ပြည်ပရောက်မြန်မာနိုင်ငံသားများရရှိသည့် ဝင်ငွေပေါ် အခွန်စည်းကြပ်မည့်ဥပဒေကို နစက ပြင်ဆင်ပြဋ္ဌာန်း

7809
NP News - စက်တင်ဘာ ၂၃
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သတ်မှတ်ချက် ထွက်ပေါ်လာပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများ ရရှိသည့် ဝင်ငွေအပေါ်အခွန် စည်းကြပ်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပနေမြန်မာနိုင်ငံသားများကို လစာမဟုတ်သည့် ဝင်ငွေများမှ (၁၀)ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို မပြောင်းလဲဘဲ ယခင်အတိုင်းသတ်မှတ်ထားသော်လည်း လစာဖြင့် အလုပ်လုပ်သူများကို စတင် အခွန်ကောက်ခံမည်ဖြစ်သည်။
အဆိုပါ ပြင်ဆင်သည့် ဥပဒေကို နစကမှ ယနေ့ (စက်တင်ဘာလ ၂၃ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများ တွင် အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ဝင်ငွေခွန်ဥပဒေအရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ဝင်ငွေခေါင်းစဉ်များအနက် လစာမှအပ ပြည်ပနေနိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိ သည့် စုစုပေါင်းဝင်ငွေအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုး အစားဖြင့် (၁ဝ)ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်မည်ဖြစ် ကြောင်း ပြင်ဆင်ပြဋ္ဌာန်းထားသည်။
ထို့အတူ ပြည်ပနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းလစာငွေအပေါ်တွင်လည်း နည်းလမ်းနှစ်ရပ်အနက် နည်းရာကျသင့်အခွန်ကို ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် စည်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နည်းလမ်းနှစ်ရပ်တွင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး တွက်ချက်၍ စည်းကြပ်ခြင်း နှင့် သက်သာခွင့်များနုတ်ပယ်ခြင်းမပြုဘဲ (၂) ရာခိုင်နှုန်းဖြင့် တွက်ချက်၍ စည်းကြပ်ခြင်းတို့ ပါဝင် ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမည်ဖြစ်၍ ပြည်ပနေနိုင်ငံသားများ၏ ဝင်ငွေအပေါ် နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန်စည်း ကြပ်မှုသည် အောက်တိုဘာလမှ စတင်မည်ဖြစ်သည်။
ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ပေးဆောင်ရသည့်ဝင်ငွေခွန်ကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုခဲ့ဖူးပြီး လက်ရှိအချိန်တွင် ပြန်လည်ကောက်ခံခြင်းဖြစ်သည်။
zawgyi version
ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားရရွိသည့္ ဝင္ေငြေပၚ အခြန္စည္းၾကပ္မည့္ဥပေဒကို နစက ျပင္ဆင္ျပ႒ာန္း
NP News - စက္တင္ဘာ ၂၃
၂၀၂၃ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒကို ျပင္ဆင္သတ္မွတ္ခ်က္ ထြက္ေပၚလာၿပီး ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ား ရရွိသည့္ ဝင္ေငြအေပၚအခြန္ စည္းၾကပ္မည္ျဖစ္ေၾကာင္း သိရသည္။
ျပည္ပေနျမန္မာႏိုင္ငံသားမ်ားကို လစာမဟုတ္သည့္ ဝင္ေငြမ်ားမွ (၁၀)ရာခိုင္ႏႈန္း အခြန္ေကာက္ခံမႈကို မေျပာင္းလဲဘဲ ယခင္အတိုင္းသတ္မွတ္ထားေသာ္လည္း လစာျဖင့္ အလုပ္လုပ္သူမ်ားကို စတင္ အခြန္ေကာက္ခံမည္ျဖစ္သည္။
အဆိုပါ ျပင္ဆင္သည့္ ဥပေဒကို နစကမွ ယေန႔ (စက္တင္ဘာလ ၂၃ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ား တြင္ အသိေပးထုတ္ျပန္လိုက္ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ဝင္ေငြခြန္ဥပေဒအရ သက္သာခြင့္မ်ား ႏုတ္ ပယ္ျခင္းမျပဳဘဲ ဝင္ေငြေခါင္းစဥ္မ်ားအနက္ လစာမွအပ ျပည္ပေန ႏိုင္ငံသား၏ ႏိုင္ငံျခားေငြျဖင့္ ျပည္ပတြင္ရရွိ သည့္ စုစုေပါင္းဝင္ေငြအေပၚရရွိသည့္ ႏိုင္ငံျခားေငြအမ်ိဳး အစားျဖင့္ (၁ဝ)ရာခိုင္ႏႈန္း ဝင္ေငြခြန္စည္းၾကပ္မည္ျဖစ္ ေၾကာင္း ျပင္ဆင္ျပ႒ာန္းထားသည္။
ထို႔အတူ ျပည္ပေန ႏိုင္ငံသား၏ ႏိုင္ငံျခားေငြျဖင့္ ျပည္ပတြင္ရရွိသည့္ စုစုေပါင္းလစာေငြအေပၚတြင္လည္း နည္းလမ္းႏွစ္ရပ္အနက္ နည္းရာက်သင့္အခြန္းကို ရရွိသည့္ ႏိုင္ငံျခားေငြအမ်ိဳးအစားျဖင့္ စည္းၾကပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ နည္းလမ္းႏွစ္ရပ္တြင္ ဝင္ေငြခြန္ဥပေဒပုဒ္မ ၆ အရ သက္သာခြင့္မ်ားႏုတ္ပယ္ၿပီး တြက္ခ်က္၍ စည္း ၾကပ္ျခင္း ႏွင့္ သက္သာခြင့္မ်ားႏုတ္ပယ္ျခင္းမျပဳဘဲ (၂) ရာခိုင္ႏႈန္းျဖင့္ တြက္ခ်က္၍ စည္းၾကပ္ျခင္းတို႔ ပါဝင္ ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္၊ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒကို ျပင္ဆင္သည့္ဥပေဒသည္ ၂၀၂၃ ခုႏွစ္၊ ေအာက္တို ဘာလ ၁ ရက္မွ ၂၀၂၄ ခုႏွစ္၊ မတ္လ ၃၁ ရက္အထိ အက်ိဳးသက္ေရာက္ေစရမည္ျဖစ္၍ ျပည္ပေနႏိုင္ငံသားမ်ား၏ ဝင္ေငြအေပၚ ႏိုင္ငံျခားေငြျဖင့္ ဝင္ေငြခြန္စည္း ၾကပ္မႈသည္ ေအာက္တိုဘာလမွ စတင္မည္ျဖစ္သည္။
ျပည္ပေနႏိုင္ငံသားမ်ားက ႏိုင္ငံျခားေငြျဖင့္ ေပးေဆာင္ရသည့္ဝင္ေငြခြန္ကို ယခင္ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၂ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္မွစတင္၍ ကင္းလြတ္ခြင့္ျပဳခဲ့ဖူးၿပီး လက္ရွိအခ်ိန္တြင္ ျပန္လည္ေကာက္ခံျခင္းျဖစ္သည္။