အနောက်အုပ်စုနိုင်ငံများက ယူကရိန်းပဋိပက္ခကို စစ်မြေပြင်တွင်ဖြေရှင်းချင်ပါက ရုရှားဖက်ကလည်း စစ်မြေပြင်တွင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရ ဆို

5496

Pika (NP News) - စက်တင်ဘာ ၂၄
အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းပဋိပက္ခကို အင်အားသုံးဖြေရှင်းရန် ကြိုးပမ်းမည်ဆိုပါက ရုရှားဖက် ကလည်း လိုအပ်သည့်လက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် က ပြောကြားခဲ့သည်။
ဆာဂေးလာရော့ဗ် က "ရုရှားဟာ စစ်မြေပြင်မှာ ရှုံးနိမ့်ရမယ်လို့ အနောက်အုပ်စုနိုင်ငံတွေက ပြောဆိုနေကြပါတယ်။ စစ်မြေပြင်မှာဖြစ်ပျက်နေတာတွေကို ဘယ်သူကမှ နားမလည်ကြသလို နားလည်ကြတဲ့လူတွေဟာာလည်း အဲဒါကို လူသိရှင်ကြား ထုတ်မပြချင်ကြပါဘူး။ အနောက်အုပ်စုနိုင်ငံတွေဟာ ပဋိပက္ခကို စစ်မြေပြင်မှာပဲဖြေရှင်းချင်တယ် ဆိုရင် ကျွန်တော်တို့ဖက်ကလည်း အဲဒီလိုပဲလုပ်မှာပါ" ဟု ပြောခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီး နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ စကားပြောဆိုမှုများရှိခဲ့ပြီးနောက် လေးရက် အကြာတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ယခုကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယူကရိန်းသမ္မတဇီလန်စကီးထံမှ အတည်ပြုချက်ရရှိထားသော ငြိမ်းချမ်းရေးဖော်မြူလားများ အပါအဝင် ယူကရိန်းပဋိပက္ခနှင့်ဆက်စပ်သည့် အချို့သောငြိမ်းချမ်းရေးဖော်မြူလာများသည် လက်တွေ့မကျကြောင်း နှင့် လူတိုင်းက အဆိုပါအချက်ကို နားလည်ကြောင်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။
ဆာဂေးလာရော့ဗ်သည် ရုရှား နှင့် ယူကရိန်းကြား ပဋိပက္ခအဆုံးသတ်ရန်အတွက် ဆွေးနွေးပွဲများလုပ်ဆောင်ရန် ရုရှားဖက်က ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့်ပတ်သက် သည့်ဖြစ်နိုင်ခြေများကို ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။ ၎င်း က "ရုရှားဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်တွေ လုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး တစ်ကြိမ်လှည့်စားခံခဲ့ရပြီးပါပြီ" ဟု ပြောခဲ့သည်။

Zawgyi Version;
အေနာက္အုပ္စုႏိုင္ငံမ်ားက ယူကရိန္းပဋိပကၡကို စစ္ေျမျပင္တြင္ေျဖရွင္းခ်င္ပါက ႐ုရွားဖက္ကလည္း စစ္ေျမျပင္ တြင္ ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ႐ုရွားအစိုးရ ဆို
Pika (NP News) - စက္တင္ဘာ ၂၄
အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ယူကရိန္းပဋိပကၡကို အင္အားသုံးေျဖရွင္းရန္ ႀကိဳးပမ္းမည္ဆိုပါက ႐ုရွားဖက္ ကလည္း လိုအပ္သည့္လက္တုံ႔ျပန္မႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ က ေျပာၾကားခဲ့သည္။
ဆာေဂးလာေရာ့ဗ္ က "႐ုရွားဟာ စစ္ေျမျပင္မွာ ရႈံးနိမ့္ရမယ္လို႔ အေနာက္အုပ္စုႏိုင္ငံေတြက ေျပာဆိုေနၾကပါတယ္။ စစ္ေျမျပင္မွာျဖစ္ပ်က္ေနတာေတြကို ဘယ္သူကမွ နားမလည္ၾကသလို နားလည္ၾကတဲ့လူေတြဟာာလည္း အဲဒါကို လူသိရွင္ၾကား ထုတ္မျပခ်င္ၾကပါဘူး။ အေနာက္အုပ္စုႏိုင္ငံေတြဟာ ပဋိပကၡကို စစ္ေျမျပင္မွာပဲေျဖရွင္းခ်င္တယ္ ဆိုရင္ ကြၽန္ေတာ္တို႔ဖက္ကလည္း အဲဒီလိုပဲလုပ္မွာပါ" ဟု ေျပာခဲ့သည္။
ယူကရိန္းသမၼတဇီလန္စကီး ႏွင့္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္တို႔ စကားေျပာဆိုမႈမ်ားရွိခဲ့ၿပီးေနာက္ ေလးရက္ အၾကာတြင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ယခုကဲ့သို႔ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ ယူကရိန္းသမၼတဇီလန္စကီးထံမွ အတည္ျပဳခ်က္ရရွိထားေသာ ၿငိမ္းခ်မ္းေရးေဖာ္ျမဴလားမ်ား အပါအဝင္ ယူကရိန္းပဋိပကၡႏွင့္ဆက္စပ္သည့္ အခ်ိဳ႕ေသာၿငိမ္းခ်မ္းေရးေဖာ္ျမဴလာမ်ားသည္ လက္ေတြ႕မက်ေၾကာင္း ႏွင့္ လူတိုင္းက အဆိုပါအခ်က္ကို နားလည္ေၾကာင္း ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့သည္။
ဆာေဂးလာေရာ့ဗ္သည္ ႐ုရွား ႏွင့္ ယူကရိန္းၾကား ပဋိပကၡအဆုံးသတ္ရန္အတြက္ ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ရန္ ႐ုရွားဖက္က ျပင္ဆင္ထားေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ႏွင့္ပတ္သက္ သည့္ျဖစ္ႏိုင္ေျခမ်ားကို ျငင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ ၎ က "႐ုရွားဟာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီ ခ်က္ေတြ လုပ္ေဆာင္ဖို႔နဲ႔ပတ္သက္ၿပီး တစ္ႀကိမ္လွည့္စားခံခဲ့ရၿပီးပါၿပီ" ဟု ေျပာခဲ့သည္။