အကြမ်းဖက်မှုမရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု အာမမခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရပြော

786

Pika (NP News) - စက်တင်ဘာ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများမရှိဘဲ အကြမ်းဖက်မှုကင်းစင်သော ရွေးကောက်ပွဲလုပ်ဆောင်နိုင်ရန်အတွက် အစိုးရက အာမမခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ထုတ်ဖော်ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် အရပ်ဘက်လုံခြုံရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya တို့၏ တွေ့ဆုံမှုအတွင်း ပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲနှင့်ပတ်သက်သောမေးခွန်းများကို AK Abdul Momen က ယခုကဲ့သို့ တုံ့ပြန်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
၎င်း က "လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင်လုပ်ချင်တယ်ဆိုတာ သိသာပါတယ်။ လာမယ့် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာလုပ်ဆောင်ဖို့ အမေရိကန်ကလည်း ပြောကြားထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု ကင်းစင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ ကျွန်တော်တို့ အာမမခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ အစိုးရတစ်ခုတည်းအပေါ် မူတည်တာမဟုတ်ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာ အကြမ်းဖက်မှုတွေ ကင်းစင် အောင် လုပ်ဆောင်ဖို့က နိုင်ငံရေးပါတီတွေအားလုံးနဲ့ ပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငြိမ်းချမ်းသောရွေးကောက်ပွဲကို လုပ်ဆောင်စေနိုင်ရန်အတွက် အမေရိကန်က ကူညီမှသာ နိုင်ငံရေးပါတီများအားလုံးနှင့် ပြည်သူများက အကြမ်းဖက်မှုကင်းစင်သောရွေးကောက်ပွဲ လုပ်ဆောင်ရန်အတွက် ပူးပေါင်းဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း AK Abdul Momen က ပြောကြားခဲ့သည်။
၎င်းက "လာမယ့်ရွေးကောက်ပွဲကို ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပသွားမှာပါ။ ကျွန်တော်တို့ ပြည်သူတွေကို ယုံကြည်ပါတယ်။ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့်တွေမရှိဘဲ ဘယ်သူကမှ အာဏာရနိုင် မယ် မထင်ပါဘူး။ တစ်ယောက်ယောက်က မဲလိမ်ပြီး အာဏာရလာခဲ့မယ်ဆိုရင်လည်း အဲဒီအစိုးရက ကြာရှည်ခံမှာ မဟုတ်ပါဘူး။ အဲဒါမျိုးတွေကို အရင်တည်းက ကြုံဖူးပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အၾကမ္းဖက္မႈမရွိေသာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မည္ဟု အာမမခံႏိုင္ေၾကာင္း ဘဂၤလားေဒ့ရွ္အစိုးရေျပာ
Pika (NP News) - စက္တင္ဘာ ၂၄
ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္သူမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈမ်ားမရွိဘဲ အၾကမ္းဖက္မႈကင္းစင္ေသာ ေ႐ြးေကာက္ပြဲလုပ္ေဆာင္ႏိုင္ရန္အတြက္ အစိုးရက အာမမခံႏိုင္ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး AK Abdul Momen က ထုတ္ေဖာ္ေျပာခဲ့သည္။
ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ၊ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး ႏွင့္ အရပ္ဘက္လုံၿခဳံေရးဆိုင္ရာ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Uzra Zeya တို႔၏ ေတြ႕ဆုံမႈအတြင္း ျပဳလုပ္ခဲ့သည့္ ဘဂၤလားေဒ့ရွ္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ေသာေမးခြန္းမ်ားကို AK Abdul Momen က ယခုကဲ့သို႔ တုံ႔ျပန္ေျဖဆိုခဲ့ျခင္း ျဖစ္သည္။
၎ က "လာမယ့္ေ႐ြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမွ်တေအာင္လုပ္ခ်င္တယ္ဆိုတာ သိသာပါတယ္။ လာမယ့္ ေ႐ြးေကာက္ပြဲကို ၿငိမ္းခ်မ္းစြာလုပ္ေဆာင္ဖို႔ အေမရိကန္ကလည္း ေျပာၾကားထားပါတယ္။ ဒါေပမယ့္ အၾကမ္းဖက္မႈ ကင္းစင္တဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔ ကြၽန္ေတာ္တို႔ အာမမခံႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။ ၿငိမ္းခ်မ္းတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔ ဆိုတာ အစိုးရတစ္ခုတည္းအေပၚ မူတည္တာမဟုတ္ပါဘူး။ လာမယ့္ေ႐ြးေကာက္ပြဲမွာ အၾကမ္းဖက္မႈေတြ ကင္းစင္ ေအာင္ လုပ္ေဆာင္ဖို႔က ႏိုင္ငံေရးပါတီေတြအားလုံးနဲ႔ ျပည္သူေတြရဲ႕ပူးေပါင္းေဆာင္႐ြက္မႈေတြကို လိုအပ္ပါတယ္" ဟု ေျပာခဲ့သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ၿငိမ္းခ်မ္းေသာေ႐ြးေကာက္ပြဲကို လုပ္ေဆာင္ေစႏိုင္ရန္အတြက္ အေမရိကန္က ကူညီမွသာ ႏိုင္ငံေရးပါတီမ်ားအားလုံးႏွင့္ ျပည္သူမ်ားက အၾကမ္းဖက္မႈကင္းစင္ေသာေ႐ြးေကာက္ပြဲ လုပ္ေဆာင္ရန္အတြက္ ပူးေပါင္းေဆာင္႐ြက္လိမ့္မည္ျဖစ္ေၾကာင္း AK Abdul Momen က ေျပာၾကားခဲ့သည္။
၎က "လာမယ့္ေ႐ြးေကာက္ပြဲကို ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ က်င္းပသြားမွာပါ။ ကြၽန္ေတာ္တို႔ ျပည္သူေတြကို ယုံၾကည္ပါတယ္။ ျပည္သူေတြရဲ႕လုပ္ပိုင္ခြင့္ေတြမရွိဘဲ ဘယ္သူကမွ အာဏာရႏိုင္ မယ္ မထင္ပါဘူး။ တစ္ေယာက္ေယာက္က မဲလိမ္ၿပီး အာဏာရလာခဲ့မယ္ဆိုရင္လည္း အဲဒီအစိုးရက ၾကာရွည္ခံမွာ မဟုတ္ပါဘူး။ အဲဒါမ်ိဳးေတြကို အရင္တည္းက ႀကဳံဖူးပါတယ္" ဟု ေျပာခဲ့သည္။