အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) ကို ဖျက်သိမ်းဖို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

 1603

Pika (NP News) - စက်တင်ဘာ ၂၄

အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်(FMR) ကို ဖျက်သိမ်းပြီး နယ်စပ်ကာရံခြင်း များကို အပြီးသတ်လုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ထုတ်ဖော်ပြောကြားခဲ့သည်။

လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်(FMR) သည် အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်လုံးတွင် နေထိုင်ကြသော ပြည်သူ များကို ဗီဇာမပါဘဲ နှစ်ဖက်လုံးရှိနယ်မြေများတွင်(၁၆)ကီလိုမီတာအထိ သွားလာခွင့်ပြုထားကြောင်းလည်း သိရသည်။ အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများကို အစိုးရက ဆက်လက်ကိုင်တွယ်ဖြေရှင်းသွား မှာဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ကို ကာရံထားခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း N Biren Singh က ပြောကြားခဲ့သည်။

၎င်းက "ပြည်ထဲရေးဝန်ကြီးဌာနဟာ မဏိပူရပြည်နယ်မှာ နိုင်ငံတကာနယ်စပ်တစ်လျှောက် ကီလိုမီတာ(၆ဝ) အရှည်ရှိတဲ့ ခြံစည်းရိုးခတ်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။

မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခသည် ယခင်အစိုးရ၏ အစီအစဉ်မကျသော မူဝါဒများ၏ ရလဒ်ကြောင့် ဖြစ်ကြောင်း N Biren Singh က ပြောကြားခဲ့သည်။ ၎င်းက "အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို ဖျက်သိမ်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို အစိုးရက တိုက်တွန်းခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကိုလည်း နယ်စပ်မှာ စနစ်တကျချထားပြီး စောင့်ကြပ်တာမျိုးလည်းမရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဇီးရိုးပွိုင့်မှာ ရှိနေရမယ့်အစား အိန္ဒိယနယ်မြေတွင်း (၁၅)ကီလိုမီတာလောက်ကနေ နယ်စပ်ကို စောင့်ကြပ်နေတာကို တွေ့ခဲ့ရပါတယ်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပြည်တွင်းကနေ ရပ်စွန့်ခွာသူတွေကို အကူအညီတွေပေးနိုင်ဖို့နဲ့ ဘိန်းစိုက်ပျိုးမှုတွေကို တိုက်ဖျက်ဖို့ စတဲ့ ပြည်တွင်း ပြဿနာတွေကို အာရုံစိုက်ဖို့လိုပါတယ်" ဟု ပြောခဲ့သည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် မေလ(၃)ရက်က လူမျိုးစုနှစ်စုကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ လူပေါင်း(၁၇၅)ဦး သေဆုံးခဲ့ကာ လူရာချီထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူမျိုးရေးအကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ပါဝင် နေသည်ဟု စွပ်စွဲမှုများရှိနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် (၃၉ဝ) ကီလိုမီတာထိ နယ်နိမိတ်ချင်းထိစပ်နေကြောင်းလည်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံဖက်က မဏိပူရပြည်နယ် ရှိ အကြမ်းဖက်အဖွဲ့များထံ သေနတ်များကို ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများလည်းရှိနေသည်။

Zawgyi Version;
အိႏၵိယ-ျမန္မာနယ္စပ္တစ္ေလွ်ာက္ လြတ္လပ္စြာလႈပ္ရွားသြားလာခြင့္ (FMR) ကို ဖ်က္သိမ္းဖို႔ မဏိပူရျပည္နယ္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း
Pika (NP News) - စက္တင္ဘာ ၂၄

အိႏၵိယ-ျမန္မာနယ္စပ္တစ္ေလွ်ာက္ လြတ္လပ္စြာလႈပ္ရွားသြားလာခြင့္(FMR) ကို ဖ်က္သိမ္းၿပီး နယ္စပ္ကာရံျခင္း မ်ားကို အၿပီးသတ္လုပ္ေဆာင္ရန္ ျပည္ထဲေရးဝန္ႀကီးဌာနကို တိုက္တြန္းခဲ့ေၾကာင္း မဏိပူရျပည္နယ္ဝန္ႀကီးခ်ဳပ္ N Biren Singh က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

လြတ္လပ္စြာလႈပ္ရွားသြားလာခြင့္(FMR) သည္ အိႏၵိယ-ျမန္မာနယ္စပ္ ႏွစ္ဖက္လုံးတြင္ ေနထိုင္ၾကေသာ ျပည္သူ မ်ားကို ဗီဇာမပါဘဲ ႏွစ္ဖက္လုံးရွိနယ္ေျမမ်ားတြင္(၁၆)ကီလိုမီတာအထိ သြားလာခြင့္ျပဳထားေၾကာင္းလည္း သိရသည္။ အိႏၵိယႏိုင္ငံတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာမႈမ်ားကို အစိုးရက ဆက္လက္ကိုင္တြယ္ေျဖရွင္းသြား မွာျဖစ္ၿပီး အိႏၵိယ-ျမန္မာနယ္စပ္ကို ကာရံထားျခင္းမ်ား လုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း N Biren Singh က ေျပာၾကားခဲ့သည္။

၎က "ျပည္ထဲေရးဝန္ႀကီးဌာနဟာ မဏိပူရျပည္နယ္မွာ ႏိုင္ငံတကာနယ္စပ္တစ္ေလွ်ာက္ ကီလိုမီတာ(၆ဝ) အရွည္ရွိတဲ့ ၿခံစည္း႐ိုးခတ္ဖို႔ ဆက္လက္လုပ္ေဆာင္ေနပါတယ္" ဟု ေျပာခဲ့သည္။

မဏိပူရျပည္နယ္တြင္ ျဖစ္ပြားခဲ့ေသာပဋိပကၡသည္ ယခင္အစိုးရ၏ အစီအစဥ္မက်ေသာ မူဝါဒမ်ား၏ ရလဒ္ေၾကာင့္ ျဖစ္ေၾကာင္း N Biren Singh က ေျပာၾကားခဲ့သည္။ ၎က "အိႏၵိယ-ျမန္မာနယ္စပ္တစ္ေလွ်ာက္ လြတ္လပ္စြာ လႈပ္ရွားသြားလာခြင့္ကို ဖ်က္သိမ္းဖို႔ ျပည္ထဲေရးဝန္ႀကီးဌာနကို အစိုးရက တိုက္တြန္းခဲ့ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ေတြကိုလည္း နယ္စပ္မွာ စနစ္တက်ခ်ထားၿပီး ေစာင့္ၾကပ္တာမ်ိဳးလည္းမရွိပါဘူး။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ နယ္စပ္ဇီး႐ိုးပြိဳင့္မွာ ရွိေနရမယ့္အစား အိႏၵိယနယ္ေျမတြင္း (၁၅)ကီလိုမီတာေလာက္ကေန နယ္စပ္ကို ေစာင့္ၾကပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကိစၥကို ကိုင္တြယ္ေျဖရွင္းဖို႔၊ ျပည္တြင္းကေန ရပ္စြန႔္ခြာသူေတြကို အကူအညီေတြေပးႏိုင္ဖို႔နဲ႔ ဘိန္းစိုက္ပ်ိဳးမႈေတြကို တိုက္ဖ်က္ဖို႔ စတဲ့ ျပည္တြင္း ျပႆနာေတြကို အာ႐ုံစိုက္ဖို႔လိုပါတယ္" ဟု ေျပာခဲ့သည္။

အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္တြင္ ေမလ(၃)ရက္က လူမ်ိဳးစုႏွစ္စုၾကား တိုက္ပြဲမ်ားစတင္ျဖစ္ပြားခဲ့ၿပီး လက္ရွိ အခ်ိန္ထိ လူေပါင္း(၁၇၅)ဦး ေသဆုံးခဲ့ကာ လူရာခ်ီထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ လူမ်ိဳးေရးအၾကမ္းဖက္မႈမ်ား၏ ေနာက္ကြယ္တြင္ ျမန္မာႏိုင္ငံမွ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား ပါဝင္ ေနသည္ဟု စြပ္စြဲမႈမ်ားရွိေနေၾကာင္း သိရသည္။ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္သည္ ျမန္မာႏိုင္ငံႏွင့္ (၃၉ဝ) ကီလိုမီတာထိ နယ္နိမိတ္ခ်င္းထိစပ္ေနေၾကာင္းလည္း သိရသည္။ ထို႔အျပင္ ျမန္မာႏိုင္ငံဖက္က မဏိပူရျပည္နယ္ ရွိ အၾကမ္းဖက္အဖြဲ႕မ်ားထံ ေသနတ္မ်ားကို ေထာက္ပံ့ေပးေနျခင္းျဖစ္ေၾကာင္း စြပ္စြဲေျပာဆိုမႈမ်ားလည္းရွိေနသည္။

Picture

L Mone

24/09/2023 23:06

ဖင်လှန်ပေးလို့တော့....လုပ်ချင်နေတဲ့ ရန်သူတော်ကြီးက အပြွတ်လိုက်ပေါ့ဗျာ...လေနဲ့ လက်နက်ကတော့...နှမြောမှာမဟုတ်ဘူး...

Related news

© 2021. All rights reserved.