နစကလက်ထက်၌ လက်လုပ်သေနတ်မျိုးစုံ (၁၀၀၀၀)ကျော် သိမ်းဆည်းရမိခဲ့ပြီး လက်လုပ်သေနတ်အများဆုံး ထုတ်လုပ်ရာဒေသမှာ စစ်ကိုင်းတိုင်းဖြစ်

 8941

မြူနစ် (NP News) - စက်တင်ဘာ ၂၄

လက်ရှိ နစကလက်ထက်၌ လက်လုပ်သေနတ်မျိုးစုံ (၁၀၀၀၀)ကျော် သိမ်းဆည်းရမိခဲ့ပြီး လက်လုပ်သေနတ်အများဆုံး ထုတ်လုပ်ရာဒေသသည် စစ်ကိုင်းတိုင်းဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း၌ လက်နက်ကိုင်တော်လှန်မှုများ စတင်ဖြစ်ပေါ်ခဲ့သည်။

ထိုသို့လက်နက်ကိုင်တော်လှန်မှုများစတင်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်(၂)နှစ်တာကာလအတွင်း၌ လက်လုပ်သေနတ်မျိုးစုံစုစုပေါင်း (၁၀၆၅၅) လက် သိမ်းဆည်းရရှိခဲ့ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လကုန် (၆)လတာကာလအတွင်း၌ လက်လုပ်သေနတ်မျိုးစုံ စုစုပေါင်း (၅၁၈) လက်ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နစက၏ (၂)နှစ်ခွဲကာလအတွင်း၌ လက်လုပ်သေနတ်မျိုးစုံ စုစုပေါင်း (၁၁၁၇၃) လက်သိမ်းဆည်းရမိခဲ့ပြီး စစ်ကိုင်းတိုင်းသည် လက်လုပ်သေနတ်မျိုးစုံ အများဆုံးထုတ်လုပ်ရာ ဒေသတစ်ခုဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

“လက်လုပ်သေနတ်ဆိုတာက KIA ဘက်က လက်နက်တစ်လက်လောက်ရလာတာနဲ့ ဒီမှာက တွင်ခုံတွေရှိတယ်။ များသောအားဖြင့် လူငယ်တွေလုပ်ကြတာ။ အဲဒီလူငယ်တွေက အတုမြင်အတတ်သင်ပေါ့ဗျာ။ တုပပြီးတော့ သဏ္ဍန်တူအောင်လုပ်နိုင်ကြတယ်။ တွင်ခုံတွေကိုလည်း တောစပ်တွေမှာ ရွှေ့ပြီးတော့ မီးစက်တွေနဲ့လုပ်ကြတာတွေလည်း အများကြီးသ တင်းကြားရတယ်”ဟု မုံရွာမြို့ရှိ လုပ်ငန်းရှင်တစ်ဦးက NP News ကို မှတ်ချက်ပြုပြောကြား သည်။

လက်ရှိနစကလက်ထက်တွင် စစ်ကိုင်းတိုင်းအတွင်း၌ လက်နက်ကိုင်တော်လှန်မှုအများအ ပြားရှိသော ဒေသတစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်းလည်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို မှတ်ချက်ပြုထားသည်။

“စစ်ကိုင်းတိုင်းက မြန်မာနိုင်ငံမှာ အကြီးဆုံးတိုင်းပဲလေ။ ကချင်နဲ့လည်း ဆက်စပ်တယ်။ ဇာတိသွေး၊ ဇာတိမာန်တက်ကြွတဲ့ အရပ်ဒေသလို့လည်း သုံးသပ်လို့ရတာပေါ့။ ရွှေဘိုတို့၊ ခင်ဦးတို့ကလေ။ လက်လုပ်သေနတ်များများရှိတယ်ဆိုရင် SAC ကို ဆန့်ကျင်တဲ့အင်အားစုများများရှိတဲ့နေရာလို့ သတ်မှတ်လို့ရတာပေါ့။ နောက်ကချင်တို့နဲ့လည်း ဆက်စပ်တဲ့လမ်း ကြောင်း ရှိတာကို။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း သွားလာမှု၊ ဆက်သွယ်မှုလွယ်ကူတဲ့နေရာလေ အဲဒါတွေကြောင့် ဖြစ်မှာပေါ့”ဟု ဒေါက်တာအေးမောင်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် အများအပြားရှိသကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များသည်လည်း အများအပြားဖြစ်ပွားလျက်ရှိနေသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများအပြားသည် မီးရှို့ဖျက်ဆီးခံခဲ့ရမှုများရှိခဲ့သည့်အပြင် ဒေသခံပြည်သူလူထုအများအပြားအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေမှုများလည်း ရှိနေသည်။

“ပဋိပက္ခတိုင်းမှာတော့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းက အကောင်းဆုံးပေါ့။ အဲဒီတော့ လက်နက်ကိုင်ကြရတဲ့အကြောင်းအရင်း အဲဒီအကြောင်းအရင်းကို အဖြေထုတ်ရမှာပေါ့။ ဖြစ်စဉ်အပေါ်မှာ နီးရာဓါးကြောက်ရတာတွေလည်း ရှိတယ်လေ။ ဝါဒဖြန့်ချီမှုရဲ့ လက်ဦးမှုကလည်းရှိတာပေါ့။ အဲဒီတော့ အကုန်လုံးညှိနှိုင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု ဒေါက် တာအေးမောင်က သုံးသပ်ထားသည်။

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် အသက်စွန့်ပေးဆပ်ခဲ့ရသည့် မြန်မာနိုင်ငံသားဦးရေသည် (၆၃၀၀)ကျော်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

zawgyi version
နစကလက္ထက္၌ လက္လုပ္ေသနတ္မ်ိဳးစုံ (၁၀၀၀၀)ေက်ာ္ သိမ္းဆည္းရမိခဲ့ၿပီး လက္လုပ္ေသနတ္အမ်ားဆုံး ထုတ္လုပ္ရာေဒသမွာ စစ္ကိုင္းတိုင္းျဖစ္
ျမဴနစ္ (NP News) - စက္တင္ဘာ ၂၄

လက္ရွိ နစကလက္ထက္၌ လက္လုပ္ေသနတ္မ်ိဳးစုံ (၁၀၀၀၀)ေက်ာ္ သိမ္းဆည္းရမိခဲ့ၿပီး လက္လုပ္ေသနတ္အမ်ားဆုံး ထုတ္လုပ္ရာေဒသသည္ စစ္ကိုင္းတိုင္းျဖစ္ေၾကာင္း သတင္းရရွိသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ႏိုင္ငံအတြင္း၌ လက္နက္ကိုင္ေတာ္လွန္မႈမ်ား စတင္ျဖစ္ေပၚခဲ့သည္။

ထိုသို႔လက္နက္ကိုင္ေတာ္လွန္မႈမ်ားစတင္ခဲ့ရာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလကုန္(၂)ႏွစ္တာကာလအတြင္း၌ လက္လုပ္ေသနတ္မ်ိဳးစုံစုစုေပါင္း (၁၀၆၅၅) လက္ သိမ္းဆည္းရရွိခဲ့ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ထို႔ျပင္ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ဇူလိုင္လကုန္ (၆)လတာကာလအတြင္း၌ လက္လုပ္ေသနတ္မ်ိဳးစုံ စုစုေပါင္း (၅၁၈) လက္ကို ထပ္မံသိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ နစက၏ (၂)ႏွစ္ခြဲကာလအတြင္း၌ လက္လုပ္ေသနတ္မ်ိဳးစုံ စုစုေပါင္း (၁၁၁၇၃) လက္သိမ္းဆည္းရမိခဲ့ၿပီး စစ္ကိုင္းတိုင္းသည္ လက္လုပ္ေသနတ္မ်ိဳးစုံ အမ်ားဆုံးထုတ္လုပ္ရာ ေဒသတစ္ခုျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

“လက္လုပ္ေသနတ္ဆိုတာက KIA ဘက္က လက္နက္တစ္လက္ေလာက္ရလာတာနဲ႔ ဒီမွာက တြင္ခုံေတြရွိတယ္။ မ်ားေသာအားျဖင့္ လူငယ္ေတြလုပ္ၾကတာ။ အဲဒီလူငယ္ေတြက အတုျမင္အတတ္သင္ေပါ့ဗ်ာ။ တုပၿပီးေတာ့ သ႑န္တူေအာင္လုပ္ႏိုင္ၾကတယ္။ တြင္ခုံေတြကိုလည္း ေတာစပ္ေတြမွာ ေ႐ႊ႕ၿပီးေတာ့ မီးစက္ေတြနဲ႔လုပ္ၾကတာေတြလည္း အမ်ားႀကီးသ တင္းၾကားရတယ္”ဟု မုံ႐ြာၿမိဳ႕ရွိ လုပ္ငန္းရွင္တစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာၾကား သည္။

လက္ရွိနစကလက္ထက္တြင္ စစ္ကိုင္းတိုင္းအတြင္း၌ လက္နက္ကိုင္ေတာ္လွန္မႈအမ်ားအ ျပားရွိေသာ ေဒသတစ္ခုအျဖစ္ မွတ္ယူႏိုင္ေၾကာင္းလည္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို မွတ္ခ်က္ျပဳထားသည္။

“စစ္ကိုင္းတိုင္းက ျမန္မာႏိုင္ငံမွာ အႀကီးဆုံးတိုင္းပဲေလ။ ကခ်င္နဲ႔လည္း ဆက္စပ္တယ္။ ဇာတိေသြး၊ ဇာတိမာန္တက္ႂကြတဲ့ အရပ္ေဒသလို႔လည္း သုံးသပ္လို႔ရတာေပါ့။ ေ႐ႊဘိုတို႔၊ ခင္ဦးတို႔ကေလ။ လက္လုပ္ေသနတ္မ်ားမ်ားရွိတယ္ဆိုရင္ SAC ကို ဆန႔္က်င္တဲ့အင္အားစုမ်ားမ်ားရွိတဲ့ေနရာလို႔ သတ္မွတ္လို႔ရတာေပါ့။ ေနာက္ကခ်င္တို႔နဲ႔လည္း ဆက္စပ္တဲ့လမ္း ေၾကာင္း ရွိတာကို။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔လည္း သြားလာမႈ၊ ဆက္သြယ္မႈလြယ္ကူတဲ့ေနရာေလ အဲဒါေတြေၾကာင့္ ျဖစ္မွာေပါ့”ဟု ေဒါက္တာေအးေမာင္က ေျပာသည္။

စစ္ကိုင္းတိုင္းအတြင္း၌ ပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္ အမ်ားအျပားရွိသကဲ့သို႔ အၾကမ္းဖက္သတ္ျဖတ္မႈျဖစ္စဥ္မ်ားသည္လည္း အမ်ားအျပားျဖစ္ပြားလ်က္ရွိေနသည္။

ထို႔ျပင္ စစ္ကိုင္းတိုင္းအတြင္းရွိ ေက်း႐ြာအမ်ားအျပားသည္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရမႈမ်ားရွိခဲ့သည့္အျပင္ ေဒသခံျပည္သူလူထုအမ်ားအျပားအေနျဖင့္ ေနရပ္စြန႔္ခြာထြက္ေျပးတိမ္းေရွာင္ေနမႈမ်ားလည္း ရွိေနသည္။

“ပဋိပကၡတိုင္းမွာေတာ့ ေတြ႕ဆုံေဆြးေႏြးအေျဖရွာတဲ့နည္းက အေကာင္းဆုံးေပါ့။ အဲဒီေတာ့ လက္နက္ကိုင္ၾကရတဲ့အေၾကာင္းအရင္း အဲဒီအေၾကာင္းအရင္းကို အေျဖထုတ္ရမွာေပါ့။ ျဖစ္စဥ္အေပၚမွာ နီးရာဓါးေၾကာက္ရတာေတြလည္း ရွိတယ္ေလ။ ဝါဒျဖန႔္ခ်ီမႈရဲ႕ လက္ဦးမႈကလည္းရွိတာေပါ့။ အဲဒီေတာ့ အကုန္လုံးညႇိႏႈိင္းႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့” ဟု ေဒါက္ တာေအးေမာင္က သုံးသပ္ထားသည္။

ျမန္မာႏိုင္ငံ၌ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ျဖစ္ေပၚခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ အသက္စြန႔္ေပးဆပ္ခဲ့ရသည့္ ျမန္မာႏိုင္ငံသားဦးေရသည္ (၆၃၀၀)ေက်ာ္ထက္မနည္း ရွိေနၿပီျဖစ္ ေၾကာင္း သိရွိရသည္။

Related news

© 2021. All rights reserved.