အကြွေစေ့တွေ ၇ နှစ်ကြာ ငွေကြေးစုဆောင်းခဲ့ပြီးနောက် iPhone ဝယ်လိုတဲ့အိပ်မက်ကို အမှန်တကယ် ဖော်ဆောင်နိုင်ခဲ့တဲ့ မလေးရှားနိုင်ငံသား

1948

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄
မလေးရှားနိုင်ငံသားတစ်ဦးဟာ ကမ္ဘာကျော် iPhone 14 ကို ဝယ်ယူနိုင်အောင် လုံလောက်တဲ့ငွေကြေးရရှိဖို့အတွက် နှစ်ပေါင်း ၇ နှစ်ကြာ ငွေကြေးစုဆောင်းခဲ့ရကြောင်း သိရပါတယ်။
မလေးရှားနိုင်ငံက အသက် ၃ဝ အရွယ်ရှိ Muhammad Hafiz Abdul Hamid ဆိုသူနဲ့ မိသားစုတွေဟာ iPhone ဝယ်ယူနိုင်ဖို့ အကြွေစေ့တွေကို စုဆောင်းခဲ့တာဖြစ်ပြီး စတင်စုဆောင်းချိန်က မြေအိုးနဲ့သာ စုဆောင်းခဲ့ပေမယ့် အကြွေစေ့တွေ များပြားလာချိန်မှာ ၁၉ လီတာဝင့်ဆံတဲ့ ရေသန့်ဗူးနဲ့ ပြောင်းလဲစုခဲ့ရကြောင်း သိရပါတယ်။
၎င်းတို့မိသားစုဟာ ခက်ခဲရုန်းကန်ရမှုတွေ ရှိခဲ့ပေမယ့် အကြွေစေ့တွေ နဲ့ စုထားတဲ့ ရေသန့် စုဘူးကို ဖောက်တာမျိုး မရှိခဲ့ကြောင်း ဆိုပါတယ်။ စက်တင်ဘာ ၁ ရက်နေ့မှာတော့ မလေးရှားနိုင်ငံသား Muhammad Hafiz Abdul Hamid နဲ့ သူရဲ့မိသားစုဝင်တွေဟာ အကြွေစေ့တွေ ထည့်ထားတဲ့ရေသန့်စုဗူးကို ဖောက်ခဲ့ခဲ့ကာ ၎င်းနဲ့အတူ ဇနီးဖြစ်သူ၊ အစ်မဖြစ်သူနဲ့ ယောက္ခမတို့ ဝိုင်းဝန်းရေတွက်ခဲ့ရာ အကြွေစေ့တွေကို သုံးနာရီကျော်ကြာ ရေတွက်ခဲ့ရ ကြောင်း သိရပါတယ်။
အကြွေစေ့ စုစုပေါင်းရဲ့တန်ဖိုးဟာ မလေးရှားရင်းဂစ် ၅၃၆ဝ ရရှိခဲ့ပြီး iPhone 14 ဖုန်းဝယ်ယူနိုင်ဖို့ လုံလောက်တဲ့ ငွေကြေးမျိုးရရှိခဲ့ကြောင်း ဆိုပါတယ်။ မလေးရှားနိုင်ငံသားက "ကျွန်တော်ဟာ အကြွေစေ့တွေနဲ့ ငွေကြေးစုဆောင်းမှုတွေကို ၂ဝ၁၆ ခုနှစ်မှ စတင်စုခဲ့တာပါ။ စတင်စုချိန်က မြေဘူး၊ သံဘူးတွေကို အသုံးပြုခဲ့တယ်။ အကြွေစေ့တွေ များလာချိန်မှာ ရေသန့်ဘူးထဲကို ပြောင်းလဲစုခဲ့ရတယ်" လို့ ပြောပါတယ်။
၎င်းဟာ ပီနန်မြို့ရှိ ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ငွေကြေးတွေကို 50-cent ringgit အကြွေစေ့နဲ့ လဲပေးတာမျိုးရှိခဲ့ကြောင်း ဆိုပါတယ်။
၎င်းက "ကျွန်တော်ဟာ ၇ နှစ်ကြာ စုဆောင်းခဲ့ပြီးနောက် iPhone ဝယ်လိုတဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်" လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Zawgyi Version;
အေႂကြေစ့ေတြ ၇ ႏွစ္ၾကာ ေငြေၾကးစုေဆာင္းခဲ့ၿပီးေနာက္ iPhone ဝယ္လိုတဲ့အိပ္မက္ကို အမွန္တကယ္ ေဖာ္ေဆာင္ႏိုင္ခဲ့တဲ့ မေလးရွားႏိုင္ငံသား
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄
မေလးရွားႏိုင္ငံသားတစ္ဦးဟာ ကမာၻေက်ာ္ iPhone 14 ကို ဝယ္ယူႏိုင္ေအာင္ လုံေလာက္တဲ့ေငြေၾကးရရွိဖို႔အတြက္ ႏွစ္ေပါင္း ၇ ႏွစ္ၾကာ ေငြေၾကးစုေဆာင္းခဲ့ရေၾကာင္း သိရပါတယ္။
မေလးရွားႏိုင္ငံက အသက္ ၃ဝ အ႐ြယ္ရွိ Muhammad Hafiz Abdul Hamid ဆိုသူနဲ႔ မိသားစုေတြဟာ iPhone ဝယ္ယူႏိုင္ဖို႔ အေႂကြေစ့ေတြကို စုေဆာင္းခဲ့တာျဖစ္ၿပီး စတင္စုေဆာင္းခ်ိန္က ေျမအိုးနဲ႔သာ စုေဆာင္းခဲ့ေပမယ့္ အေႂကြေစ့ေတြ မ်ားျပားလာခ်ိန္မွာ ၁၉ လီတာဝင့္ဆံတဲ့ ေရသန႔္ဗူးနဲ႔ ေျပာင္းလဲစုခဲ့ရေၾကာင္း သိရပါတယ္။
၎တို႔မိသားစုဟာ ခက္ခဲ႐ုန္းကန္ရမႈေတြ ရွိခဲ့ေပမယ့္ အေႂကြေစ့ေတြ နဲ႔ စုထားတဲ့ ေရသန႔္ စုဘူးကို ေဖာက္တာမ်ိဳး မရွိခဲ့ေၾကာင္း ဆိုပါတယ္။ စက္တင္ဘာ ၁ ရက္ေန႔မွာေတာ့ မေလးရွားႏိုင္ငံသား Muhammad Hafiz Abdul Hamid နဲ႔ သူရဲ႕မိသားစုဝင္ေတြဟာ အေႂကြေစ့ေတြ ထည့္ထားတဲ့ေရသန႔္စုဗူးကို ေဖာက္ခဲ့ခဲ့ကာ ၎နဲ႔အတူ ဇနီးျဖစ္သူ၊ အစ္မျဖစ္သူနဲ႔ ေယာကၡမတို႔ ဝိုင္းဝန္းေရတြက္ခဲ့ရာ အေႂကြေစ့ေတြကို သုံးနာရီေက်ာ္ၾကာ ေရတြက္ခဲ့ရ ေၾကာင္း သိရပါတယ္။
အေႂကြေစ့ စုစုေပါင္းရဲ႕တန္ဖိုးဟာ မေလးရွားရင္းဂစ္ ၅၃၆ဝ ရရွိခဲ့ၿပီး iPhone 14 ဖုန္းဝယ္ယူႏိုင္ဖို႔ လုံေလာက္တဲ့ ေငြေၾကးမ်ိဳးရရွိခဲ့ေၾကာင္း ဆိုပါတယ္။ မေလးရွားႏိုင္ငံသားက "ကြၽန္ေတာ္ဟာ အေႂကြေစ့ေတြနဲ႔ ေငြေၾကးစုေဆာင္းမႈေတြကို ၂ဝ၁၆ ခုႏွစ္မွ စတင္စုခဲ့တာပါ။ စတင္စုခ်ိန္က ေျမဘူး၊ သံဘူးေတြကို အသုံးျပဳခဲ့တယ္။ အေႂကြေစ့ေတြ မ်ားလာခ်ိန္မွာ ေရသန႔္ဘူးထဲကို ေျပာင္းလဲစုခဲ့ရတယ္" လို႔ ေျပာပါတယ္။
၎ဟာ ပီနန္ၿမိဳ႕ရွိ ဟိုတယ္တစ္ခုမွာ သန႔္ရွင္းေရးအဖြဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ကာ ေငြေၾကးေတြကို 50-cent ringgit အေႂကြေစ့နဲ႔ လဲေပးတာမ်ိဳးရွိခဲ့ေၾကာင္း ဆိုပါတယ္။
၎က "ကြၽန္ေတာ္ဟာ ၇ ႏွစ္ၾကာ စုေဆာင္းခဲ့ၿပီးေနာက္ iPhone ဝယ္လိုတဲ့အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့တယ္" လို႔ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။