ကမ္ဘာမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေအပေါ် ကြားဝင်စွက်ဖက်မှာမဟုတ်ဘဲ ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်သွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

 541

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံအဖြစ် ရှိနေတဲ့အတွက် ကြားနေနိုင်ငံအဖြစ်သာ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး ကမ္ဘာမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေမှာ ဘယ်နိုင်ငံဖက်မှ ရပ်တည် သွားမှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဟွန်မာနက်ဟာ ကုလသမဂ္ဂအစည်းအဝေးကို တက်ရောက်လာချိန်အတွင်း အမေရိကန်နိုင်ငံရောက် ကမ္ဘောဒီးယားနိုင်ငံသားတွေနဲ့တွေ့ဆုံချိန်အတွင်း အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

၎င်းက "ကမ္ဘောဒီးယားနိုင်ငံမှာ မိတ်ဆွေနိုင်ငံတွေ ရှိနေပါတယ်။ အဲဒီနိုင်ငံတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်မှာပါ" လို့ ပြောပါတယ်။

ဟွန်မာနက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမှုအပေါ် ကမ္ဘာတဝန်းရှိ နိုင်ငံများအနက်မှ နိုင်ငံပေါင်း ၄၉ နိုင်ငံရဲ့ခေါင်းဆောင်ပေါင်း ၅၉ နိုင်ငံက ထောက်ခံကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ ဟွန်မာနက်က "ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ ဘယ်နိုင်ငံရဲ့စစ်တပ်ကို စစ်အခြေစိုက်စခန်း တည်ဆောက်ခွင့်ပေးမှာ မဟုတ်ဘူး။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဟာ အခြားတစ်နိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက်မယ့်အဖွဲ့အစည်း၊ နိုင်ငံတွေကို ကမ္ဘောဒီးယားနိုင်ငံပိုင်နက်ကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေးမှာ အင်အားသုံးဖြေရှင်းတာ၊ ခြိမ်းခြောက်တာကို ဆန့်ကျင်သွားမှာဖြစ်သလို အခြားတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်း၊ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းများကို ဆန့်ကျင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်က ပြောပါတယ်။

ဟွန်မာနက်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာကြာ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် နဲ့ ဝန်ကြီးချုပ်ရာထူးများကို ရယူခဲ့ဖူးတဲ့ ဟွန်ဆန်ရဲ့သားအကြီးဆုံးဖြစ်ပြီး၊ ပြီးခဲ့တဲ့လပိုင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ် ခံခဲ့ရသူဖြစ်ပါတယ်။

Zawgyi Version;
ကမာၻမွာျဖစ္ပြားေနတဲ့ပဋိပကၡေတြအေပၚ ၾကားဝင္စြက္ဖက္မွာမဟုတ္ဘဲ ၾကားေနႏိုင္ငံအျဖစ္သာ ရပ္တည္သြားမွာျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

ကေမာၻဒီးယားႏိုင္ငံအေနနဲ႔ ဘက္မလိုက္လႈပ္ရွားမႈအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ရွိေနတဲ့အတြက္ ၾကားေနႏိုင္ငံအျဖစ္သာ ဆက္လက္ရပ္တည္သြားမွာျဖစ္ၿပီး ကမာၻမွာျဖစ္ပြားေနတဲ့လက္နက္ကိုင္ပဋိပကၡေတြမွာ ဘယ္ႏိုင္ငံဖက္မွ ရပ္တည္ သြားမွာ မဟုတ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အသစ္ ဟြန္မာနက္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဟြန္မာနက္ဟာ ကုလသမဂၢအစည္းအေဝးကို တက္ေရာက္လာခ်ိန္အတြင္း အေမရိကန္ႏိုင္ငံေရာက္ ကေမာၻဒီးယားႏိုင္ငံသားေတြနဲ႔ေတြ႕ဆုံခ်ိန္အတြင္း အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

၎က "ကေမာၻဒီးယားႏိုင္ငံမွာ မိတ္ေဆြႏိုင္ငံေတြ ရွိေနပါတယ္။ အဲဒီႏိုင္ငံေတြနဲ႔ ပိုမိုေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္မွာပါ" လို႔ ေျပာပါတယ္။

ဟြန္မာနက္က ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံရမႈအေပၚ ကမာၻတဝန္းရွိ ႏိုင္ငံမ်ားအနက္မွ ႏိုင္ငံေပါင္း ၄၉ ႏိုင္ငံရဲ႕ေခါင္းေဆာင္ေပါင္း ၅၉ ႏိုင္ငံက ေထာက္ခံေၾကာင္းသဝဏ္လႊာမ်ား ေပးပို႔ခဲ့ေၾကာင္း သိရပါတယ္။ ဟြန္မာနက္က "ကေမာၻဒီးယားႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာ ရွင္းရွင္းလင္းလင္းေဖာ္ျပထားၿပီးျဖစ္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံအတြင္းမွာ ဘယ္ႏိုင္ငံရဲ႕စစ္တပ္ကို စစ္အေျခစိုက္စခန္း တည္ေဆာက္ခြင့္ေပးမွာ မဟုတ္ဘူး။ ဒါ့အျပင္ ကေမာၻဒီးယားႏိုင္ငံဟာ အျခားတစ္ႏိုင္ငံအေပၚ ဆန႔္က်င္တိုက္ခိုက္မယ့္အဖြဲ႕အစည္း၊ ႏိုင္ငံေတြကို ကေမာၻဒီးယားႏိုင္ငံပိုင္နက္ကို အသုံးျပဳခြင့္ေပးမွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။

ကေမာၻဒီးယားႏိုင္ငံဟာ ႏိုင္ငံတကာဆက္ဆံေရးမွာ အင္အားသုံးေျဖရွင္းတာ၊ ၿခိမ္းေျခာက္တာကို ဆန႔္က်င္သြားမွာျဖစ္သလို အျခားတစ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ျခင္း၊ လြတ္လပ္တဲ့ႏိုင္ငံတစ္ႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ျခင္းမ်ားကို ဆန႔္က်င္သြားမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္မာနက္က ေျပာပါတယ္။

ဟြန္မာနက္ဟာ ကေမာၻဒီးယားႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာၾကာ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးခ်ဳပ္ နဲ႔ ဝန္ႀကီးခ်ဳပ္ရာထူးမ်ားကို ရယူခဲ့ဖူးတဲ့ ဟြန္ဆန္ရဲ႕သားအႀကီးဆုံးျဖစ္ၿပီး၊ ၿပီးခဲ့တဲ့လပိုင္းမွာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ ခံခဲ့ရသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.