PhD ဘွဲ့ရယူရန် ကြိုးပမ်းနေသော မြန်မာနိုင်ငံသားကို ပြန်ကယ်တင်နိုင်ပြီး ပြန်ပေးဆွဲခဲ့သူ ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ဟု အိန္ဒိယရဲတပ်ဖွဲ့ပြော

1399

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၅
အိန္ဒိယရဲတပ်ဖွဲ့သည် Shantiniketan မြို့ရှိ Visva Bharati တက္ကသိုလ်တွင် PhD ဘွဲ့ရယူရန် ကြိုးပမ်းနေသော မြန်မာနိုင်ငံသားကို ပြန်ပေးဆွဲခဲ့သော ပြန်ပေးသမား ၁၂ ဦးကို စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
PhD ဘွဲ့ရယူရန် ကြိုးပမ်းနေသော မြန်မာနိုင်ငံသားသည် ပြီးခဲ့သောရက်ပိုင်းတွင် အနောက်ဘန်ဂေါပြည်နယ်ရှိ လူလိမ်ဂိုဏ်းများ၊ ပြန်ပေးအုပ်စုများ၏ ဖမ်းဆီးခြင်းခံရကာ အဆက်အသွယ်မရဘဲရှိနေခဲ့ကြောင်း သိရသည်။ အိန္ဒိယရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသား ပြန်ပေးဆွဲခံရပြီးနောက် CCTV မှတ်တမ်းများ နှင့် ဖုန်းမှတ်တမ်းများကို စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားကို အနောက်ဘန်ဂေါပြည်နယ် အိုဒစ်ဟာမြို့မှ ပြန်လည်ကယ်တင်နိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပြန်ပေးဆွဲမှုနှင့်ပတ်သက်ပြီး ဆက်နွယ်နေသူ စုစုပေါင်း ၁၂ ဦးရှိခဲ့ပြီး အဲဒီသူ အားလုံးကိုလည်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံရသည့်အဓိကအကြောင်းအရင်းကို အတိအကျမသေးဘဲ စစ်မေးမြန်းနေ ဆဲဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါပြန်ပေးဆွဲမှုသည် ငွေကြေးအငြင်းပွားမှုများမှတဆင့် ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်ပေးဆွဲခဲ့သူ ၁၂ ဦးအနက် လေးဦးက Dubarajpur မြို့တွင် နေထိုင်သူများဖြစ်ကာ အခြားသူများက Medinipur မြို့အရှေ့ပိုင်းတွင် နေထိုင်သူများဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။
မြန်မာနိုင်ငံသားသည် Bolpur မြို့ရှိ အိမ်တစ်အိမ်ကို ငှားရမ်းနေထိုင်နေကာ PhD ဘွဲ့ရယူရန် ကြိုးပမ်းနေသူဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် လူ ၇ ဦးက အနက်ရောင် SUV ကားဖြင့်လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

Zawgyi Version;
PhD ဘြဲ႕ရယူရန္ ႀကိဳးပမ္းေနေသာ ျမန္မာႏိုင္ငံသားကို ျပန္ကယ္တင္ႏိုင္ၿပီး ျပန္ေပးဆြဲခဲ့သူ ၁၂ ဦးကို ဖမ္းဆီးႏိုင္ခဲ့ဟု အိႏၵိယရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၅
အိႏၵိယရဲတပ္ဖြဲ႕သည္ Shantiniketan ၿမိဳ႕ရွိ Visva Bharati တကၠသိုလ္တြင္ PhD ဘြဲ႕ရယူရန္ ႀကိဳးပမ္းေနေသာ ျမန္မာႏိုင္ငံသားကို ျပန္ေပးဆြဲခဲ့ေသာ ျပန္ေပးသမား ၁၂ ဦးကို စက္တင္ဘာ ၂၃ ရက္က ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း အိႏၵိယအေျခစိုက္သတင္းမ်ားတြင္ ေဖာ္ျပထားသည္။
PhD ဘြဲ႕ရယူရန္ ႀကိဳးပမ္းေနေသာ ျမန္မာႏိုင္ငံသားသည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ အေနာက္ဘန္ေဂါျပည္နယ္ရွိ လူလိမ္ဂိုဏ္းမ်ား၊ ျပန္ေပးအုပ္စုမ်ား၏ ဖမ္းဆီးျခင္းခံရကာ အဆက္အသြယ္မရဘဲရွိေနခဲ့ေၾကာင္း သိရသည္။ အိႏၵိယရဲတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံသား ျပန္ေပးဆြဲခံရၿပီးေနာက္ CCTV မွတ္တမ္းမ်ား ႏွင့္ ဖုန္းမွတ္တမ္းမ်ားကို စစ္ေဆးခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံသားကို အေနာက္ဘန္ေဂါျပည္နယ္ အိုဒစ္ဟာၿမိဳ႕မွ ျပန္လည္ကယ္တင္ႏိုင္ခဲ့ ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
အဆိုပါ ျပန္ေပးဆြဲမႈႏွင့္ပတ္သက္ၿပီး ဆက္ႏြယ္ေနသူ စုစုေပါင္း ၁၂ ဦးရွိခဲ့ၿပီး အဲဒီသူ အားလုံးကိုလည္း ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပန္ေပးဆြဲခံရသည့္အဓိကအေၾကာင္းအရင္းကို အတိအက်မေသးဘဲ စစ္ေမးျမန္းေန ဆဲျဖစ္ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕က ေျပာသည္။ အဆိုပါျပန္ေပးဆြဲမႈသည္ ေငြေၾကးအျငင္းပြားမႈမ်ားမွတဆင့္ ျဖစ္ပြားလာခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပန္ေပးဆြဲခဲ့သူ ၁၂ ဦးအနက္ ေလးဦးက Dubarajpur ၿမိဳ႕တြင္ ေနထိုင္သူမ်ားျဖစ္ကာ အျခားသူမ်ားက Medinipur ၿမိဳ႕အေရွ႕ပိုင္းတြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕က ေျပာသည္။
ျမန္မာႏိုင္ငံသားသည္ Bolpur ၿမိဳ႕ရွိ အိမ္တစ္အိမ္ကို ငွားရမ္းေနထိုင္ေနကာ PhD ဘြဲ႕ရယူရန္ ႀကိဳးပမ္းေနသူျဖစ္ၿပီး စက္တင္ဘာ ၂၁ ရက္တြင္ လူ ၇ ဦးက အနက္ေရာင္ SUV ကားျဖင့္လာေရာက္ကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာသည္။