မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် တောင်ကိုရီးယားနှင့် လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ထုတ်ဖော်ပြော

702

Pika (NP News) - စက်တင်ဘာ ၂၄
တရုတ်နိုင်ငံသည် အချိန်နှင့်အညီဖွံ့ဖြိုးတိုးတက်သော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် အတွက် တောင်ကိုရီးယားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ် Han Duck-soo ကို တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၊ ရုရှား နှင့် အမေရိကန်နိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်နေသည့်အချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ယခုကဲ့သို့ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ Hangzhou မြို့တွင် ကျင်းပမည့် Asian Games ပြိုင်ပွဲ ဖွင့်ပွဲမတိုင်မီ ရှီကျင့်ဖျင်သည် Han Duck-soo နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း (CCTV) သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် စက်တင်ဘာလ(၂၆)ရက်မှာ ကျင်းပမည့် တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား တို့၏ အကြီးတန်းအရာရှိများ တွေ့ဆုံဆွေးနွေးမှုမတိုင်မီ တရုတ်သမ္မတရှီကျင့်ဖျင်က ယခုကဲ့သို့ ထုတ်ပြန်ပြောခဲ့ ခြင်းဖြစ်သည်။
အဆိုပါ သုံးနိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုသည် လေးနှစ်အတွင်း ပထမဆုံးအကြိမ်ကျင်းပမည့် အစည်းအဝေးပွဲ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ သုံးနိုင်ငံကြားဆွေးနွေးပွဲကို ကြိုဆိုကြောင်း နှင့် အစည်းအဝေးပွဲအတွက် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်မည့်ကိစ္စကို အလေးအနက်ထားစဉ်းစားသွားမည်ဖြစ်ကြောင်း Han Duck-soo ကို ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း သိရသည်။
သုံးနိုင်ကြားအစည်းအဝေး (သို့မဟုတ်) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ သွားရောက်လည်ပတ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်၏ မှတ်ချက်များကို တရုတ်ဖက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမျိုးမရှိကြောင်း လည်း သိရသည်။ ထို့အပြင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက် တောင်ကိုရီးယား၏ အပြုသဘောဆောင်သောဆန္ဒများကို တရုတ်နိုင်ငံက အလေးထားကြောင်း ရှီကျင့်ဖျင်က ပြောခဲ့သည်။
ယခုလအစောပိုင်းတွင် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း သွားရောက်လည်ပတ်ခဲ့ပြီး နောက် တောင်ကိုရီးယား အပါအဝင် ၎င်း၏ မိတ်ဖက်နိုင်ငံများဖြစ်သော အမေရိကန်၊ ဂျပန် တို့နှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား တင်းမာမှုများပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

Zawgyi Version;
မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးကို ပိုမိုျမႇင့္တင္ႏိုင္ရန္အတြက္ ေတာင္ကိုရီးယားႏွင့္ လက္တြဲလုပ္ေဆာင္ သြားရန္ ဆႏၵရွိေၾကာင္း တ႐ုတ္သမၼတ ထုတ္ေဖာ္ေျပာ
Pika (NP News) - စက္တင္ဘာ ၂၄
တ႐ုတ္ႏိုင္ငံသည္ အခ်ိန္ႏွင့္အညီဖြံ႕ၿဖိဳးတိုးတက္ေသာ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရးကို ပိုမိုျမႇင့္တင္ရန္ အတြက္ ေတာင္ကိုရီးယားႏိုင္ငံႏွင့္ လက္တြဲလုပ္ေဆာင္ရန္ ဆႏၵရွိေၾကာင္း ေတာင္ကိုရီးယားဝန္ႀကီးခ်ဳပ္ Han Duck-soo ကို တ႐ုတ္သမၼတရွီက်င့္ဖ်င္က ေျပာၾကားခဲ့သည္။
ေျမာက္ကိုရီးယား၊ ႐ုရွား ႏွင့္ အေမရိကန္ႏိုင္ငံတို႔ၾကား တင္းမာမႈမ်ားျမင့္တက္ေနသည့္အခ်ိန္တြင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ယခုကဲ့သို႔ထုတ္ေဖာ္ေျပာခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံ Hangzhou ၿမိဳ႕တြင္ က်င္းပမည့္ Asian Games ၿပိဳင္ပြဲ ဖြင့္ပြဲမတိုင္မီ ရွီက်င့္ဖ်င္သည္ Han Duck-soo ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္း (CCTV) သတင္းဌာနက ေဖာ္ျပခဲ့သည္။
ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တြင္ စက္တင္ဘာလ(၂၆)ရက္မွာ က်င္းပမည့္ တ႐ုတ္၊ ဂ်ပန္ ႏွင့္ ေတာင္ကိုရီးယား တို႔၏ အႀကီးတန္းအရာရွိမ်ား ေတြ႕ဆုံေဆြးေႏြးမႈမတိုင္မီ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ယခုကဲ့သို႔ ထုတ္ျပန္ေျပာခဲ့ ျခင္းျဖစ္သည္။
အဆိုပါ သုံးႏိုင္ငံၾကား ေတြ႕ဆုံေဆြးေႏြးမႈသည္ ေလးႏွစ္အတြင္း ပထမဆုံးအႀကိမ္က်င္းပမည့္ အစည္းအေဝးပြဲ တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ သုံးႏိုင္ငံၾကားေဆြးေႏြးပြဲကို ႀကိဳဆိုေၾကာင္း ႏွင့္ အစည္းအေဝးပြဲအတြက္ ေတာင္ကိုရီးယားႏိုင္ငံသို႔ သြားေရာက္လည္ပတ္မည့္ကိစၥကို အေလးအနက္ထားစဥ္းစားသြားမည္ျဖစ္ေၾကာင္း Han Duck-soo ကို ရွီက်င့္ဖ်င္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
သုံးႏိုင္ၾကားအစည္းအေဝး (သို႔မဟုတ္) ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕သို႔ သြားေရာက္လည္ပတ္မည့္ကိစၥႏွင့္ ပတ္သက္ၿပီး ရွီက်င့္ဖ်င္၏ မွတ္ခ်က္မ်ားကို တ႐ုတ္ဖက္က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားျခင္းမ်ိဳးမရွိေၾကာင္း လည္း သိရသည္။ ထို႔အျပင္ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ရန္အတြက္ ေတာင္ကိုရီးယား၏ အျပဳသေဘာေဆာင္ေသာဆႏၵမ်ားကို တ႐ုတ္ႏိုင္ငံက အေလးထားေၾကာင္း ရွီက်င့္ဖ်င္က ေျပာခဲ့သည္။
ယခုလအေစာပိုင္းတြင္ ႐ုရွားႏိုင္ငံသို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း သြားေရာက္လည္ပတ္ခဲ့ၿပီး ေနာက္ ေတာင္ကိုရီးယား အပါအဝင္ ၎၏ မိတ္ဖက္ႏိုင္ငံမ်ားျဖစ္ေသာ အေမရိကန္၊ ဂ်ပန္ တို႔ႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံတို႔ၾကား တင္းမာမႈမ်ားပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရသည္။