ယူကရိန်း၏ ဒရုန်း(၂၅၇)စင်း နှင့် HIMARS ဒုံးကျည်အစင်းရေ(၅ဝ)ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက် ပြော

2200

Pika (NP News) - စက်တင်ဘာ ၂၄
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များနှင့် radio-electronic warfare စနစ်များသည် ယူကရိန်း၏ ဒရုန်းအစင်းရေ(၂၆ဝ)နီးပါးကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး HIMARS ဒုံးကျည်အစင်း(၅ဝ)ခန့်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှာားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရုရှာားကာကွယ်ရေးဝန်ကြီးဌာနက "ရုရှားရဲ့လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ radio-electronic warfare စနစ်တွေဟာ ယူကရိန်းရဲ့ဒရုန်းအစင်းရေ(၂၅၇)စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့သလို HIMARS ဒုံးကျည်(၄၆)စင်း၊ Storm Shadow ခရုဇ်ဒုံးကျည်(၉)စင်း၊ JDAMဗုံး(၂)လုံး နှင့် HARM anti-radar ဒုံးကျည်(၂)စင်းတို့ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်" ဟု သတင်းထုတ်ပြန်ခဲ့သည်။
ပဋိပက္ခစတင်ဖြစ်ပွားသည့်အချိန်ကတည်းက လက်ရှိအချိန်အထိ ရုရှား၏ တပ်ဖွဲ့ဝင်များသည် ယူကရိန်း၏ စစ်လေယာဉ်(၄၇၇)စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ်(၂၄၉)စီး၊ ဒရုန်း(၇ဝ၆၇)စင်း၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် (၄၃၈) စင်း၊ တင့်ကား နှင့် သံချပ်ကာယာဉ်များ(၁၂၇ဝ၁)စီး၊ ဒုံးကျည်လောင်ချာ(၁၁၅၄)ခု၊ field artillery gun (၆၅ဝ၂) ခု နှင့် အထူးစစ်ယာဉ်များ(၁၃၃၅၁)စီးတို့ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ယူကရိန်းသည် စက်တင်ဘာလ(၂၃)ရက်တွင် ၎င်း၏ နိုင်ငံအရှေ့ပိုင်းတွင်ရှိသော ဒွန်းညက်စ်ဒေသရှိ လူနေထူထပ် သောဧရိယာများကို HARM ဒုံးကျည်များ အပါအဝင် အမျိုးမျိုးသောဒုံးကျည်(၈၅)စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ရုရှားဖက်ကစွပ်စွဲပြောခဲ့သည်။
TASS သတင်းဌာန က "ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ဒွန်းညက်စ်ဒေသကို AGM-88 HARM ဒုံးကျည်တွေ၊ (၁၅၅) မီလီမီတာ အမြောက်ကျည်တွေကို အသုံးပြုပြီး တိုက်ခိုက်မှု အကြိမ်ရေ(၂ဝ) လောက်ပြုလုပ်ခဲ့ပါတယ်။ Gorlovka မြို့ကို MLRS ကျည်တွေအပြင် (၁၅၂)မီလီမီတာနဲ့ (၁၅၅)မီလီမီတာ အမြောက်ကျည်တွေပါဝင်တဲ့ တိုက်ခိုက်မှု (၈)ကြိမ်ရှိခဲ့ပါတယ်။
Yasinovataya မြို့မှာ (၁၅၅)မီလီမီတာ အမြောက်ကျည်တွေ ပါဝင်တဲ့ ဗုံးကြဲတိုက်ခိုက်မှု(၂)ကြိမ်ရှိခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အမျိုးမျိုးသောဒုံးကျည်(၈၅)စင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောာင်ခဲ့ပါတယ်" ဟု ဖော်ပြထားသည်။

Zawgyi Version;
ယူကရိန္း၏ ဒ႐ုန္း(၂၅၇)စင္း ႏွင့္ HIMARS ဒုံးက်ည္အစင္းေရ(၅ဝ)ကို ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္ ေျပာ
Pika (NP News) - စက္တင္ဘာ ၂၄
ၿပီးခဲ့သည့္သီတင္းပတ္အတြင္း ႐ုရွား၏ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္ radio-electronic warfare စနစ္မ်ားသည္ ယူကရိန္း၏ ဒ႐ုန္းအစင္းေရ(၂၆ဝ)နီးပါးကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ၿပီး HIMARS ဒုံးက်ည္အစင္း(၅ဝ)ခန႔္ကို ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့ေၾကာင္း ႐ုရွာားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
႐ုရွာားကာကြယ္ေရးဝန္ႀကီးဌာနက "႐ုရွားရဲ႕ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ radio-electronic warfare စနစ္ေတြဟာ ယူကရိန္းရဲ႕ဒ႐ုန္းအစင္းေရ(၂၅၇)စင္းကို ဖ်က္ဆီးပစ္ႏိုင္ခဲ့သလို HIMARS ဒုံးက်ည္(၄၆)စင္း၊ Storm Shadow ခ႐ုဇ္ဒုံးက်ည္(၉)စင္း၊ JDAMဗုံး(၂)လုံး ႏွင့္ HARM anti-radar ဒုံးက်ည္(၂)စင္းတို႔ကို ၾကားျဖတ္ ဟန႔္တားႏိုင္ခဲ့ပါတယ္" ဟု သတင္းထုတ္ျပန္ခဲ့သည္။
ပဋိပကၡစတင္ျဖစ္ပြားသည့္အခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ ႐ုရွား၏ တပ္ဖြဲ႕ဝင္မ်ားသည္ ယူကရိန္း၏ စစ္ေလယာဥ္(၄၇၇)စီး၊ တိုက္ခိုက္ေရးရဟတ္ယာဥ္(၂၄၉)စီး၊ ဒ႐ုန္း(၇ဝ၆၇)စင္း၊ ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္ (၄၃၈) စင္း၊ တင့္ကား ႏွင့္ သံခ်ပ္ကာယာဥ္မ်ား(၁၂၇ဝ၁)စီး၊ ဒုံးက်ည္ေလာင္ခ်ာ(၁၁၅၄)ခု၊ field artillery gun (၆၅ဝ၂) ခု ႏွင့္ အထူးစစ္ယာဥ္မ်ား(၁၃၃၅၁)စီးတို႔ကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။
ယူကရိန္းသည္ စက္တင္ဘာလ(၂၃)ရက္တြင္ ၎၏ ႏိုင္ငံအေရွ႕ပိုင္းတြင္ရွိေသာ ဒြန္းညက္စ္ေဒသရွိ လူေနထူထပ္ ေသာဧရိယာမ်ားကို HARM ဒုံးက်ည္မ်ား အပါအဝင္ အမ်ိဳးမ်ိဳးေသာဒုံးက်ည္(၈၅)စင္းျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ ေၾကာင္း ႐ုရွားဖက္ကစြပ္စြဲေျပာခဲ့သည္။
TASS သတင္းဌာန က "ယူကရိန္းတပ္ဖြဲ႕ဝင္ေတြဟာ ဒြန္းညက္စ္ေဒသကို AGM-88 HARM ဒုံးက်ည္ေတြ၊ (၁၅၅) မီလီမီတာ အေျမာက္က်ည္ေတြကို အသုံးျပဳၿပီး တိုက္ခိုက္မႈ အႀကိမ္ေရ(၂ဝ) ေလာက္ျပဳလုပ္ခဲ့ပါတယ္။ Gorlovka ၿမိဳ႕ကို MLRS က်ည္ေတြအျပင္ (၁၅၂)မီလီမီတာနဲ႔ (၁၅၅)မီလီမီတာ အေျမာက္က်ည္ေတြပါဝင္တဲ့ တိုက္ခိုက္မႈ (၈)ႀကိမ္ရွိခဲ့ပါတယ္။
Yasinovataya ၿမိဳ႕မွာ (၁၅၅)မီလီမီတာ အေျမာက္က်ည္ေတြ ပါဝင္တဲ့ ဗုံးႀကဲတိုက္ခိုက္မႈ(၂)ႀကိမ္ရွိခဲ့ပါတယ္။ ယူကရိန္းတပ္ဖြဲ႕ဝင္ေတြဟာ အမ်ိဳးမ်ိဳးေသာဒုံးက်ည္(၈၅)စင္းနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေဆာာင္ခဲ့ပါတယ္" ဟု ေဖာ္ျပထားသည္။