ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အချက်ကို ဘရာဇီးသမ္မတ ထုတ်ဖော်ပြော

1468

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၄
ဘရာဇီးသမ္မတ လူလာဒါဆေးဗားက စစ်ရေးဆောင်ရွက်ချက်များဟာ ယူကရိန်းပဋိပက္ခအဆုံးသတ်မယ့် အဖြေမျိုးမဟုတ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။
ဘရာဇီးသမ္မတဟာ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာချိန်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့တွေ့ဆုံချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ယူကရိန်း နဲ့ ရုရှားနိုင်ငံကြား ဖြစ်ပွားနေတဲ့စစ်ပွဲကို ငြိမ်းချမ်းစွာအဖြေရှာဖို့ကို ဘရာဇီးသမ္မတ နဲ့ ယူကရိန်းသမ္မတတို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ အကောင်းဆုံးနည်းလမ်းက တိုက်ပွဲတွေကို ရပ်တန့်ရမှာဖြစ်ကြောင်း ဘရာဇီးသမ္မတက ထပ်မံပြောဆိုခဲ့ပါတယ်။
ဘရာဇီးနိုင်ငံဟာ ရုရှားနဲ့တရုတ်တို့ ဦးဆောင်ပါဝင်နေတဲ့ BRICS အဖွဲ့မှာ ပါဝင်နေသူဖြစ်ပြီး၊ ရုရှားသမ္မတနဲ့နီးစပ်မှုရှိကာ စစ်ပွဲအဆုံးသတ်ရေးအတွက် ကြားဝင်စေ့စပ်ပေးဖို့ အဆိုပြုကမ်းလှမ်းခဲ့ဖူးသူဖြစ်ပါတယ်။
ဘရာဇီးသမ္မတက ၎င်းအနေနဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိစေဖို့အတွက် ပူးပေါင်းကြိုးပမ်းမှုတွေမှာပါဝင်ဖို့ ဆန္ဒရှိနေကြောင်း ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
ယူကရိန်းဟာ ဇွန်လအစောပိုင်းမှာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ရုရှားအပေါ် ကြီးမားတဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရဘဲ ရှိနေကြောင်း သိရပါတယ်။
ယူကရိန်းစစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုဟာ ယူကရိန်းဘက်က ကူညီထောက်ပံ့ပေးနေပြီး စစ်ပွဲအဆုံးသတ်မှာ လိုလားမှုမရှိကြောင်း အစောပိုင်းကသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲအဆုံးသတ္ဖို႔ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတဲ့အခ်က္ကို ဘရာဇီးသမၼတ ထုတ္ေဖာ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၄
ဘရာဇီးသမၼတ လူလာဒါေဆးဗားက စစ္ေရးေဆာင္႐ြက္ခ်က္မ်ားဟာ ယူကရိန္းပဋိပကၡအဆုံးသတ္မယ့္ အေျဖမ်ိဳးမဟုတ္ေၾကာင္း သတိေပးေျပာဆိုလိုက္ပါတယ္။
ဘရာဇီးသမၼတဟာ ကုလသမဂၢအေထြေထြညီလာခံကို တက္ေရာက္လာခ်ိန္မွာ ယူကရိန္းသမၼတ ဇီလန္စကီးနဲ႔ေတြ႕ဆုံခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
ယူကရိန္း နဲ႔ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနတဲ့စစ္ပြဲကို ၿငိမ္းခ်မ္းစြာအေျဖရွာဖို႔ကို ဘရာဇီးသမၼတ နဲ႔ ယူကရိန္းသမၼတတို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။ ယူကရိန္းစစ္ပြဲကိုအဆုံးသတ္ဖို႔ အေကာင္းဆုံးနည္းလမ္းက တိုက္ပြဲေတြကို ရပ္တန႔္ရမွာျဖစ္ေၾကာင္း ဘရာဇီးသမၼတက ထပ္မံေျပာဆိုခဲ့ပါတယ္။
ဘရာဇီးႏိုင္ငံဟာ ႐ုရွားနဲ႔တ႐ုတ္တို႔ ဦးေဆာင္ပါဝင္ေနတဲ့ BRICS အဖြဲ႕မွာ ပါဝင္ေနသူျဖစ္ၿပီး၊ ႐ုရွားသမၼတနဲ႔နီးစပ္မႈရွိကာ စစ္ပြဲအဆုံးသတ္ေရးအတြက္ ၾကားဝင္ေစ့စပ္ေပးဖို႔ အဆိုျပဳကမ္းလွမ္းခဲ့ဖူးသူျဖစ္ပါတယ္။
ဘရာဇီးသမၼတက ၎အေနနဲ႔ ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိေစဖို႔အတြက္ ပူးေပါင္းႀကိဳးပမ္းမႈေတြမွာပါဝင္ဖို႔ ဆႏၵရွိေနေၾကာင္း ေျပာပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားတို႔ဟာ ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာတိုက္ပြဲမ်ား စတင္ျဖစ္ပြားလာခဲ့ၿပီးေနာက္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ကာ လက္ရွိအခ်ိန္အထိ ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။
ယူကရိန္းဟာ ဇြန္လအေစာပိုင္းမွာ သိမ္းပိုက္ခံထားရတဲ့နယ္ေျမေတြကို ျပန္လည္သိမ္းယူႏိုင္ဖို႔ ႐ုရွားအေပၚ ႀကီးမားတဲ့တန္ျပန္ထိုးစစ္ဆင္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရဘဲ ရွိေနေၾကာင္း သိရပါတယ္။
ယူကရိန္းစစ္ပြဲမွာ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုဟာ ယူကရိန္းဘက္က ကူညီေထာက္ပံ့ေပးေနၿပီး စစ္ပြဲအဆုံးသတ္မွာ လိုလားမႈမရွိေၾကာင္း အေစာပိုင္းကသတင္းေတြ ထြက္ေပၚခဲ့ပါတယ္။