မူဆယ်မြို့တွင် ဓားပြအဖွဲ့အား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရာ(၂)ဦးသေဆုံး၍ (၂)ဦးအား အရှင်ဖမ်းဆီးရမိ

2073
Pearl (NP News) - စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဓားပြအဖွဲ့အား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရာ (၂)ဦးသေဆုံး၍ (၂)ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၂၃ရက်) ၊ နံနက်(၆)နာရီအချိန်ခန့်တွင် မူဆယ်မြို့၊ မန့်ဝိန်ရပ်ကွက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓားပြအဖွဲ့ဝင်(၅)ဦးသည် အဆိုပါရပ်ကွက်မှ ကားတစ်စီးအား လုယက်လာစဉ် လှည့်ကင်းပတ်နေသော ရဲတပ်ဖွဲ့ဝင်ကားနှင့်တွေ့ဆုံကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ရပ်ကွက်ထဲက ကားလုသွားတာ။ လှည့်ကင်းကားနဲ့တိုးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ (၂)ဦးအရှင်ဖမ်းမိတယ်။ (၂)ဦးအသေဖမ်းမိတယ်။ (၁)ဦးလွတ်သွားတယ်။ ကားပေါ်မှာလည်း သေနတ်(၂) လက်မိတယ်လို့ကြားတယ်"ဟု မြို့ခံတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်တွင် ဓားပြအဖွဲ့ဝင်(၂)ဦးအား သေဆုံးလျက်ဖမ်းဆီးရမိခဲ့ပြီး (၂)ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကာကျန်(၁)ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကားအတွင်းမှ သေနတ်(၂)လက်သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် လက်မောင်း၌ ကျည်ရှပ်ထိဒဏ်ရာ အနည်းငယ်ရရှိသွားကြောင်း သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕တြင္ ဓားျပအဖြဲ႕အား ရဲတပ္ဖြဲ႕မွ ပစ္ခတ္ဖမ္းဆီးရာ(၂)ဦးေသဆုံး၍ (၂)ဦးအား အရွင္ဖမ္းဆီးရမိ
Pearl (NP News) - စက္တင္ဘာ ၂၃
ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕တြင္ ဓားျပအဖြဲ႕အား ရဲတပ္ဖြဲ႕မွ ပစ္ခတ္ဖမ္းဆီးရာ (၂)ဦးေသဆုံး၍ (၂)ဦးအား အရွင္ဖမ္းဆီးရမိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၂၃ရက္) ၊ နံနက္(၆)နာရီအခ်ိန္ခန႔္တြင္ မူဆယ္ၿမိဳ႕၊ မန႔္ဝိန္ရပ္ကြက္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ဓားျပအဖြဲ႕ဝင္(၅)ဦးသည္ အဆိုပါရပ္ကြက္မွ ကားတစ္စီးအား လုယက္လာစဥ္ လွည့္ကင္းပတ္ေနေသာ ရဲတပ္ဖြဲ႕ဝင္ကားႏွင့္ေတြ႕ဆုံကာ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"ရပ္ကြက္ထဲက ကားလုသြားတာ။ လွည့္ကင္းကားနဲ႔တိုးေတာ့ အျပန္အလွန္ပစ္ခတ္မႈျဖစ္တယ္။ (၂)ဦးအရွင္ဖမ္းမိတယ္။ (၂)ဦးအေသဖမ္းမိတယ္။ (၁)ဦးလြတ္သြားတယ္။ ကားေပၚမွာလည္း ေသနတ္(၂) လက္မိတယ္လို႔ၾကားတယ္"ဟု ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္တြင္ ဓားျပအဖြဲ႕ဝင္(၂)ဦးအား ေသဆုံးလ်က္ဖမ္းဆီးရမိခဲ့ၿပီး (၂)ဦးအား အရွင္ဖမ္းဆီးရမိခဲ့ကာက်န္(၁)ဦးမွာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ကားအတြင္းမွ ေသနတ္(၂)လက္သိမ္းဆည္းရမိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္တစ္ဦးတြင္ လက္ေမာင္း၌ က်ည္ရွပ္ထိဒဏ္ရာ အနည္းငယ္ရရွိသြားေၾကာင္း သိရသည္။