ဘီနင်နိုင်ငံမှာ လောင်စာဆီသိုလှောင်ရုံ ပေါက်ကွဲမီးလောင်မှုကြောင့် လူဒါဇင်နဲ့ချီ သေဆုံး

474

ရောင်နီ (NP News) - စက်တင်ဘာ ၂၄
ဘီနင်နိုင်ငံမှာ တရားမဝင် လောင်စာဆီ သိုလှောင်ရုံတစ်ခု မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၃၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
နိုင်ဂျီးရီးယားနယ်စပ်အနီး ဆီမီပိုဒ်ဂျီဒေသမှာ မှောင်ခိုလောင်စာဆီ သိုလှောင်တဲ့ဂိုဒေါင်တစ်ခု စနေနေ့ (စက်တင်ဘာ ၂၃ ရက်) က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးအနားရှိ စတိုးဆိုင်ကိုပါ မီးကူးလောင်ကျွမ်းသွားခဲ့တာကြောင့် ကနဦးစစ်ဆေးမှုအရ ကလေးတစ်ဦး အပါအဝင် လူ ၃၅ ဦး သေဆုံးခဲ့တယ်လို့ အစိုးရရှေ့နေ အက်ဒူဘာကီ အဒမ်ဘွန်ဂ်လီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ ဓါတ်ဆီတွေကို သယ်ယူစဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပေါင်ကွဲမှုကြောင့် အခြားလူ တစ်ဒါဇင်ကျော် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ဆိုပါတယ်။
ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေတဲ့ အဆိုပါပေါက်ကွဲမှုဗီဒီယိုတစ်ခုမှာ အနက်ရောင် မီးခိုးတွေ ကောင်းကင်မှာ ပြန့်နှံ့နေပြီး မီးတောက်တွေပွင့်ထွက်လာတာကို မြင်တွေ့ရပါတယ်။ လောင်စာဆီ မှောင်ခိုရောင်းဝယ်မှုတွေဟာ အဓိကရေနံထုတ်လုပ်သူနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနဲ့ ဘီနင်နယ်စပ်တစ်လျှောက်မှာ အဖြစ်များပါတယ်။ တရားမဝင် သန့်စင်မှုတွေ၊ လောင်စာဆီအမှိုက်ပုံတွေနဲ့ ပိုက်လိုင်းတွေကြား တခါတရံ အခုလိုပေါက်ကွဲမှုတွေဖြစ်တတ်ပါ တယ်။
ပေါက်ကွဲမှုအကြောင်းရင်းကို သိရှိစေဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

Zawgyi Version;
ဘီနင္ႏိုင္ငံမွာ ေလာင္စာဆီသိုေလွာင္႐ုံ ေပါက္ကြဲမီးေလာင္မႈေၾကာင့္ လူဒါဇင္နဲ႔ခ်ီ ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂၄
ဘီနင္ႏိုင္ငံမွာ တရားမဝင္ ေလာင္စာဆီ သိုေလွာင္႐ုံတစ္ခု မီးေလာင္ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး အနည္းဆုံး လူ ၃၅ ဦး ထက္မနည္း ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြနဲ႔ မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
ႏိုင္ဂ်ီးရီးယားနယ္စပ္အနီး ဆီမီပိုဒ္ဂ်ီေဒသမွာ ေမွာင္ခိုေလာင္စာဆီ သိုေလွာင္တဲ့ဂိုေဒါင္တစ္ခု စေနေန႔ (စက္တင္ဘာ ၂၃ ရက္) က မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အနီးအနားရွိ စတိုးဆိုင္ကိုပါ မီးကူးေလာင္ကြၽမ္းသြားခဲ့တာေၾကာင့္ ကနဦးစစ္ေဆးမႈအရ ကေလးတစ္ဦး အပါအဝင္ လူ ၃၅ ဦး ေသဆုံးခဲ့တယ္လို႔ အစိုးရေရွ႕ေန အက္ဒူဘာကီ အဒမ္ဘြန္ဂ္လီက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရ ဓါတ္ဆီေတြကို သယ္ယူစဥ္မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ေပါင္ကြဲမႈေၾကာင့္ အျခားလူ တစ္ဒါဇင္ေက်ာ္ ဒဏ္ရာျပင္းျပင္းထန္ထန္ ရရွိၿပီး ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရေၾကာင္း ၎က ဆိုပါတယ္။
ဆိုရွယ္မီဒီယာေပၚပ်ံ႕ႏွံ႔ေနတဲ့ အဆိုပါေပါက္ကြဲမႈဗီဒီယိုတစ္ခုမွာ အနက္ေရာင္ မီးခိုးေတြ ေကာင္းကင္မွာ ျပန္႔ႏွံ႔ေနၿပီး မီးေတာက္ေတြပြင့္ထြက္လာတာကို ျမင္ေတြ႕ရပါတယ္။ ေလာင္စာဆီ ေမွာင္ခိုေရာင္းဝယ္မႈေတြဟာ အဓိကေရနံထုတ္လုပ္သူႏိုင္ငံျဖစ္တဲ့ ႏိုင္ဂ်ီးရီးယားနဲ႔ ဘီနင္နယ္စပ္တစ္ေလွ်ာက္မွာ အျဖစ္မ်ားပါတယ္။ တရားမဝင္ သန႔္စင္မႈေတြ၊ ေလာင္စာဆီအမႈိက္ပုံေတြနဲ႔ ပိုက္လိုင္းေတြၾကား တခါတရံ အခုလိုေပါက္ကြဲမႈေတြျဖစ္တတ္ပါ တယ္။
ေပါက္ကြဲမႈအေၾကာင္းရင္းကို သိရွိေစဖို႔ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ တရားေရးဝန္ႀကီးဌာနက ေျပာပါတယ္။