တရုတ် နဲ့ တင်းမာမှုများရှိနေချိန်မှာပဲ ဗီယက်နမ်နိုင်ငံကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးဖို့ အမေရိကန်အစိုးရ ကမ်းလှမ်း

 1003

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄

တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဗီယက်နမ်နိုင်ငံကြား အငြင်းပွားမှုတွေ၊ တင်းမာမှုတွေရှိနေချိန်မှာပဲ အမေရိကန်အစိုးရဟာ ဗီယက်နမ်နိုင်ငံကို စစ်လက်နက်ပစ္စည်းများ ရောင်းချပေးဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရ နဲ့ ဗီယက်နမ်အစိုးရတာဝန်ရှိသူတွေဟာ စစ်အေးခေတ်ကာလနောက်ပိုင်း နှစ်နိုင်ငံသမိုင်းမှာ အကြီးမားဆုံးစစ်လက်နက်ပစ္စည်းရောင်းချမှု သဘောတူညီချက် ရရှိအောင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စစ်လက်နက်ပစ္စည်းရောင်းချမှုဟာ အမေရိကန် နဲ့ ဗီယက်နမ်နိုင်ငံကြား မိတ်ဖက်ဆောင်ရွက်မှု နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံရောက်ရှိသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်ဟာ ဗီယက်နမ်နိုင်ငံကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ရောင်းချပေးဖို့ အဆိုပြုကမ်းလှမ်းခြင်းမျိုးဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

အမေရိကန် နဲ့ ဗီယက်နမ်တို့ဟာ စစ်လက်နက်ပစ္စည်းအရောင်းအဝယ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ အသေးစိတ် ဖော်ပြခြင်းမျိုးမရှိသေးသလို တိကျတဲ့သဘောတူညီချက်မျိုးလည်း မရသေးကြောင်း သတင်းတွေက ဆိုပါတယ်။ အမေရိကန်ဟာ ဗီယက်နမ်နိုင်ငံကို ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ မှီခိုနေရခြင်းက ဝေးကွာစေဖို့ နဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူခြင်းကြောင့် အကြွေးထောက်ချောက်ထဲရောက်ရှိနေခြင်းကို ကူညီပေးနိုင်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက "ဗီယက်နမ်နိုင်ငံ နဲ့ လုံခြုံရေးကဏ္ဍဆက်ဆံရေး ကတိတွေကိုအကောင် အထည်ဖော်ဖို့ နဲ့ ဗီယက်နမ်နိုင်ငံမှာ အမေရိကန်လက်နက်စနစ်အချို့ ကူညီပေးဖို့ စိတ်ဝင်စားနေတာပါ" လို့ ပြောပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နိုင်ငံ နဲ့ ကြီးမားတဲ့ လက်နက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ စိတ်ဆိုးဒေါသဖြစ်မှုတွေကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ရေကြောင်းကာကွယ်ရေးကို လက်ရှိထက် ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အမေရိကန်ဟာ ဗီယက်နမ်နိုင်ငံအပေါ်ချမှတ်ထားတဲ့ စစ်လက်နက်ပစ္စည်းတင်ပို့မှုကန့်သတ်ချက်တွေကို ၂ဝ၁၆ ခုနှစ်မှာ ဖြေလျော့ပေးခဲ့ပြီးနောက် စစ်လက်နက်ပစ္စည်းတွေ တင်ပို့ခဲ့ကြောင်း သိရပါတယ်။

ဗီယက်နမ်နိုင်ငံဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူလျက်ရှိနေပြီး နိုင်ငံအတွင်းရှိ စစ်လက်နက်ပစ္စည်းများရဲ့ ၈ဝ ရာခိုင်နှုန်းက ရုရှားနိုင်ငံထုတ်လက်နက်များဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ နဲ႔ တင္းမာမႈမ်ားရွိေနခ်ိန္မွာပဲ ဗီယက္နမ္ႏိုင္ငံကို စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ေပးဖို႔ အေမရိကန္အစိုးရ ကမ္းလွမ္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄

ေတာင္တ႐ုတ္ပင္လယ္မွာ ပိုင္နက္နယ္ေျမအျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ ဗီယက္နမ္ႏိုင္ငံၾကား အျငင္းပြားမႈေတြ၊ တင္းမာမႈေတြရွိေနခ်ိန္မွာပဲ အေမရိကန္အစိုးရဟာ ဗီယက္နမ္ႏိုင္ငံကို စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ေပးဖို႔ ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္အစိုးရ နဲ႔ ဗီယက္နမ္အစိုးရတာဝန္ရွိသူေတြဟာ စစ္ေအးေခတ္ကာလေနာက္ပိုင္း ႏွစ္ႏိုင္ငံသမိုင္းမွာ အႀကီးမားဆုံးစစ္လက္နက္ပစၥည္းေရာင္းခ်မႈ သေဘာတူညီခ်က္ ရရွိေအာင္ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ စစ္လက္နက္ပစၥည္းေရာင္းခ်မႈဟာ အေမရိကန္ နဲ႔ ဗီယက္နမ္ႏိုင္ငံၾကား မိတ္ဖက္ေဆာင္႐ြက္မႈ ေနာက္ထပ္ အဆင့္တစ္ဆင့္ကို ထပ္မံေရာက္ရွိသြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ ဗီယက္နမ္ႏိုင္ငံကို အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ား ေရာင္းခ်ေပးဖို႔ အဆိုျပဳကမ္းလွမ္းျခင္းမ်ိဳးျဖစ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

အေမရိကန္ နဲ႔ ဗီယက္နမ္တို႔ဟာ စစ္လက္နက္ပစၥည္းအေရာင္းအဝယ္နဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္မွာ အေသးစိတ္ ေဖာ္ျပျခင္းမ်ိဳးမရွိေသးသလို တိက်တဲ့သေဘာတူညီခ်က္မ်ိဳးလည္း မရေသးေၾကာင္း သတင္းေတြက ဆိုပါတယ္။ အေမရိကန္ဟာ ဗီယက္နမ္ႏိုင္ငံကို ႐ုရွားႏိုင္ငံထုတ္ စစ္လက္နက္ပစၥည္းမ်ား မွီခိုေနရျခင္းက ေဝးကြာေစဖို႔ နဲ႔ စစ္လက္နက္ပစၥည္း ဝယ္ယူျခင္းေၾကာင့္ အေႂကြးေထာက္ေခ်ာက္ထဲေရာက္ရွိေနျခင္းကို ကူညီေပးႏိုင္ဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။

အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက "ဗီယက္နမ္ႏိုင္ငံ နဲ႔ လုံၿခဳံေရးက႑ဆက္ဆံေရး ကတိေတြကိုအေကာင္ အထည္ေဖာ္ဖို႔ နဲ႔ ဗီယက္နမ္ႏိုင္ငံမွာ အေမရိကန္လက္နက္စနစ္အခ်ိဳ႕ ကူညီေပးဖို႔ စိတ္ဝင္စားေနတာပါ" လို႔ ေျပာပါတယ္။ ဗီယက္နမ္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံ နဲ႔ ႀကီးမားတဲ့ လက္နက္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုျဖစ္ခဲ့မယ္ဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ စိတ္ဆိုးေဒါသျဖစ္မႈေတြကို ရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ဗီယက္နမ္ႏိုင္ငံဟာ ေရေၾကာင္းကာကြယ္ေရးကို လက္ရွိထက္ ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ဖို႔ ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ ဗီယက္နမ္ႏိုင္ငံအေပၚခ်မွတ္ထားတဲ့ စစ္လက္နက္ပစၥည္းတင္ပို႔မႈကန႔္သတ္ခ်က္ေတြကို ၂ဝ၁၆ ခုႏွစ္မွာ ေျဖေလ်ာ့ေပးခဲ့ၿပီးေနာက္ စစ္လက္နက္ပစၥည္းေတြ တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

ဗီယက္နမ္ႏိုင္ငံဟာ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ ၂ ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ား ဝယ္ယူလ်က္ရွိေနၿပီး ႏိုင္ငံအတြင္းရွိ စစ္လက္နက္ပစၥည္းမ်ားရဲ႕ ၈ဝ ရာခိုင္ႏႈန္းက ႐ုရွားႏိုင္ငံထုတ္လက္နက္မ်ားျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.