အမေရိကန်က ယူကရိန်းထံ တာဝေးပစ် ATACMS ဒုံးကျည်များ ပေးအပ်မည်

1821
Htay Oung (NP News) - စက်တင်ဘာ ၂၃
ကိယက်ဗ်ရဲ့ လက်ရှိ တန်ပြန်ထိုးစစ်ဆင်ရာမှာ အကူအညီပေးဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းထံ အဆင့်မြင့် တာဝေးပစ်ဒုံးကျည်တွေ ပေးအပ်သွားဖို့ စီစဉ်နေကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြနေကြတယ်လို့ BBC က ယနေ့ (စက်တင်ဘာလ ၂၃ ရက်)မှာ ရေးသားပါတယ်။

မိုင် ၁၉၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည်အချို့ကို ယူကရိန်းက ရရှိမှာဖြစ်ကြောင်း အဲဒီကိစ္စအကြောင်း သိရှိသူအမေရိကန်အရာရှိများကို ကိုးကားပြီး ဖော်ပြကြခြင်းဖြစ်ပါတယ်။
အဲ့ဒီ ဒုံးကျည်တွေကိုသာ ရရှိသွားခဲ့လျှင် ယူကရိန်းအနေနဲ့ ရုရှားရဲ့ ရှေ့တန်းနောက်မှာ ရှိနေတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်တော့မှာဖြစ်ပါတယ်။
ယခုလို သတင်းများ ထွက်ပေါ်နေစဉ် မော်စကို သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်စုဌာနချုပ်ကို သောကြာနေ့မှာ ယူကရိန်း ဒုံးကျည်တစ်စင်းထက်မနည်း ထိမှန်ခဲ့ကြောင်း သိရှိရတယ်။
ဗြိတိန်နဲ့ ပြင်သစ်တို့က ထောက်ပံ့ပေးထားတဲ့ “စတောင်းမ်_ရှဲဒိုး“ ဒုံးကျည်တွေကို အသုံးပြုပြီး ဆီဗက်စတိုပိုလ် ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကိယက်ဗ်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုခြင်းဟာ ယူကရိန်းအတွက် အနောက်နိုင်ငံထုတ် လက်နက်တွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြသလို ရှိနေပါတယ်။
အဲဒါကလည်း အကွာအဝေး မိုင် ၁၅၀ ကျော် ပျံသန်းနိုင်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ယုံသာ ရှိပါသေးတယ်။
သူ့ရဲ့ ပြင်းထန်တဲ့ တန်ပြန်ထိုးစစ်ကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ATACMS ဒုံးကျည်များ ရရှိလိုကြောင်း ယူကရိန်းက နားပူနားဆာ လုပ်နေခဲ့တာ လပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ကိယက်ဗ်ကို ATACMS ( ကြည်းတပ်သုံး နည်းဗျူဟာမြောက် မစ်ဆိုင်းစနစ်) ဒုံးကျည် အနည်းငယ်ကို ပေးအပ်မှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်စကီးကို သမ္မတဘိုင်ဒန်က ပြောပြလိုက်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများကို ကိုးကားပြီး “အင်န်ဘီစီသတင်းအေဂျင်စီ“ နဲ့ “ဝေါလ်စထရိဂျာနယ်“ တို့က ရေးသားကြပါတယ်။
ဒီအတွက် လာမယ့် ကြာသပတေးနေ့ အိမ်ဖြူတော်မှာ အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံကြမှာ ဖြစ်ကြောင်း၊ လက်နက်များကိုတော့ လာမယ့် ရက်သတ္တပတ်များအတွင်း ပေးပို့မှာ ဖြစ်တယ်လို့ ဝေါလ်စထရိကပဲ ထပ်မံ ဖော်ပြပါတယ်။
တစ်ချိန်တည်းမှာပဲ အဲဒီ ATACMS လက်နက်တွေမှာ ထိပ်ဖူးတစ်ခုတည်း မဟုတ်ဘဲ ထပ်ဆင့်ပေါက်ကွဲပြီး အစုအပုံလိုက် ထိမှန်စေတတ်တဲ့ ကလပ်စတာဗုံးသီးများကို တပ်ဆင်ပေးဖို့ ယူကရိန်းနဲ့ ဆွေးနွေးနေကြောင်း ဒီကိစ္စအကြောင်း သိရှိသူ အများအပြားကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြပါတယ်။
အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်များကို ဝါရှင်တန်ရော ယူကရိန်းတို့ကပါ တရားဝင် အတည်ပြုခြင်း မရှိသေးပါဘူး။
သမ္မတနှစ်ဦးတို့ရဲ့ဆွေးနွေးပွဲအပြီး ယူကရိန်းအတွက် အဝေးပစ်လက်နက်ကြီးများနဲ့ ခဲယမ်းမီးကျောက်များ အပါအဝင် စစ်ရေးအကူအညီ ဒေါ်လာ ၃၂၅ သန်းကို ပေးအပ်မှာ ဖြစ်ကြောင်း ဝါရှင်တန်က ကြေညာပါတယ်။ အမေရိကန်လုပ် “အေဗရမ်“ တင့်ကားများကိုတော့ လာမယ့် သီတင်းပတ်မှာ ပို့ဆောင်ပေးပါလိမ့်မယ်။
သို့သော်လည်း ATACMS ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သမ္မတနှစ်ဦးစလုံးက စကားလမ်းကြောင်း လွှဲနေခဲ့ပါတယ်။
မနေ့က သမ္မတဘိုင်ဒင်နဲ့ ဆွေးနွေးခဲ့ရာမှာ အများစုအတွက် သဘောတူညီချက်တစ်ခု ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ ဇီလင်းစကီးက သောကြာနေ့မှာ ပြောပါတယ်။ အဲ့ဒါက အချိန်ကာလ တစ်ခုအတွက်ပဲဖြစ်ပြီး အရာအားလုံးက ယူကရိန်းပေါ်မှာ မူတည်နေခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
တောင်ပိုင်းရှိ ရုရှားရဲ့ အဓိကရုရှားထောက်ပံ့ရေးလိုင်းများ၊ ကွပ်ကဲမှုနေရာများနဲ့ ရှေ့တန်းနောက်ကွယ်ရှိ အခြား ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာများကို လက်ရှိ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်းမှ မောင်းထုတ်ပစ်နိုင်ဖို့ ATACMS ကို လိုအပ်ကြောင်း၊ မော်စကိုအနေနဲ့ တပ်အင်အားနဲ့ လက်နက်များကို ပြန်လည် ဖြည့်တင်းဖို့ ပိုမိုအခက်တွေ့စေလိမ့်မယ်လို့ ဇီလင်စကီးက တကျီကျီ လုပ်နေခဲ့ပါတယ်။
အဲဒီ လက်နက်သာ ရရှိခဲ့လျှင် ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် ယူကရိန်းတောင်ပိုင်းကို သိမ်းပိုက်ပြီး နေရာယူထားတဲ့ ရုရှားကို အထူးတလည် အထိနာစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ခဲ့ပြီး အစပိုင်းမှာ ဘိုင်ဒင်အစိုးရအနေနဲ့ ကိယက်ဗ်ကို ခေတ်မီလက်နက်များ ပေးအပ်ဖို့ ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့် ရွေ့ပြောင်းနိုင်စွမ်း အလွန်လွယ်တကူပြီး တိကျမှု မြင့်မားတဲ့ MIMARS ရော့ကက်စနစ်များနဲ့ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များကို ပေးပို့ခြင်းဖြင့် သွေးတိုးစမ်းပြီးတဲ့ နောက်မှာတော့ အမေရိ ကန်ရဲ့ ရပ်တည်ချက်ဟာ အထင်အရှား ပြောင်းလဲလာခဲ့ပါတယ်။
သို့တိုင်အောင် သမ္မတဘိုင်ဒင်အနေနဲ့ ATACMS များ ပေးပို့မှုနဲ့ ပတ်သက်ပြီး (နောက်ဆုံးအချိန်ထိ) ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီ ဒုံးကျည်ကိစ္စဟာ နျူကလီယာလက်နက်ပိုင် ရုရှားနဲ့ ထိပ်တိုက်တွေ့မှု ပိုမိုနီးကပ်လာမှာကို စိုးရိမ်မှုများ ရှိနေပါတယ်။
ဖင်လန်နိုင်ငံ အလယ်ပိုင်း နေတိုးစစ်စာချုပ်အဖွဲ့၀င်နိုင်ငံများရဲ့ စစ်ရေးလေ့ကျင့်စဉ်အတွင်း အမေရိကန်လုပ် F-35A ဂျက်တိုက်လေယာဉ်နှစ်စင်းတို့က အဝေးပြေးလမ်းမပေါ်မှာ ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့ပုံ ဗွီဒီယိုဖိုင်ကို နော်ဝေးတော်၀င်လေတပ်က ထုတ်ပြန်လိုက်တယ်လို့ Reuters က ယမန်နေ့(စက်တင်ဘာလ ၂၂ ရက်) ရေးသားပါတယ်။
စစ်မက်ဖြစ်ပွားချိန် မြေပြင်ဆင်းသက်ခြင်း စစ်ရေးလေ့ကျင့်မှုအဖြစ် ဖင်လန်နိုင်ငံအလယ်ပိုင်း ထရာဗိုဒေသမှာ ကြာသပတေးနေ့မွန်းလွဲပိုင်းက ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ဆင်းသက် ပြီးလျှင်ပြီးချင်း အင်ဂျင်များ လည်ပတ်နေဆဲ တိုက်လေယာဉ်တွေကို လောင်စာဆီ ပြန်လည် ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ လေယာဉ်ကွင်းငယ်တွေမှာ ဆင်းသက်နိုင်စွမ်း အကန့်အသတ်ရှိတဲ့ ဂျက်လေယာဉ်များအတွက် အဝေးပြေးလမ်းမကြီးတွေကို အသုံးပြုနိုင်ခြင်းဖြင့် လေတပ်မတော်ရဲ့ စွမ်းရည်ကို မြှင့်တင်နိုင်ခဲ့ကြောင်း နော်ဝေးစစ်ဘက်က ပြောဆိုပါတယ်။ F-35 အမျိုးအစားများဖြစ်တဲ့ F-35B ဟာ ယခင်က လမ်းများပေါ်မှာ ဆင်းသက်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် ဒေါင်လိုက်ဆင်းသက်ခြင်း မပြုနိုင်တဲ့ F-35A ဂျက်လေယာဉ်အတွက် ပထမဆုံးမြင်ကွင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ နေတိုးအဖွဲ့၀င်ဖြစ်လာတဲ့ ဖင်လန်နိုင်ငံဟာ ရုရှားနဲ့၈၁၀ မိုင်ခန့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နော်ဝေကတော့ နေတိုးစစ်စာချုပ် မဟာမိတ်အဖွဲ့ကို စတင်တည်ထောင်သူဖြစ်ပါတယ်။
(BBC., 23 September 2023,” Ukraine war: US to give Kyiv long-range ATACMS missiles - media reports” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အေမရိကန္က ယူကရိန္းထံ တာေဝးပစ္ ATACMS ဒုံးက်ည္မ်ား ေပးအပ္မည္
Htay Oung (NP News) - စက္တင္ဘာ ၂၃
ကိယက္ဗ္ရဲ႕ လက္ရွိ တန္ျပန္ထိုးစစ္ဆင္ရာမွာ အကူအညီေပးဖို႔အတြက္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ယူကရိန္းထံ အဆင့္ျမင့္ တာေဝးပစ္ဒုံးက်ည္ေတြ ေပးအပ္သြားဖို႔ စီစဥ္ေနေၾကာင္း အေမရိကန္မီဒီယာေတြက ေဖာ္ျပေနၾကတယ္လို႔ BBC က ယေန႔ (စက္တင္ဘာလ ၂၃ ရက္)မွာ ေရးသားပါတယ္။
မိုင္ ၁၉၀ အကြာအေဝးအထိ ပစ္ခတ္ႏိုင္တဲ့ ATACMS ဒုံးက်ည္အခ်ိဳ႕ကို ယူကရိန္းက ရရွိမွာျဖစ္ေၾကာင္း အဲဒီကိစၥအေၾကာင္း သိရွိသူအေမရိကန္အရာရွိမ်ားကို ကိုးကားၿပီး ေဖာ္ျပၾကျခင္းျဖစ္ပါတယ္။
အဲ့ဒီ ဒုံးက်ည္ေတြကိုသာ ရရွိသြားခဲ့လွ်င္ ယူကရိန္းအေနနဲ႔ ႐ုရွားရဲ႕ ေရွ႕တန္းေနာက္မွာ ရွိေနတဲ့ ပစ္မွတ္ေတြကို ထိမွန္ေအာင္ ပစ္ခတ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။
ယခုလို သတင္းမ်ား ထြက္ေပၚေနစဥ္ ေမာ္စကို သိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ႐ုရွားရဲ႕ ပင္လယ္နက္ေရယာဥ္စုဌာနခ်ဳပ္ကို ေသာၾကာေန႔မွာ ယူကရိန္း ဒုံးက်ည္တစ္စင္းထက္မနည္း ထိမွန္ခဲ့ေၾကာင္း သိရွိရတယ္။
ၿဗိတိန္နဲ႔ ျပင္သစ္တို႔က ေထာက္ပံ့ေပးထားတဲ့ “စေတာင္းမ္_ရွဲဒိုး“ ဒုံးက်ည္ေတြကို အသုံးျပဳၿပီး ဆီဗက္စတိုပိုလ္ ဆိပ္ကမ္းကို တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ကိယက္ဗ္စစ္ဘက္သတင္းရင္းျမစ္တစ္ခုက ေျပာဆိုျခင္းဟာ ယူကရိန္းအတြက္ အေနာက္ႏိုင္ငံထုတ္ လက္နက္ေတြရဲ႕ အေရးပါမႈကို မီးေမာင္းထိုးျပသလို ရွိေနပါတယ္။
အဲဒါကလည္း အကြာအေဝး မိုင္ ၁၅၀ ေက်ာ္ ပ်ံသန္းႏိုင္တဲ့ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ယုံသာ ရွိပါေသးတယ္။
သူ႔ရဲ႕ ျပင္းထန္တဲ့ တန္ျပန္ထိုးစစ္ကို အရွိန္ျမႇင့္တင္ႏိုင္ဖို႔အတြက္ ATACMS ဒုံးက်ည္မ်ား ရရွိလိုေၾကာင္း ယူကရိန္းက နားပူနားဆာ လုပ္ေနခဲ့တာ လေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ပါၿပီ။ ကိယက္ဗ္ကို ATACMS ( ၾကည္းတပ္သုံး နည္းဗ်ဴဟာေျမာက္ မစ္ဆိုင္းစနစ္) ဒုံးက်ည္ အနည္းငယ္ကို ေပးအပ္မွာ ျဖစ္တယ္လို႔ ယူကရိန္းသမၼတ ဗိုလိုဒီျမာဇီလန္စကီးကို သမၼတဘိုင္ဒန္က ေျပာျပလိုက္ေၾကာင္း အမည္မေဖာ္လိုသူ အေမရိကန္အရာရွိမ်ားကို ကိုးကားၿပီး “အင္န္ဘီစီသတင္းေအဂ်င္စီ“ နဲ႔ “ေဝါလ္စထရိဂ်ာနယ္“ တို႔က ေရးသားၾကပါတယ္။
ဒီအတြက္ လာမယ့္ ၾကာသပေတးေန႔ အိမ္ျဖဴေတာ္မွာ အေမရိကန္နဲ႔ ယူကရိန္းသမၼတတို႔ ေတြ႕ဆုံၾကမွာ ျဖစ္ေၾကာင္း၊ လက္နက္မ်ားကိုေတာ့ လာမယ့္ ရက္သတၱပတ္မ်ားအတြင္း ေပးပို႔မွာ ျဖစ္တယ္လို႔ ေဝါလ္စထရိကပဲ ထပ္မံ ေဖာ္ျပပါတယ္။
တစ္ခ်ိန္တည္းမွာပဲ အဲဒီ ATACMS လက္နက္ေတြမွာ ထိပ္ဖူးတစ္ခုတည္း မဟုတ္ဘဲ ထပ္ဆင့္ေပါက္ကြဲၿပီး အစုအပုံလိုက္ ထိမွန္ေစတတ္တဲ့ ကလပ္စတာဗုံးသီးမ်ားကို တပ္ဆင္ေပးဖို႔ ယူကရိန္းနဲ႔ ေဆြးေႏြးေနေၾကာင္း ဒီကိစၥအေၾကာင္း သိရွိသူ အမ်ားအျပားကို ကိုးကားၿပီး ဝါရွင္တန္ပို႔စ္က ေဖာ္ျပပါတယ္။
အေမရိကန္မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္မ်ားကို ဝါရွင္တန္ေရာ ယူကရိန္းတို႔ကပါ တရားဝင္ အတည္ျပဳျခင္း မရွိေသးပါဘူး။
သမၼတႏွစ္ဦးတို႔ရဲ႕ေဆြးေႏြးပြဲအၿပီး ယူကရိန္းအတြက္ အေဝးပစ္လက္နက္ႀကီးမ်ားနဲ႔ ခဲယမ္းမီးေက်ာက္မ်ား အပါအဝင္ စစ္ေရးအကူအညီ ေဒၚလာ ၃၂၅ သန္းကို ေပးအပ္မွာ ျဖစ္ေၾကာင္း ဝါရွင္တန္က ေၾကညာပါတယ္။ အေမရိကန္လုပ္ “ေအဗရမ္“ တင့္ကားမ်ားကိုေတာ့ လာမယ့္ သီတင္းပတ္မွာ ပို႔ေဆာင္ေပးပါလိမ့္မယ္။
သို႔ေသာ္လည္း ATACMS ကိစၥနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ သမၼတႏွစ္ဦးစလုံးက စကားလမ္းေၾကာင္း လႊဲေနခဲ့ပါတယ္။
မေန႔က သမၼတဘိုင္ဒင္နဲ႔ ေဆြးေႏြးခဲ့ရာမွာ အမ်ားစုအတြက္ သေဘာတူညီခ်က္တစ္ခု ရရွိႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ကေနဒါႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ဇီလင္းစကီးက ေသာၾကာေန႔မွာ ေျပာပါတယ္။ အဲ့ဒါက အခ်ိန္ကာလ တစ္ခုအတြက္ပဲျဖစ္ၿပီး အရာအားလုံးက ယူကရိန္းေပၚမွာ မူတည္ေနျခင္း မရွိဘူးလို႔လည္း ဆိုပါတယ္။
ေတာင္ပိုင္းရွိ ႐ုရွားရဲ႕ အဓိက႐ုရွားေထာက္ပံ့ေရးလိုင္းမ်ား၊ ကြပ္ကဲမႈေနရာမ်ားနဲ႔ ေရွ႕တန္းေနာက္ကြယ္ရွိ အျခား ေထာက္ပံ့ပို႔ေဆာင္ေရး အခ်က္အခ်ာေနရာမ်ားကို လက္ရွိ တိုက္ခိုက္ႏိုင္တဲ့ အကြာအေဝးအတြင္းမွ ေမာင္းထုတ္ပစ္ႏိုင္ဖို႔ ATACMS ကို လိုအပ္ေၾကာင္း၊ ေမာ္စကိုအေနနဲ႔ တပ္အင္အားနဲ႔ လက္နက္မ်ားကို ျပန္လည္ ျဖည့္တင္းဖို႔ ပိုမိုအခက္ေတြ႕ေစလိမ့္မယ္လို႔ ဇီလင္စကီးက တက်ီက်ီ လုပ္ေနခဲ့ပါတယ္။
အဲဒီ လက္နက္သာ ရရွိခဲ့လွ်င္ ခ႐ိုင္းမီးယားကြၽန္းဆြယ္အပါအဝင္ ယူကရိန္းေတာင္ပိုင္းကို သိမ္းပိုက္ၿပီး ေနရာယူထားတဲ့ ႐ုရွားကို အထူးတလည္ အထိနာေစလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွားသမၼတ ဗလာဒီမာပူတင္က ယူကရိန္းကို အလုံးစုံက်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီး အစပိုင္းမွာ ဘိုင္ဒင္အစိုးရအေနနဲ႔ ကိယက္ဗ္ကို ေခတ္မီလက္နက္မ်ား ေပးအပ္ဖို႔ ခ်ီတုံခ်တုံ ျဖစ္ေနခဲ့ပါတယ္။
ဒါေပမယ့္ ေ႐ြ႕ေျပာင္းႏိုင္စြမ္း အလြန္လြယ္တကူၿပီး တိက်မႈ ျမင့္မားတဲ့ MIMARS ေရာ့ကက္စနစ္မ်ားနဲ႔ ပက္ထရီေယာ့ ေလေၾကာင္းရန္ကာကြယ္ေရး ဒုံးက်ည္မ်ားကို ေပးပို႔ျခင္းျဖင့္ ေသြးတိုးစမ္းၿပီးတဲ့ ေနာက္မွာေတာ့ အေမရိ ကန္ရဲ႕ ရပ္တည္ခ်က္ဟာ အထင္အရွား ေျပာင္းလဲလာခဲ့ပါတယ္။
သို႔တိုင္ေအာင္ သမၼတဘိုင္ဒင္အေနနဲ႔ ATACMS မ်ား ေပးပို႔မႈနဲ႔ ပတ္သက္ၿပီး (ေနာက္ဆုံးအခ်ိန္ထိ) ခ်ီတုံခ်တုံ ျဖစ္ေနခဲ့ပါတယ္။ အဲ့ဒီ ဒုံးက်ည္ကိစၥဟာ န်ဴကလီယာလက္နက္ပိုင္ ႐ုရွားနဲ႔ ထိပ္တိုက္ေတြ႕မႈ ပိုမိုနီးကပ္လာမွာကို စိုးရိမ္မႈမ်ား ရွိေနပါတယ္။
ဖင္လန္ႏိုင္ငံ အလယ္ပိုင္း ေနတိုးစစ္စာခ်ဳပ္အဖြဲ႕၀င္ႏိုင္ငံမ်ားရဲ႕ စစ္ေရးေလ့က်င့္စဥ္အတြင္း အေမရိကန္လုပ္ F-35A ဂ်က္တိုက္ေလယာဥ္ႏွစ္စင္းတို႔က အေဝးေျပးလမ္းမေပၚမွာ ပထမဆုံးအႀကိမ္ ဆင္းသက္ႏိုင္ခဲ့ပုံ ဗြီဒီယိုဖိုင္ကို ေနာ္ေဝးေတာ္၀င္ေလတပ္က ထုတ္ျပန္လိုက္တယ္လို႔ Reuters က ယမန္ေန႔(စက္တင္ဘာလ ၂၂ ရက္) ေရးသားပါတယ္။
စစ္မက္ျဖစ္ပြားခ်ိန္ ေျမျပင္ဆင္းသက္ျခင္း စစ္ေရးေလ့က်င့္မႈအျဖစ္ ဖင္လန္ႏိုင္ငံအလယ္ပိုင္း ထရာဗိုေဒသမွာ ၾကာသပေတးေန႔မြန္းလြဲပိုင္းက ဆင္းသက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေလယာဥ္ဆင္းသက္ ၿပီးလွ်င္ၿပီးခ်င္း အင္ဂ်င္မ်ား လည္ပတ္ေနဆဲ တိုက္ေလယာဥ္ေတြကို ေလာင္စာဆီ ျပန္လည္ ျဖည့္တင္းေပးႏိုင္ခဲ့ေၾကာင္း၊ ေလယာဥ္ကြင္းငယ္ေတြမွာ ဆင္းသက္ႏိုင္စြမ္း အကန္႔အသတ္ရွိတဲ့ ဂ်က္ေလယာဥ္မ်ားအတြက္ အေဝးေျပးလမ္းမႀကီးေတြကို အသုံးျပဳႏိုင္ျခင္းျဖင့္ ေလတပ္မေတာ္ရဲ႕ စြမ္းရည္ကို ျမႇင့္တင္ႏိုင္ခဲ့ေၾကာင္း ေနာ္ေဝးစစ္ဘက္က ေျပာဆိုပါတယ္။ F-35 အမ်ိဳးအစားမ်ားျဖစ္တဲ့ F-35B ဟာ ယခင္က လမ္းမ်ားေပၚမွာ ဆင္းသက္ႏိုင္ခဲ့ၿပီး ျဖစ္ေပမယ့္ ေဒါင္လိုက္ဆင္းသက္ျခင္း မျပဳႏိုင္တဲ့ F-35A ဂ်က္ေလယာဥ္အတြက္ ပထမဆုံးျမင္ကြင္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလမွာ ေနတိုးအဖြဲ႕၀င္ျဖစ္လာတဲ့ ဖင္လန္ႏိုင္ငံဟာ ႐ုရွားနဲ႔၈၁၀ မိုင္ခန္႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ ေနာ္ေဝကေတာ့ ေနတိုးစစ္စာခ်ဳပ္ မဟာမိတ္အဖြဲ႕ကို စတင္တည္ေထာင္သူျဖစ္ပါတယ္။
(BBC., 23 September 2023,” Ukraine war: US to give Kyiv long-range ATACMS missiles - media reports” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)