လျှပ်စစ်ဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာ(၅ဝ)နီးပါးအတွက် ဝန်ထမ်းများခေါ်ယူနေ

976
Pearl (NP News) - စက်တင်ဘာ ၂၅
လျှပ်စစ်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းလက်အောက်တွင် လစ်လပ်လျက်ရှိသော အငယ်တန်း အင်ဂျင်နီယာ -၂ (စက်မှု/ လျှပ်စစ်/ မြို့ပြ) ရာထူး (၄၉) နေရာအတွက် ဝန်ထမ်းများခေါ်ယူနေကြောင်းသိရသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ယနေ့ (စက်တင်ဘာလ ၂၅ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။
အဆိုပါဌာန၌ လစ်လပ်လျက်ရှိသော အငယ်တန်းအင်ဂျင်နီယာ -၂ (လျှပ်စစ်/စက်မှု) A.G.T.I (EP) အတွက် ( ၃၈) နေရာ၊ A.G.T.I (IT) အတွက် (၁၀)နေရာနှင့် (မြို့ပြ) A.G.T.I (Civil) အတွက် (၁)နေရာ ခေါ်ယူမည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် လာမည့် အောက်တိုဘာလ(၃၁)ရက်တွင် အသက်(၃၅)၊ ဝန်ထမ်းဖြစ်ပါက အသက် (၄၀)နှစ် နှင့်အထက်မကြီးသူဖြစ်ရန်လိုအပ်ကြောင်းသိရသည်။
လျှောက်လွှာများကို လျှပ်စစ်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စီမံခန့်ခွဲရေး နေပြည်တော်တွင်ရယူ၍ အောက်တိုဘာလ(၃၁)ရက်နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲအား နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အင်္ဂလိပ်စာ နှင့် အင်ဂျင်နီယာ ဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
ရွေးချယ်ခြင်းခံရပါက နိုင်ငံ့ဝန်ထမ်းအဖြစ်အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံကတိပြုချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်စည်းကမ်းဖောက်ဖျက်ပါက ငွေကျပ်(၁ဝ)သိန်းကို ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္ဝန္ႀကီးဌာနတြင္ လစ္လပ္လ်က္ရွိသည့္ ရာထူးေနရာ(၅ဝ)နီးပါးအတြက္ ဝန္ထမ္းမ်ားေခၚယူေန
Pearl (NP News) - စက္တင္ဘာ ၂၅
လွ်ပ္စစ္ဝန္ႀကီးဌာန၊ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္းလက္ေအာက္တြင္ လစ္လပ္လ်က္ရွိေသာ အငယ္တန္း အင္ဂ်င္နီယာ -၂ (စက္မႈ/ လွ်ပ္စစ္/ ၿမိဳ႕ျပ) ရာထူး (၄၉) ေနရာအတြက္ ဝန္ထမ္းမ်ားေခၚယူေနေၾကာင္းသိရသည္။
လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္းမွ ယေန႔ (စက္တင္ဘာလ ၂၅ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေၾကညာထားျခင္းျဖစ္သည္။
အဆိုပါဌာန၌ လစ္လပ္လ်က္ရွိေသာ အငယ္တန္းအင္ဂ်င္နီယာ -၂ (လွ်ပ္စစ္/စက္မႈ) A.G.T.I (EP) အတြက္ ( ၃၈) ေနရာ၊ A.G.T.I (IT) အတြက္ (၁၀)ေနရာႏွင့္ (ၿမိဳ႕ျပ) A.G.T.I (Civil) အတြက္ (၁)ေနရာ ေခၚယူမည္ျဖစ္ၿပီး ေလွ်ာက္ထားလိုသူမ်ားသည္ လာမည့္ ေအာက္တိုဘာလ(၃၁)ရက္တြင္ အသက္(၃၅)၊ ဝန္ထမ္းျဖစ္ပါက အသက္ (၄၀)ႏွစ္ ႏွင့္အထက္မႀကီးသူျဖစ္ရန္လိုအပ္ေၾကာင္းသိရသည္။
ေလွ်ာက္လႊာမ်ားကို လွ်ပ္စစ္ဝန္ႀကီးဌာန၊ ႐ုံးအမွတ္(၂၇)၊ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေရးလုပ္ငန္း၊ စီမံခန႔္ခြဲေရး ေနျပည္ေတာ္တြင္ရယူ၍ ေအာက္တိုဘာလ(၃၁)ရက္ေနာက္ဆုံးထား၍ ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ေရးေျဖစာေမးပြဲအား ေနျပည္ေတာ္၌ က်င္းပမည္ျဖစ္ၿပီး အဂၤလိပ္စာ ႏွင့္ အင္ဂ်င္နီယာ ဘာသာရပ္တို႔ကို ေျဖဆိုရမည္ျဖစ္ေၾကာင္းသိရသည္။
ေ႐ြးခ်ယ္ျခင္းခံရပါက ႏိုင္ငံ့ဝန္ထမ္းအျဖစ္အနည္းဆုံး (၅)ႏွစ္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ဝန္ခံကတိျပဳခ်ဳပ္ဆိုရမည္ျဖစ္ၿပီး စာခ်ဳပ္စည္းကမ္းေဖာက္ဖ်က္ပါက ေငြက်ပ္(၁ဝ)သိန္းကို ေပးေလ်ာ္ရမည္ျဖစ္ေၾကာင္း သိရသည္။