သံတောင်ကြီးမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

 657

NP News - စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအား လက် နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်၊ နံနက် ၉နာရီအချိန်တွင် သံတောင်ကြီးမြို့ နယ်၊ ဘောဂလိမြို့၊ ရေသိုးကြီးကျေးရွာအနီးရှိ တောအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင့်ဆွေသည် ၎င်း၏နေအိမ်၌ရှိနေစဉ် လက်နက်ကိုင်အဖွဲ့မှရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားကာ အထက်ပါ တောအတွင်း၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးတင့်ဆွေ(၅၁)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါနေ့ နံနက် ၉နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စကျင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဉာဏ်ဝင်းသည် ၎င်းအိမ်ရှေ့တွင် ထိုင်နေစဉ် PDFအဖွဲ့ အင်အား (၅)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စကျင်ကျေးရွာနေ ဦးသန်းဉာဏ်ဝင်း(၄၁)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာ (၄)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
သံေတာင္ႀကီးၿမိဳ႕နယ္တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးအား လက္နက္ကိုင္အဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္
NP News - စက္တင္ဘာ ၂၅

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးအား လက္ နက္ကိုင္အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၂ရက္၊ နံနက္ ၉နာရီအခ်ိန္တြင္ သံေတာင္ႀကီးၿမိဳ႕ နယ္၊ ေဘာဂလိၿမိဳ႕၊ ေရသိုးႀကီးေက်း႐ြာအနီးရွိ ေတာအတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေဘာဂလိၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္တြင္ ေနထိုင္သည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးတင့္ေဆြသည္ ၎၏ေနအိမ္၌ရွိေနစဥ္ လက္နက္ကိုင္အဖြဲ႕မွေရာက္ရွိလာၿပီး ၎အား ဖမ္းဆီးေခၚေဆာင္သြားကာ အထက္ပါ ေတာအတြင္း၌ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးတင့္ေဆြ(၅၁)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အလားတူ အဆိုပါနေ့ နံနက္ ၉နာရီအခ်ိန္တြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ စက်င္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းဉာဏ္ဝင္းသည္ ၎အိမ္ေရွ႕တြင္ ထိုင္ေနစဥ္ PDFအဖြဲ႕ အင္အား (၅)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ စက်င္ေက်း႐ြာေန ဦးသန္းဉာဏ္ဝင္း(၄၁)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာ (၄)ခ်က္ရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္မ်ားမွ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.