႈေၾကာင့္ အနည္းဆုံးလူ(၆)ဦးေသဆုံးကာ (၁၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - စက္တင္ဘာ ၂၃

ထိုင္ဝမ္ကြၽန္းေတာင္ပိုင္းရွိ ေဂါက္သီးထုတ္လုပ္ေသာ စက္႐ုံတြင္ မီးေလာင္ကြၽမ္းမႈႏွင့္အတူ ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ျခင္းေၾကာင့္ အနည္းဆုံးလူ(၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

စက္တင္ဘာလ(၂၂)ရက္ညက Pingtung ေကာင္တီတြင္ရွိေသာ ေဂါက္သီးထုတ္လုပ္သည့္စက္႐ုံတြင္ မီးေလာင္ကြၽမ္းမႈမ်ား စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ညလုံးေပါက္ေလာင္ကြၽမ္းခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ကယ္ဆယ္ေရးသမားမ်ားသည္ အျခားလူသုံးဦးကို လိုက္လံရွာေဖြေနဆဲျဖစ္ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။

မီးေလာင္မႈအတြင္း ေသဆုံးသူမ်ားထဲတြင္ မီးသတ္တပ္ဖြဲ႕ဝင္(၄)ဦးပါဝင္ေၾကာင္း ထိုင္ဝမ္မီးသတ္ဌာနက ေျပာၾကာားခဲ့သည္။ မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ကယ္ဆယ္ေရးသမားမ်ားသည္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ လူေပါင္း(၁၀၀)ေက်ာ္ကို ေဆး႐ုံးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါမီးေလာင္ကြၽမ္းမႈျဖစ္ပြားရသည့္အခ်က္ကို ဆက္လက္စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း Pingtung ေကာင္တီတရားသူႀကီး Chou Chun-mi ကေျပာၾကားခဲ့သည္။

၎က "ဒီျဖစ္ရပ္အတြင္းမွာ အသက္ဆုံးရႈံးသြားတဲ့သူေတြရဲ႕ မိသားစုဝင္ေတြရဲ႕ ဝမ္းနည္းပူေဆြးမႈကို သိပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေတာင္းပန္စကားေျပာယုံကလြဲလို႔ တျခား ဘာမွမေျပာႏိုင္ေတာ့ပါဘူး"ဟု ေျပာဆိုခဲ့သည္။

မီးသတ္သမားမ်ားသည္ မီးျငႇိမ္းသတ္ရန္ ႀကိဳးပမ္းေနစဥ္ သဘာဝဓါတ္ေငြ႕မ်ားေၾကာင့္ ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း အာဏာပိုင္မ်ားက ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.