ဥရောပသမဂ္ဂအဖွဲ့သို့ ပြန်လည်ဝင်ရောက်ရန် ဗြိတိန်နိုင်ငံတွင် လူပေါင်းထောင်ချီ ဆန္ဒပြ

887

Pika (NP News) - စက်တင်ဘာ ၂၄
ဗြိတိန်ပြည်သူထောင်ချီသည် လန်ဒန်မြို့လယ်တွင် စုဝေးခဲ့ကြပြီး ဥရောပသမဂ္ဂအဖွဲ့အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဗြိတိန်အစိုးရကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။
National Rejoin March (NRM) ကို Hyde ပန်းခြံအနီးတွင် လုပ်ဆောင်ခဲ့ကြပြီး ထောက်ခံသူများကလည်း ၎င်းတို့၏ ကားများကို ဟွန်းတီးခဲ့ကြကြောင်း သိရသည်။ ဆန္ဒပြသူများသည် "ဥရောပသမဂ္ဂအဖွဲ့ကို ပြန်လည် ဝင်ရောက်ပါ" ဆိုသည့်စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်လက်ထက်တွင် ဗြိတိန်၏ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက် ခြင်း သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းခဲ့ပြီး ၂ဝ၂၅ ခုနှစ်တွင် ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ရန် စီစဉ်ထား ကြောင်းသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လူတိုင်းက လက်လျှော့လိုက်သည်ဟု ခံစားခဲ့ရသောကြောင့် ချီတက်ဆန္ဒပြပွဲကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း National Rejoin March (NRM) ၏ ခေါင်းဆောင်ဖြစ်သလို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် Peter Corr က ပြောကြားခဲ့သည်။
၎င်းက "ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ Brexit သဘောတူညီချက်ဟာ အမှားအယွင်းတစ်ခု ပါ။ အဲဒီနှုတ်ထွက်မှုဟာ အထူးသဖြင့် အလုပ်သမားလူတန်းစားတွေနဲ့ ဆင်းရဲတဲ့လူတန်းစားတွေကို ထိခိုက်စေပါ တယ်။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ဗြိတိန်လွှတ်တော်တွင် စတုတ္တအကြီးဆုံးပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Ed Davey က ၎င်း၏ ပါတီထောက်ခံသူများသည် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရခြင်းအကြောင်းကို ဆက်လက်ပြောဆိုနေခြင်း များ ရှိတော့မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် Brexit သဘောတူ ညီချက်ကို ရပ်တန့်ရန် ယခင်က ကတိပြုခဲ့ကြောင်းလည်း သိရသည်။
Ed Davey က "ကျွန်တော်တို့ဟာ ဗြိတိန်ကို ဥရောပရဲ့အချက်အချာကျတဲ့နေရာမှာ ရှိနေစေချင်ပေမယ့် အဲဒီလိုလုပ်ဖို့က အချိန်အနည်းငယ်ယူရဦးမယ်ဆိုတာ နားလည်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ဥေရာပသမဂၢအဖြဲ႕သို႔ ျပန္လည္ဝင္ေရာက္ရန္ ၿဗိတိန္ႏိုင္ငံတြင္ လူေပါင္းေထာင္ခ်ီ ဆႏၵျပ
Pika (NP News) - စက္တင္ဘာ ၂၄
ၿဗိတိန္ျပည္သူေထာင္ခ်ီသည္ လန္ဒန္ၿမိဳ႕လယ္တြင္ စုေဝးခဲ့ၾကၿပီး ဥေရာပသမဂၢအဖြဲ႕အတြင္းသို႔ ျပန္လည္ ဝင္ေရာက္ရန္ ၿဗိတိန္အစိုးရကို ေတာင္းဆိုခဲ့ၾကေၾကာင္း သိရသည္။
National Rejoin March (NRM) ကို Hyde ပန္းၿခံအနီးတြင္ လုပ္ေဆာင္ခဲ့ၾကၿပီး ေထာက္ခံသူမ်ားကလည္း ၎တို႔၏ ကားမ်ားကို ဟြန္းတီးခဲ့ၾကေၾကာင္း သိရသည္။ ဆႏၵျပသူမ်ားသည္ "ဥေရာပသမဂၢအဖြဲ႕ကို ျပန္လည္ ဝင္ေရာက္ပါ" ဆိုသည့္စာတန္းမ်ားကို ကိုင္ေဆာင္ကာ ဆႏၵျပခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေဘာရစ္ဂြၽန္ဆင္လက္ထက္တြင္ ၿဗိတိန္၏ ဥေရာပသမဂၢအဖြဲ႕ဝင္အျဖစ္မွ ႏႈတ္ထြက္ ျခင္း သေဘာတူညီခ်က္ကို ျပန္လည္ညႇိႏႈိင္းခဲ့ၿပီး ၂ဝ၂၅ ခုႏွစ္တြင္ ျပန္လည္သုံးသပ္မႈမ်ား လုပ္ေဆာင္ရန္ စီစဥ္ထား ေၾကာင္းသိရသည္။ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး လူတိုင္းက လက္ေလွ်ာ့လိုက္သည္ဟု ခံစားခဲ့ရေသာေၾကာင့္ ခ်ီတက္ဆႏၵျပပြဲကို လုပ္ေဆာင္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း National Rejoin March (NRM) ၏ ေခါင္းေဆာင္ျဖစ္သလို ပူးတြဲတည္ေထာင္သူတစ္ဦးျဖစ္သည့္ Peter Corr က ေျပာၾကားခဲ့သည္။
၎က "ဥေရာပသမဂၢအဖြဲ႕ဝင္အျဖစ္ကေန ႏႈတ္ထြက္လိုက္တဲ့ Brexit သေဘာတူညီခ်က္ဟာ အမွားအယြင္းတစ္ခု ပါ။ အဲဒီႏႈတ္ထြက္မႈဟာ အထူးသျဖင့္ အလုပ္သမားလူတန္းစားေတြနဲ႔ ဆင္းရဲတဲ့လူတန္းစားေတြကို ထိခိုက္ေစပါ တယ္။ ကြၽန္ေတာ္တို႔ အဲဒါနဲ႔ပတ္သက္ၿပီး တစ္ခုခုလုပ္ဖို႔လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။
ၿဗိတိန္လႊတ္ေတာ္တြင္ စတုတၱအႀကီးဆုံးပါတီျဖစ္ေသာ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္ Ed Davey က ၎၏ ပါတီေထာက္ခံသူမ်ားသည္ ဥေရာပသမဂၢမွ ႏႈတ္ထြက္ရျခင္းအေၾကာင္းကို ဆက္လက္ေျပာဆိုေနျခင္း မ်ား ရွိေတာ့မည္မဟုတ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီသည္ Brexit သေဘာတူ ညီခ်က္ကို ရပ္တန႔္ရန္ ယခင္က ကတိျပဳခဲ့ေၾကာင္းလည္း သိရသည္။
Ed Davey က "ကြၽန္ေတာ္တို႔ဟာ ၿဗိတိန္ကို ဥေရာပရဲ႕အခ်က္အခ်ာက်တဲ့ေနရာမွာ ရွိေနေစခ်င္ေပမယ့္ အဲဒီလိုလုပ္ဖို႔က အခ်ိန္အနည္းငယ္ယူရဦးမယ္ဆိုတာ နားလည္ပါတယ္" ဟု ေျပာခဲ့သည္။