ထိုင်းနိုင်ငံမှာ လာမယ့်နှစ်အနည်းငယ်အတွင်း Tesla၊ Microsoft အပါအဝင် ကမ္ဘာကျော်ကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံ့ဖို့ မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

 595

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅

ထိုင်းအစိုးရအနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာအချမ်းသာဆုံး ဘီလျံနာဖြစ်သူအီလွန်မတ် ပိုင်ဆိုင်တဲ့ Tesla လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ၊ Google နဲ့ Microsoft ကုမ္ပဏီတို့ဟာ ထိုင်းနိုင်ငံအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ မျှော်လင့်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင် က ထုတ်ဖော်ပြောလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ကုလသမဂ္ဂညီလာခံကိုတက်ရောက်ဖို့ အမေရိကန်နိုင်ငံကို သွားရောက်ချိန်အတွင်း ကမ္ဘာကျော်ကုမ္ပဏီတွေဖြစ်တဲ့ Tesla, Google နဲ့ Microsoft ကုမ္ပဏီတို့က တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်က "အီလွန်မတ်ရဲ့ Tesla ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ EV ကား ထုတ်လုပ်ရေးစက်ရုံတည်ထောင်ဖို့ ပစ်မှတ်ထားနေတယ်။ ဒါ့အပြင် Microsoft နဲ့ Google ကုမ္ပဏီတို့ဟာ ထိုင်းနိုင်ငံမှာ ဒေတာစင်တာ တည်ထောင်ဖို့ လည်း ပစ်မှတ်ထားနေတယ်" လို့ ပြောပါတယ်။

Tesla, Google နဲ့ Microsoft ကုမ္ပဏီတို့ကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးကြောင်း သိရပါတယ်။ ဆာရက်သာတာဗီဆင်ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့အသစ်ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းမှုအဖြစ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ ပြည်တွင်းမှာ EV ကား ဝယ်ယူသူတွေကို အခွန်ကောက်ခံမှု လျော့ချပေးထားပြီး ဒေသအတွင်းမှာ EV ကား ဈေးကွက်ကို ဦးဆောင်တဲ့နိုင်ငံဖြစ်စေဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်အသစ် က "ကျွန်တော်တို့ဟာ နိုင်ငံခြားကုမ္ပဏီတွေကို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့တွေကတော့ အလျင်စလိုလုပ်ဦးမှာပါ။ ရင်းနှီးမြှုပ်နှံမယ့်သူတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို မလုပ်ခင် အခွန်၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးတည်ငြိမ်မှုတွေကို အဓိကထား စဉ်းစားတွက်ချက်ကြမှာ ဖြစ်တယ်" လို့ ပြောပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ လာမယ့္ႏွစ္အနည္းငယ္အတြင္း Tesla၊ Microsoft အပါအဝင္ ကမာၻေက်ာ္ကုမၸဏီႀကီးေတြ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ႔ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅

ထိုင္းအစိုးရအေနနဲ႔ လာမယ့္ႏွစ္အနည္းငယ္အတြင္း ကမာၻအခ်မ္းသာဆုံး ဘီလ်ံနာျဖစ္သူအီလြန္မတ္ ပိုင္ဆိုင္တဲ့ Tesla လွ်ပ္စစ္ကားထုတ္လုပ္ေရးကုမၸဏီ၊ Google နဲ႔ Microsoft ကုမၸဏီတို႔ဟာ ထိုင္းႏိုင္ငံအတြင္း အနည္းဆုံး အေမရိကန္ေဒၚလာ ၅ ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံသြားမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာတာဗီဆင္ က ထုတ္ေဖာ္ေျပာလိုက္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ကုလသမဂၢညီလာခံကိုတက္ေရာက္ဖို႔ အေမရိကန္ႏိုင္ငံကို သြားေရာက္ခ်ိန္အတြင္း ကမာၻေက်ာ္ကုမၸဏီေတြျဖစ္တဲ့ Tesla, Google နဲ႔ Microsoft ကုမၸဏီတို႔က တာဝန္ရွိသူမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ ေၾကာင္း သိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္က "အီလြန္မတ္ရဲ႕ Tesla ကုမၸဏီဟာ ထိုင္းႏိုင္ငံမွာ EV ကား ထုတ္လုပ္ေရးစက္႐ုံတည္ေထာင္ဖို႔ ပစ္မွတ္ထားေနတယ္။ ဒါ့အျပင္ Microsoft နဲ႔ Google ကုမၸဏီတို႔ဟာ ထိုင္းႏိုင္ငံမွာ ေဒတာစင္တာ တည္ေထာင္ဖို႔ လည္း ပစ္မွတ္ထားေနတယ္" လို႔ ေျပာပါတယ္။

Tesla, Google နဲ႔ Microsoft ကုမၸဏီတို႔ကေတာ့ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး တစ္စုံတရာမွတ္ခ်က္ျပဳ ေျပာဆိုျခင္း မရွိေသးေၾကာင္း သိရပါတယ္။ ဆာရက္သာတာဗီဆင္ဦးေဆာင္တဲ့ ထိုင္းအစိုးရအဖြဲ႕အသစ္ဟာ ထိုင္းႏိုင္ငံရဲ႕ စီးပြားေရးကို ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ႀကိဳးပမ္းမႈအျဖစ္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဖိတ္ေခၚႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

ထိုင္းႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ျပည္တြင္းမွာ EV ကား ဝယ္ယူသူေတြကို အခြန္ေကာက္ခံမႈ ေလ်ာ့ခ်ေပးထားၿပီး ေဒသအတြင္းမွာ EV ကား ေဈးကြက္ကို ဦးေဆာင္တဲ့ႏိုင္ငံျဖစ္ေစဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ က "ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံျခားကုမၸဏီေတြကို ထိုင္းႏိုင္ငံမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဖိတ္ေခၚခဲ့တယ္။ သူတို႔ေတြကေတာ့ အလ်င္စလိုလုပ္ဦးမွာပါ။ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူေတြဟာ သူတို႔ရဲ႕လုပ္ငန္းေတြကို မလုပ္ခင္ အခြန္၊ တရားဥပေဒစိုးမိုးမႈ၊ ႏိုင္ငံေရးတည္ၿငိမ္မႈေတြကို အဓိကထား စဥ္းစားတြက္ခ်က္ၾကမွာ ျဖစ္တယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.