မော်ရိုကိုနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း(၃)သန်းနီးပါး ငလျင်ဒဏ်ခံစားခဲ့ရဟုဆို

1217
Pika (NP News) - စက်တင်ဘာ ၂၃
မော်ရိုကိုနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းအား(၇)မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် High Atlas တောင်တန်းဒေသများတွင် ရွာပေါင်း(၂၉၃၀) ပျက်စီးခဲ့ပြီး လူပေါင်း(၂ ဒသမ ၈)သန်းခန့် ငလျင်ဘေးသင့်ခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Faouzi Lekjaa က ထုတ်ဖော်ပြောဆိုခဲ့သည်။

မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာလ(၈)ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း(၂၉၀၀)ကျော် သေဆုံးခဲ့ပြီး အများစုမှာ သွားလာရခက်ခဲသော တောင်ပေါ်ဒေသများတွင်ဖြစ်ကြောင်းသိရသည်။ အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်ပေါင်း(၅၉၆၇၄)လုံးပျက်စီးခဲ့ပြီး ၎င်းတို့အားလုံးအနက် (၃၇)ရာခိုင်နှုန်းမှာ လုံးဝပြိုကျပျက်စီးသွားခဲ့ကြောင်း Faouzi Lekjaa ကပြောကြားခဲ့သည်။ မော်ရိုကိုအစိုးရသည် ငလျင်ဒဏ်သင့် အိမ်ထောင်စုများကို တစ်နှစ်တာအတွက် လစဉ်ထောက်ပံ့ငွေအဖြစ် မော်ရိုကိုနိုင်သုံး ငွေကြေး dirham(၂၅၀၀)၊ လုံးဝပြိုကျပျက်စီးသွားသော အိမ်များအတွက် ထောက်ပံ့ငွေ dirham (၁၄၀၀၀၀)နှင့် အနည်းငယ်ထိခိုက်ပျက်စီးသွားသော နေအိမ်ပိုင်ဆိုင်သူများအတွက် dirham (၈၀၀၀၀)ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မော်ရိုကိုနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရှေးဟောင်း နှင့် ဘာသာရေးအဆောက်အဦးများ၊အထင်ကရ အဆောက်အဦးများနှင့် နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ မော်ရိုကိုအစိုးရသည် အခြေခံအဆောက်အဦးများ အဆင့်မြှင့်တင်မှုအပါအဝင် ပြန်လည်တည်ဆောက်ရေးအစီအစဉ်များအတွက် dirham(၁၂၀)ဘီလျံ သုံးစွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။ မော်ရိုကိုနိုင်ငံရှိ ငလျင်ဘေးဒဏ်သင့်ဒေသများသည် အဆင်းရဲဆုံးဒေသများဖြစ်ပြီး ဝေးလံခေါင်သီသော နေရာများတွင်ရှိသည့် ကျေးရွာအများအပြားတွင် လမ်းများပျက်စီးခြင်းနှင့် အကူအညီများ မရရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်းသိရသည်။

zawgyi version
ေမာ္႐ိုကိုႏိုင္ငံတြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ လူေပါင္း(၃)သန္းနီးပါး ငလ်င္ဒဏ္ခံစားခဲ့ရဟုဆို
Pika (NP News) - စက္တင္ဘာ ၂၃
ေမာ္႐ိုကိုႏိုင္ငံတြင္ လႈပ္ခတ္ခဲ့ေသာ ျပင္းအား(၇)မဂၢနီက်ဳအဆင့္ရွိ ငလ်င္ေၾကာင့္ High Atlas ေတာင္တန္းေဒသမ်ားတြင္ ႐ြာေပါင္း(၂၉၃၀) ပ်က္စီးခဲ့ၿပီး လူေပါင္း(၂ ဒသမ ၈)သန္းခန႔္ ငလ်င္ေဘးသင့္ခဲ့ေၾကာင္း ေမာ္႐ိုကိုႏိုင္ငံ ဘ႑ာေရးဝန္ႀကီး Faouzi Lekjaa က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ေမာ္႐ိုကိုႏိုင္ငံတြင္ စက္တင္ဘာလ(၈)ရက္က လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ လူေပါင္း(၂၉၀၀)ေက်ာ္ ေသဆုံးခဲ့ၿပီး အမ်ားစုမွာ သြားလာရခက္ခဲေသာ ေတာင္ေပၚေဒသမ်ားတြင္ျဖစ္ေၾကာင္းသိရသည္။ အဆိုပါငလ်င္လႈပ္ခတ္မႈေၾကာင့္ ေနအိမ္ေပါင္း(၅၉၆၇၄)လုံးပ်က္စီးခဲ့ၿပီး ၎တို႔အားလုံးအနက္ (၃၇)ရာခိုင္ႏႈန္းမွာ လုံးဝၿပိဳက်ပ်က္စီးသြားခဲ့ေၾကာင္း Faouzi Lekjaa ကေျပာၾကားခဲ့သည္။ ေမာ္႐ိုကိုအစိုးရသည္ ငလ်င္ဒဏ္သင့္ အိမ္ေထာင္စုမ်ားကို တစ္ႏွစ္တာအတြက္ လစဥ္ေထာက္ပံ့ေငြအျဖစ္ ေမာ္႐ိုကိုႏိုင္သုံး ေငြေၾကး dirham(၂၅၀၀)၊ လုံးဝၿပိဳက်ပ်က္စီးသြားေသာ အိမ္မ်ားအတြက္ ေထာက္ပံ့ေငြ dirham (၁၄၀၀၀၀)ႏွင့္ အနည္းငယ္ထိခိုက္ပ်က္စီးသြားေသာ ေနအိမ္ပိုင္ဆိုင္သူမ်ားအတြက္ dirham (၈၀၀၀၀)ေပးအပ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ေမာ္႐ိုကိုႏိုင္ငံတြင္ လႈပ္ခတ္ခဲ့ေသာ ငလ်င္ေၾကာင့္ ေရွးေဟာင္း ႏွင့္ ဘာသာေရးအေဆာက္အဦးမ်ား၊အထင္ကရ အေဆာက္အဦးမ်ားႏွင့္ ေနအိမ္အမ်ားအျပား ပ်က္စီးခဲ့ေၾကာင္းလည္း သိရသည္။ ေမာ္႐ိုကိုအစိုးရသည္ အေျခခံအေဆာက္အဦးမ်ား အဆင့္ျမႇင့္တင္မႈအပါအဝင္ ျပန္လည္တည္ေဆာက္ေရးအစီအစဥ္မ်ားအတြက္ dirham(၁၂၀)ဘီလ်ံ သုံးစြဲသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။ ေမာ္႐ိုကိုႏိုင္ငံရွိ ငလ်င္ေဘးဒဏ္သင့္ေဒသမ်ားသည္ အဆင္းရဲဆုံးေဒသမ်ားျဖစ္ၿပီး ေဝးလံေခါင္သီေသာ ေနရာမ်ားတြင္ရွိသည့္ ေက်း႐ြာအမ်ားအျပားတြင္ လမ္းမ်ားပ်က္စီးျခင္းႏွင့္ အကူအညီမ်ား မရရွိျခင္းတို႔ကို ႀကဳံေတြ႕ေနရေၾကာင္းသိရသည္။