အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများက အခွင့်အလမ်းသစ်များကို ဖန်တီးပေးခဲ့ကြောင်း ရုရှားသမ္မတထုတ်ဖော်ပြောဆို

999
Pika (NP News) - စက်တင်ဘာ ၂၃
ရုရှားနိုင်ငံသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ဖိအားများကို ခံနိုင်ရည်ရှိလာပြီး စီးပွားရေးပိုင်းတွင် ပိုမိုအားကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သမ္မတပူတင်ကထုတ်ဖော်ပြောဆိုခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်တွင်ဖြစ်ပွားခဲ့သော ကိစ္စများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို စတင်ချမှတ်ခဲ့ကြောင်းသိရသည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားဒေသသည် လူထုဆန္ဒခံယူပွဲများလုပ်ဆောင်ကာ ရုရှားနိုင်ငံနှင့်ပူးပေါင်းခဲ့ကြောင်းသိရသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အနောက်အုပ်စုနိုင်ငံများသည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို ပိုမိုချမှတ်လာခဲ့ကြောင်းသိရသည်။
သမ္မတပူတင်က "၂၀၁၄ ခုနှစ်နဲ့ ၂၀၂၂ခုနှစ်တို့မှာ ချမှတ်ခဲ့တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ ရုရှားကို လှုံ့ဆော်ပေးသလိုဖြစ်ခဲ့ပါတယ်။ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးစေခဲ့ပေမယ့် အခွင့်အလမ်းအသစ်တွေလည်း အများကြီးပေါ်လာခဲ့ပါတယ်။"ဟု ပြောဆိုခဲ့သည်။
ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း ရုရှား၏ GDP သည် ယူကရိန်းနှင့်ပဋိပက္ခမတိုင်မီ ရှိခဲ့သော အဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်းဆုံးအခြေအနေများကို ဖန်တီးရန် အရေးကြီးကြောင်း ပူတင်က ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရုရှားအစိုးရသည် နိုင်ငံတွင်းစီးပွားရေးအတွက် အပြု သဘောဆောင်သော အလားအလာများကို ဆက်လက်ထိန်းသိမ်းထားပြီး ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ကျော်တက်နိုင်လိမ့်မည်ဟု ခန့်မှန်ထားကြောင်း ရုရှားဝန်ကြီးချုပ်မီခေးလ်မီရှုစတင်က ပြောကြားခဲ့သည်။

zawgyi version
အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားက အခြင့္အလမ္းသစ္မ်ားကို ဖန္တီးေပးခဲ့ေၾကာင္း ႐ုရွားသမၼတထုတ္ေဖာ္ေျပာဆို
Pika (NP News) - စက္တင္ဘာ ၂၃
႐ုရွားႏိုင္ငံသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈ ဖိအားမ်ားကို ခံႏိုင္ရည္ရွိလာၿပီး စီးပြားေရးပိုင္းတြင္ ပိုမိုအားေကာင္းလာေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သမၼတပူတင္ကထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ခ႐ိုင္းမီးယားကြၽန္းဆြယ္တြင္ျဖစ္ပြားခဲ့ေသာ ကိစၥမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ ၎၏ မဟာမိတ္ႏိုင္ငံမ်ားသည္ ၂၀၁၄ ခုႏွစ္တြင္ ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို စတင္ခ်မွတ္ခဲ့ေၾကာင္းသိရသည္။ ၂၀၁၄ ခုႏွစ္တြင္ ခ႐ိုင္းမီးယားေဒသသည္ လူထုဆႏၵခံယူပြဲမ်ားလုပ္ေဆာင္ကာ ႐ုရွားႏိုင္ငံႏွင့္ပူးေပါင္းခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ပိုမိုခ်မွတ္လာခဲ့ေၾကာင္းသိရသည္။
သမၼတပူတင္က "၂၀၁၄ ခုႏွစ္နဲ႔ ၂၀၂၂ခုႏွစ္တို႔မွာ ခ်မွတ္ခဲ့တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ပိတ္ဆို႔အေရးယူမႈေတြဟာ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ ႐ုရွားကို လႈံ႕ေဆာ္ေပးသလိုျဖစ္ခဲ့ပါတယ္။ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ပိတ္ဆို႔အေရးယူမႈေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ေႏွာင့္ေႏွးေစခဲ့ေပမယ့္ အခြင့္အလမ္းအသစ္ေတြလည္း အမ်ားႀကီးေပၚလာခဲ့ပါတယ္။"ဟု ေျပာဆိုခဲ့သည္။
ပိတ္ဆို႔အေရးယူမႈမ်ားရွိေနေသာ္လည္း ႐ုရွား၏ GDP သည္ ယူကရိန္းႏွင့္ပဋိပကၡမတိုင္မီ ရွိခဲ့ေသာ အဆင့္သို႔ ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း ႏွင့္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအတြက္ အေကာင္းဆုံးအေျခအေနမ်ားကို ဖန္တီးရန္ အေရးႀကီးေၾကာင္း ပူတင္က ယခုသီတင္းပတ္အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။ ႐ုရွားအစိုးရသည္ ႏိုင္ငံတြင္းစီးပြားေရးအတြက္ အျပဳ သေဘာေဆာင္ေသာ အလားအလာမ်ားကို ဆက္လက္ထိန္းသိမ္းထားၿပီး ၂၀၂၄ ခုႏွစ္တြင္ ႐ုရွားႏိုင္ငံသည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားႏွင့္အတူ အျခားဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားကို ေက်ာ္တက္ႏိုင္လိမ့္မည္ဟု ခန႔္မွန္ထားေၾကာင္း ႐ုရွားဝန္ႀကီးခ်ဳပ္မီေခးလ္မီရႈစတင္က ေျပာၾကားခဲ့သည္။