မြန်မာအနီး အာရူနာချယ်ပရာဒက်ပြည်နယ် အားကစားမယ်များကိစ္စ နယူးဒေလီ-ပေကျင်း အချေအတင်ဖြစ်

 2091

Htay Oung (NP News) - စက်တင်ဘာ ၂၄

နယ်ခြားဒေသ နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ပတ်သက်ပြီး ကာလရှည်ကြာ အငြင်းပွားနေကြတဲ့ ပေကျင်းနဲ့ နယူးဒေလီတို့ အတွက် အိန္ဒိယကိုယ်ခံပညာ အားကစားသမား ၃ ဦးတို့ကိစ္စဟာ (ဆက်ဆံရေး တင်းမာဖို့) နောက်တစ် တပ်တိုးလာ ပုံရတယ်လို့ BBC က ယမန့်နေ့က ရေးသားခဲ့ပါတယ်။

ပြည်ဝင်ခွင့် ဗီဇာအတွက် တရုတ်က ငြင်းဆိုခံရတဲ့ အဲဒီ အားကစားမယ်တွေဟာ တရုတ်က သူတို့အပိုင်လို့ ဆိုထား တဲ့ (မြန်မာနိုင်ငံ ကချင်ပြည်နယ်အနီး) အိန္ဒိယရဲ့အာရူနာချယ်ပရာဒက်ရ်ှပြည်နယ်မှဖြစ်ပြီး နယူးဒေလီမြို့တော်နဲ့ အလှမ်းဝေးနေတဲ့ အရှေ့မြောက်ဖျားဒေသဖြစ်နေခြင်းဟာ (မိုဒီအစိုးရအတွက် စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ရ) ပါတယ်။

အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်မှ ဝူရှူးအားကစားမယ် ၃ ဦးတို့ဟာ စနေနေ့ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စတင် ကျင်းပတဲ့ “၂ဝ၂၃ အာရှအားကစားပြိုင်ပွဲ” မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အိန္ဒိယအားကစားအဖွဲ့မှာ ပါဝင်သူများ ဖြစ်ပါတယ်။

အဲဒီအားကစားမယ်များရဲ့ခရီးသွားလာခြင်းကို တားမြစ်ခြင်းအားဖြင့် အိန္ဒိယအစိုးရဲ့ ဆီလျော်တဲ့စာရွက်စာတန်းများ တရား၀င်မှုကို တရုတ်က ငြင်းပယ်တယ်လို့ နယူးဒေလီက စွပ်စွဲပါတယ်။ ပေကျင်းကတော့ စွပ်စွဲချက်ကို ငြင်းဆိုပြီး သူတို့အနေနဲ့ တရားဝင် စာရွက်စာတမ်းများကိုင်ဆောင်ထားတဲ့ အားကစားသမားအားလုံးကို ကြိုဆိုနေတယ်လို့ ပြောပါတယ်။

အိန္ဒိယမီဒီယာများရဲ့အဆိုအရ အားကစားသမားမယ် သုံးဦးတို့ရဲ့ အမည်ပါ စာရွက်စာတန်းတွေဟာ ဒေါင်းလုဒ် ဆွဲယူ၍ မရတော့ဘဲ ကျန်ရစ်ခဲ့ကြောင်း၊ အခြားအားကစားအဖွဲ့ဝင်တစ်ဦးတစ်ယောက်မှ အဲဒီလိုမဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံဟာ ပစ်မှတ်ထား ကြိုတင်ကြံရွယ်တဲ့ပုံစံမျိုး နဲ့ အားကစားသမားများအပေါ် တစ်ဖက်သပ်ပြုမူခဲ့တယ်လို့ ပြောပါတယ်။ အခြေချနေထိုင်ရာ အရပ်ဒေသ (သို့မဟုတ်) လူမျိုးနွယ်အပေါ် အခြေခံပြီး အိန္ဒိယနိုင်ငံသားများအပေါ် ကွဲပြားတဲ့ဆက်ဆံမှုကို နယူးဒေလီက ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း၊ အာရူနာချယ်ပရာဒရာဒက်ရှ်ဟာ အိန္ဒိယရဲ့အရေးပါမှုနဲ့ ဖယ်ထုတ်လို့ မရနိုင် တဲ့ (နယ်မြေ) အစိတ်အပိုင်းတစ်ခုအဖြစ် အစဉ်ထာဝရ တည်ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။

အိန္ဒိယအားကစားဝန်ကြီးကလည်း အားကစားပြိုင်ပွဲကို တက်ရောက်မယ့် သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

(ကူဝိတ်အခြေစိုက် ၄၅ နိုင်ငံပါ) အာရှအိုလံပစ်ကောင်စီ (OCA) မှ တာဝန်ရှိသူတစ်ဦးက တရုတ်နိုင်ငံအနေနဲ့ အမျိုးသမီးများအတွက် ဗီဇာများကို ထုတ်ပေးခဲ့ကြောင်း၊ ဒါပေမယ့် သူတို့ ၃ ဦးဟာ ကျန်အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့က ပေးအပ်တဲ့ ဗီဇာများနဲ့ ကွဲလွဲနေတဲ့အတွက် လက်ခံရန် ငြင်းဆန်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့စည်းမျဉ်းတွေအရ၊ သူတို့ကို ဗီဇာတစ်မျိုးမျိုး ပေးပိုင်ခွင့်ရှိပါတယ်လို့ အာရှအိုလံပစ်ကောင်စီ တစ်သက်တာ ဂုဏ်ထူးဆောင် ဒုတိယဥက္ကဋ္ဌ ဝေဇီကျောင်းက ပြောပါတယ်။ အဲဒီ အားကစားမယ်များ ပါ၀င်ယှဉ် ပြိုင်နိုင်စေဖို့ ပြိုင်ပွဲကျင်းပရေးကော်မတီက လုပ်ဆောင်နေကြောင်း အခြား OCA အရာရှိတစ်ဦးက မှတ်ချက်ပေးပါ တယ်။

စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ တရုတ်အကြား အငြင်းပွားမှုမှာ ယခုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သြဂုတ်လနှောင်းပိုင်း ပေကျင်းက ထုတ်ဝေလိုက်တဲ့မြေပုံအသစ်မှာ အိန္ဒိယ အရှေ့မြောက်ပိုင်း ( မြန်မာနိုင်ငံ ကချင်ပြည်နယ် အနောက်ဖက်) အာရူနာချယ်_ပရာဒက်ရ်ှပြည်နယ်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ (ဂျမူး-ကက်ရ်ှမီးယား) အတ်ဆိုင်_ချင်းကုန်းပြင်မြင့်ကို တရုတ်ပိုင်နက်ဖြစ်ကြောင်း မြေပုံကို ထည့်သွင်းဖော်ပြထားတဲ့အတွက် အိန္ဒိယနိုင်ငံက ကန့်ကွက်ခဲ့ဖူးပါတယ်။

အိန္ဒိယ-တရုတ် နယ်စပ်မျဉ်းကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအနေနဲ့ စိတ်အေးအေးထားရန် တရုတ်နိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ စကားလုံး ၄ဝဝ ခန့်သာ ပါရှိပါတယ်။

အလားတူ ဇူလိုင်လ တရုတ်နိုင်ငံ ချန်ဒူးမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ အိန္ဒိယ အားကစားသမားများအတွက် ကန့်သတ်ဗီဇာများ ထုတ်ပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နယူးဒေလီက ဝင် ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါဘူး။

အဲဒီလိုဗီဇာငြင်းပယ်မှုများဟာ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ဟာ အိန္ဒိယအပိုင်ဖြစ်ကြောင်း နယူးဒေလီရဲ့ ရှင်းလင်းချက်ကို တရုတ်နိုင်ငံက လက်မခံကြောင်း အရိပ်အယောင်အဖြစ် မိုဒီအစိုးရက မှတ်ယူပါတယ်။
သူတို့ပြည်နယ်ဖြစ်ကြောင်း အိန္ဒိယက ပြတ်ပြတ်သားသားငြင်းဆိုထားတဲ့ အာရူနာချယ်ပရာဒက်ရ်ှကို "တောင်တိဗက်" အဖြစ် တရုတ်က ကြေညာခဲ့ပါတယ်။ အိန္ဒိယ ကက်ရှ်မီးယားဒေသ ဟိမဝန္တာတောင်တန်းရှိ အတ်ဆိုင်ချင်း ကုန်းပြင်မြင့်ကိုလည်း တရုတ်က ထိန်းချုပ်ထားပါတယ်။

အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် တရားဝင်စာရွက်စာတမ်းမျာနဲ့အတူ ဟန်ကျိုးသို့ လာရောက်ရန် နိုင်ငံအသီးသီးမှ အားကစားသမားများကို ကြိုဆိုကြောင်း ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး က သောကြာနေ့မှာ မှတ်ချက်ပေးပါတယ်။ တရုတ်အစိုးရဟာ အာရူနာချယ်ပရာဒက်ရှ် ဆိုတာကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ကြောင်း တောင်တိဗက်ဒေသဟာ တရုတ်နိုင်ငံရဲ့နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှု ရင်းမြစ်မှာ ဟိမဝန္တာတောင်တန်းတစ်လျှောက် မိုင် ၂၁ဝဝ ခန့်ရှည်လျားတဲ့ နယ်ခြားဒေသကို သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုဖြစ်ပါတယ်။ နယ်ခြားသတ်မှတ်ထားခြင်းများမှာ အားနည်း ညံ့ဖျင်းပြီး LAC လို့ခေါ်တဲ့ အမှန်တကယ် ထိန်းချုပ်မျဉ်းတစ်လျှောက် နျူလက်နက်ပိုင် အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံမှ စစ်သားတွေဟာ ထိပ်တိုက် ရန်စောင်နေကြပါတယ်။ နယ်ခြားသတ်မှတ်ရာမှာ မြစ်-ချောင်း-ရေအိုင်-တောင် ကုန်း-တောင်စွယ်များကို အမှတ်အသားပြုလေ့ရှိကြပါတယ်။ အလွန်မြင့်မားပြီး ရာသီဥတုဆိုးရွားတဲ့ ဟိမဝန္တာတောင်တန်းဒေသမှာ အဲ့ဒီ အမှတ်အသားတွေဟာ မကြာခဏ ပြောင်းလဲလေ့ရှိခြင်းလည်း ပါ၀င်ပါတယ်။

ကက်ရှ်မီးယား အရှေ့ပိုင်း လက်ဒက်ဒေသ ဂယ်လွမ်ချိုင့်ဝှမ်းမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ကတည်းက အိန္ဒိယနဲ့ တရုတ်တို့အကြား ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်အသီးသီးတို့ အသက် သေဆုံးရတဲ့ အဲဒီပဋိပက္ခဟာ ၁၉၇၅ ခုနှစ်နောက်ပိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အသေအပျောက် ဖြစ်ပေါ်တဲ့ ထိပ်တိုက်တွေ့မှုလည်း ဖြစ်ပါတယ်။

နယ်စပ်ဒေသ နေရာအများအပြားမှာ မျက်နှာချင်းဆိုင် အသင့်ဖြစ်နေကြတဲ့ နှစ်နိုင်ငံ စစ်တပ်များအကြား (အိန္ဒိယရဲ့ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတည်ရှိရာ) အာရူနာချယ်ပရာဒက်ရှ်ဒေသ တဝမ် နယ်စပ်တလျှောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ အိန္ဒိယနဲ့ တရုတ်တပ်များရဲ့ ပဋိပက္ခဟာ နောက်ဆုံး တင်းမာမှု ဖြစ်ပါတယ်။

လေးနှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ အာရှအားကစားပြိုင်ပွဲဟာ ကမ္ဘာ့အကြီးဆုံး အားကစားယှဉ်ပြိုင်ပွဲဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ကျင်းပရန် စီစဉ်ထားပေမယ့် Covid ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါတယ်။

#အာရူနာချယ်_ပရာဒက်ပြည်နယ် #အိန္ဒိယဝူရှူးအားကစားမယ်_၃ဦး #၂၀၂၃_ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ
#ဂျမူး_ကက်ရ်ှမီးယား_အတ်ဆိုင်_ချင်းကုန်းပြင်မြင့် #တ၀မ်းနယ်မြေ
(BBC., 23 September 2023,” Arunachal Pradesh: India-China border row flares over athlete visas” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။

Zawgyi Version;
ျမန္မာအနီး အာ႐ူနာခ်ယ္ပရာဒက္ျပည္နယ္ အားကစားမယ္မ်ားကိစၥ နယူးေဒလီ-ေပက်င္း အေခ်အတင္ျဖစ္
Htay Oung (NP News) - စက္တင္ဘာ ၂၄

နယ္ျခားေဒသ နယ္ေျမပိုင္ဆိုင္မႈကိစၥနဲ႔ပတ္သက္ၿပီး ကာလရွည္ၾကာ အျငင္းပြားေနၾကတဲ့ ေပက်င္းနဲ႔ နယူးေဒလီတို႔ အတြက္ အိႏၵိယကိုယ္ခံပညာ အားကစားသမား ၃ ဦးတို႔ကိစၥဟာ (ဆက္ဆံေရး တင္းမာဖို႔) ေနာက္တစ္ တပ္တိုးလာ ပုံရတယ္လို႔ BBC က ယမန္႔ေန႔က ေရးသားခဲ့ပါတယ္။

ျပည္ဝင္ခြင့္ ဗီဇာအတြက္ တ႐ုတ္က ျငင္းဆိုခံရတဲ့ အဲဒီ အားကစားမယ္ေတြဟာ တ႐ုတ္က သူတို႔အပိုင္လို႔ ဆိုထား တဲ့ (ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အနီး) အိႏၵိယရဲ႕အာ႐ူနာခ်ယ္ပရာဒက္ရ္ွျပည္နယ္မွျဖစ္ၿပီး နယူးေဒလီၿမိဳ႕ေတာ္နဲ႔ အလွမ္းေဝးေနတဲ့ အေရွ႕ေျမာက္ဖ်ားေဒသျဖစ္ေနျခင္းဟာ (မိုဒီအစိုးရအတြက္ စိတ္လႈပ္ရွားစရာျဖစ္လာခဲ့ရ) ပါတယ္။

အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္မွ ဝူရႉးအားကစားမယ္ ၃ ဦးတို႔ဟာ စေနေန႔ တ႐ုတ္ႏိုင္ငံ ဟန္က်ိဳးၿမိဳ႕မွာ စတင္ က်င္းပတဲ့ “၂ဝ၂၃ အာရွအားကစားၿပိဳင္ပြဲ” မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ အိႏၵိယအားကစားအဖြဲ႕မွာ ပါဝင္သူမ်ား ျဖစ္ပါတယ္။

အဲဒီအားကစားမယ္မ်ားရဲ႕ခရီးသြားလာျခင္းကို တားျမစ္ျခင္းအားျဖင့္ အိႏၵိယအစိုးရဲ႕ ဆီေလ်ာ္တဲ့စာ႐ြက္စာတန္းမ်ား တရား၀င္မႈကို တ႐ုတ္က ျငင္းပယ္တယ္လို႔ နယူးေဒလီက စြပ္စြဲပါတယ္။ ေပက်င္းကေတာ့ စြပ္စြဲခ်က္ကို ျငင္းဆိုၿပီး သူတို႔အေနနဲ႔ တရားဝင္ စာ႐ြက္စာတမ္းမ်ားကိုင္ေဆာင္ထားတဲ့ အားကစားသမားအားလုံးကို ႀကိဳဆိုေနတယ္လို႔ ေျပာပါတယ္။

အိႏၵိယမီဒီယာမ်ားရဲ႕အဆိုအရ အားကစားသမားမယ္ သုံးဦးတို႔ရဲ႕ အမည္ပါ စာ႐ြက္စာတန္းေတြဟာ ေဒါင္းလုဒ္ ဆြဲယူ၍ မရေတာ့ဘဲ က်န္ရစ္ခဲ့ေၾကာင္း၊ အျခားအားကစားအဖြဲ႕ဝင္တစ္ဦးတစ္ေယာက္မွ အဲဒီလိုမျဖစ္ခဲ့ေၾကာင္း သိရွိရပါတယ္။

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္မွာ တ႐ုတ္ႏိုင္ငံဟာ ပစ္မွတ္ထား ႀကိဳတင္ႀကံ႐ြယ္တဲ့ပုံစံမ်ိဳး နဲ႔ အားကစားသမားမ်ားအေပၚ တစ္ဖက္သပ္ျပဳမူခဲ့တယ္လို႔ ေျပာပါတယ္။ အေျခခ်ေနထိုင္ရာ အရပ္ေဒသ (သို႔မဟုတ္) လူမ်ိဳးႏြယ္အေပၚ အေျခခံၿပီး အိႏၵိယႏိုင္ငံသားမ်ားအေပၚ ကြဲျပားတဲ့ဆက္ဆံမႈကို နယူးေဒလီက ျပတ္ျပတ္သားသားကန္႔ကြက္ေၾကာင္း၊ အာ႐ူနာခ်ယ္ပရာဒရာဒက္ရွ္ဟာ အိႏၵိယရဲ႕အေရးပါမႈနဲ႔ ဖယ္ထုတ္လို႔ မရႏိုင္ တဲ့ (နယ္ေျမ) အစိတ္အပိုင္းတစ္ခုအျဖစ္ အစဥ္ထာဝရ တည္ရွိေနလိမ့္မယ္လို႔ ဆိုပါတယ္။

အိႏၵိယအားကစားဝန္ႀကီးကလည္း အားကစားၿပိဳင္ပြဲကို တက္ေရာက္မယ့္ သူ႔ရဲ႕ခရီးစဥ္ကို ဖ်က္သိမ္းလိုက္ပါတယ္။

(ကူဝိတ္အေျခစိုက္ ၄၅ ႏိုင္ငံပါ) အာရွအိုလံပစ္ေကာင္စီ (OCA) မွ တာဝန္ရွိသူတစ္ဦးက တ႐ုတ္ႏိုင္ငံအေနနဲ႔ အမ်ိဳးသမီးမ်ားအတြက္ ဗီဇာမ်ားကို ထုတ္ေပးခဲ့ေၾကာင္း၊ ဒါေပမယ့္ သူတို႔ ၃ ဦးဟာ က်န္အိႏၵိယ ကိုယ္စားလွယ္ အဖြဲ႕က ေပးအပ္တဲ့ ဗီဇာမ်ားနဲ႔ ကြဲလြဲေနတဲ့အတြက္ လက္ခံရန္ ျငင္းဆန္ခဲ့ျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။

တ႐ုတ္အစိုးရရဲ႕စည္းမ်ဥ္းေတြအရ၊ သူတို႔ကို ဗီဇာတစ္မ်ိဳးမ်ိဳး ေပးပိုင္ခြင့္ရွိပါတယ္လို႔ အာရွအိုလံပစ္ေကာင္စီ တစ္သက္တာ ဂုဏ္ထူးေဆာင္ ဒုတိယဥကၠ႒ ေဝဇီေက်ာင္းက ေျပာပါတယ္။ အဲဒီ အားကစားမယ္မ်ား ပါ၀င္ယွဥ္ ၿပိဳင္ႏိုင္ေစဖို႔ ၿပိဳင္ပြဲက်င္းပေရးေကာ္မတီက လုပ္ေဆာင္ေနေၾကာင္း အျခား OCA အရာရွိတစ္ဦးက မွတ္ခ်က္ေပးပါ တယ္။

စာ႐ြက္စာတမ္းကိစၥနဲ႔ပတ္သက္ၿပီး အိႏၵိယနဲ႔ တ႐ုတ္အၾကား အျငင္းပြားမႈမွာ ယခုျဖစ္စဥ္ဟာ ပထမဆုံးအႀကိမ္ ေတာ့ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ၾသဂုတ္လေႏွာင္းပိုင္း ေပက်င္းက ထုတ္ေဝလိုက္တဲ့ေျမပုံအသစ္မွာ အိႏၵိယ အေရွ႕ေျမာက္ပိုင္း ( ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ အေနာက္ဖက္) အာ႐ူနာခ်ယ္_ပရာဒက္ရ္ွျပည္နယ္နဲ႔ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ (ဂ်မူး-ကက္ရ္ွမီးယား) အတ္ဆိုင္_ခ်င္းကုန္းျပင္ျမင့္ကို တ႐ုတ္ပိုင္နက္ျဖစ္ေၾကာင္း ေျမပုံကို ထည့္သြင္းေဖာ္ျပထားတဲ့အတြက္ အိႏၵိယႏိုင္ငံက ကန႔္ကြက္ခဲ့ဖူးပါတယ္။

အိႏၵိယ-တ႐ုတ္ နယ္စပ္မ်ဥ္းကိစၥနဲ႔ပတ္သက္ၿပီး အိႏၵိယအေနနဲ႔ စိတ္ေအးေအးထားရန္ တ႐ုတ္ႏိုင္ငံျခားေရးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ စကားလုံး ၄ဝဝ ခန္႔သာ ပါရွိပါတယ္။

အလားတူ ဇူလိုင္လ တ႐ုတ္ႏိုင္ငံ ခ်န္ဒူးၿမိဳ႕မွာ က်င္းပတဲ့ ကမာၻ႔တကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲမွာ အိႏၵိယ အားကစားသမားမ်ားအတြက္ ကန႔္သတ္ဗီဇာမ်ား ထုတ္ေပးတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ နယူးေဒလီက ဝင္ ေရာက္ယွဥ္ၿပိဳင္ျခင္း မျပဳခဲ့ပါဘူး။

အဲဒီလိုဗီဇာျငင္းပယ္မႈမ်ားဟာ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ဟာ အိႏၵိယအပိုင္ျဖစ္ေၾကာင္း နယူးေဒလီရဲ႕ ရွင္းလင္းခ်က္ကို တ႐ုတ္ႏိုင္ငံက လက္မခံေၾကာင္း အရိပ္အေယာင္အျဖစ္ မိုဒီအစိုးရက မွတ္ယူပါတယ္။
သူတို႔ျပည္နယ္ျဖစ္ေၾကာင္း အိႏၵိယက ျပတ္ျပတ္သားသားျငင္းဆိုထားတဲ့ အာ႐ူနာခ်ယ္ပရာဒက္ရ္ွကို "ေတာင္တိဗက္" အျဖစ္ တ႐ုတ္က ေၾကညာခဲ့ပါတယ္။ အိႏၵိယ ကက္ရွ္မီးယားေဒသ ဟိမဝႏၲာေတာင္တန္းရွိ အတ္ဆိုင္ခ်င္း ကုန္းျပင္ျမင့္ကိုလည္း တ႐ုတ္က ထိန္းခ်ဳပ္ထားပါတယ္။

အာရွအားကစားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ တရားဝင္စာ႐ြက္စာတမ္းမ်ာနဲ႔အတူ ဟန္က်ိဳးသို႔ လာေရာက္ရန္ ႏိုင္ငံအသီးသီးမွ အားကစားသမားမ်ားကို ႀကိဳဆိုေၾကာင္း ေပက်င္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ အမ်ိဳးသမီး က ေသာၾကာေန႔မွာ မွတ္ခ်က္ေပးပါတယ္။ တ႐ုတ္အစိုးရဟာ အာ႐ူနာခ်ယ္ပရာဒက္ရွ္ ဆိုတာကို ဘယ္တုန္းကမွ အသိအမွတ္ မျပဳခဲ့ေၾကာင္း ေတာင္တိဗက္ေဒသဟာ တ႐ုတ္ႏိုင္ငံရဲ႕နယ္ေျမအစိတ္အပိုင္းတစ္ခုျဖစ္တယ္လို႔ ေျပာပါတယ္။

အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား တင္းမာမႈ ရင္းျမစ္မွာ ဟိမဝႏၲာေတာင္တန္းတစ္ေလွ်ာက္ မိုင္ ၂၁ဝဝ ခန္႔ရွည္လ်ားတဲ့ နယ္ျခားေဒသကို သူပိုင္ကိုယ္ပိုင္ အျငင္းပြားမႈျဖစ္ပါတယ္။ နယ္ျခားသတ္မွတ္ထားျခင္းမ်ားမွာ အားနည္း ညံ့ဖ်င္းၿပီး LAC လို႔ေခၚတဲ့ အမွန္တကယ္ ထိန္းခ်ဳပ္မ်ဥ္းတစ္ေလွ်ာက္ န်ဴလက္နက္ပိုင္ အိမ္နီးခ်င္းႏိုင္ငံႀကီး ႏွစ္ႏိုင္ငံမွ စစ္သားေတြဟာ ထိပ္တိုက္ ရန္ေစာင္ေနၾကပါတယ္။ နယ္ျခားသတ္မွတ္ရာမွာ ျမစ္-ေခ်ာင္း-ေရအိုင္-ေတာင္ ကုန္း-ေတာင္စြယ္မ်ားကို အမွတ္အသားျပဳေလ့ရွိၾကပါတယ္။ အလြန္ျမင့္မားၿပီး ရာသီဥတုဆိုး႐ြားတဲ့ ဟိမဝႏၲာေတာင္တန္းေဒသမွာ အဲ့ဒီ အမွတ္အသားေတြဟာ မၾကာခဏ ေျပာင္းလဲေလ့ရွိျခင္းလည္း ပါ၀င္ပါတယ္။

ကက္ရွ္မီးယား အေရွ႕ပိုင္း လက္ဒက္ေဒသ ဂယ္လြမ္ခ်ိဳင့္ဝွမ္းမွာ ပဋိပကၡျဖစ္ပြားခဲ့တဲ့ ၂ဝ၂ဝ ျပည့္ႏွစ္ကတည္းက အိႏၵိယနဲ႔ တ႐ုတ္တို႔အၾကား ဆက္ဆံေရးဟာ ပိုမိုဆိုး႐ြားလာခဲ့ပါတယ္။ ႏွစ္ဖက္ တပ္ဖြဲ႕ဝင္အသီးသီးတို႔ အသက္ ေသဆုံးရတဲ့ အဲဒီပဋိပကၡဟာ ၁၉၇၅ ခုႏွစ္ေနာက္ပိုင္း အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား အေသအေပ်ာက္ ျဖစ္ေပၚတဲ့ ထိပ္တိုက္ေတြ႕မႈလည္း ျဖစ္ပါတယ္။

နယ္စပ္ေဒသ ေနရာအမ်ားအျပားမွာ မ်က္ႏွာခ်င္းဆိုင္ အသင့္ျဖစ္ေနၾကတဲ့ ႏွစ္ႏိုင္ငံ စစ္တပ္မ်ားအၾကား (အိႏၵိယရဲ႕ အႀကီးဆုံး ဗုဒၶဘာသာဘုန္းေတာ္ႀကီးေက်ာင္းတည္ရွိရာ) အာ႐ူနာခ်ယ္ပရာဒက္ရွ္ေဒသ တဝမ္ နယ္စပ္တေလွ်ာက္ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ အိႏၵိယနဲ႔ တ႐ုတ္တပ္မ်ားရဲ႕ ပဋိပကၡဟာ ေနာက္ဆုံး တင္းမာမႈ ျဖစ္ပါတယ္။

ေလးႏွစ္တႀကိမ္ က်င္းပေလ့ရွိတဲ့ အာရွအားကစားၿပိဳင္ပြဲဟာ ကမာၻ႔အႀကီးဆုံး အားကစားယွဥ္ၿပိဳင္ပြဲျဖစ္ပါတယ္။ ၂ဝ၂၂ ခုႏွစ္မွာ က်င္းပရန္ စီစဥ္ထားေပမယ့္ Covid ကူးစက္ေရာဂါေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရျခင္းျဖစ္ပါတယ္။

#အာ႐ူနာခ်ယ္_ပရာဒက္ျပည္နယ္ #အိႏၵိယဝူရႉးအားကစားမယ္_၃ဦး #၂၀၂၃_ဟန္က်ိဳးအာရွအားကစားၿပိဳင္ပြဲ
#ဂ်မူး_ကက္ရ္ွမီးယား_အတ္ဆိုင္_ခ်င္းကုန္းျပင္ျမင့္ #တ၀မ္းနယ္ေျမ
(BBC., 23 September 2023,” Arunachal Pradesh: India-China border row flares over athlete visas” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။

Related news

© 2021. All rights reserved.