အနုပညာဗဟိုဌာန(ရန်ကုန်) ပြီးစီးပါက နိုင်ငံတကာမှလာရောက်သည့် ယဥ်ကျေးမှုပဒေသာကပွဲများအပါအဝင် အနုပညာဆိုင်ရာပွဲများ လက်ခံကျင်းပနိုင်မည်

1153
ယွန်း (NP News) - စက်တင်ဘာ ၂၅
အနုပညာဗဟိုဌာန(ရန်ကုန်) တည်ဆောက်မှုပြီးစီးပါက နိုင်ငံတကာမှလာရောက်သည့် ယဥ်ကျေးမှုပဒေသာကပွဲများ နှင့် ပြဇာတ်များ ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က စက်တင် ဘာလ(၂၄)ရက်တွင် အဆိုပါအနုပညာဗဟိုဌာန(Myanmar Arts Center)အား သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အနုပညာဗဟိုဌာနကို အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှလာရောက်သော ယဉ်ကျေးမှုပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံ ဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။
မြေဧရိယာ(၈ ဒသမ ၄၁)ဧက ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန အကောင်အထည်ဖော်ရေးကော်မတီသည် အဆောက်အဦးဆောက်လုပ်ရန်အတွက် iGreen Construction Co., Ltd နှင့် စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောသည်။
လက်ရှိတွင် မူလခွင့်ပြုဘဏ္ဍာငွေဖြင့် အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase - 1 အဆင့်ကို တည်ဆောက်ပြီးစီးခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရုပ်ရှင်၊ ဂီတ၊ သဘင်ဖျော်ဖြေတင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနကို ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ တည် ဆောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင် လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများရရှိစေမည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အလားတူ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းပေါ်တွင် အနုပညာဗဟိုဌာနကို တည်ဆောက်နေပြီး အကြမ်းထည်များ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းဆောက်လုပ်ဆဲ ရန်ကုန်မြို့မှ အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လည်းကောင်း၊ မန္တလေးမြို့မှ အဆောက်အအုံကို ပြန်ကြားရေးဝန်ကြီးဌာနကလည်းကောင်း လက်ခံရယူပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အႏုပညာဗဟိုဌာန(ရန္ကုန္) ၿပီးစီးပါက ႏိုင္ငံတကာမွလာေရာက္သည့္ ယဥ္ေက်းမႈပေဒသာ ကပြဲမ်ားအပါအဝင္ အႏုပညာဆိုင္ရာပြဲမ်ား လက္ခံက်င္းပႏိုင္မည္
ယြန္း (NP News) - စက္တင္ဘာ ၂၅
အႏုပညာဗဟိုဌာန(ရန္ကုန္) တည္ေဆာက္မႈၿပီးစီးပါက ႏိုင္ငံတကာမွလာေရာက္သည့္ ယဥ္ေက်းမႈပေဒသာကပြဲမ်ား ႏွင့္ ျပဇာတ္မ်ား က်င္းပႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္က စက္တင္ ဘာလ(၂၄)ရက္တြင္ အဆိုပါအႏုပညာဗဟိုဌာန(Myanmar Arts Center)အား သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အႏုပညာဗဟိုဌာနကို အင္းစိန္ၿမိဳ႕နယ္၊ မင္းဓမၼလမ္းေပၚတြင္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဌာနႀကီး တည္ေဆာက္ၿပီးစီးပါက ႏိုင္ငံတကာမွလာေရာက္ေသာ ယဥ္ေက်းမႈပေဒသာကပြဲမ်ား၊ ကဇာတ္၊ ျပဇာတ္ႏွင့္ ေတးဂီတသံစုံ ေဖ်ာ္ေျဖတီးခတ္မႈမ်ား၊ ေတးဂီတဆိုင္ရာေဖ်ာ္ေျဖမႈမ်ား၊ အႏုပညာႏွင့္ဆက္စပ္ေသာ ပန္းခ်ီ၊ ပန္းပုဆိုင္ရာျပပြဲမ်ား၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ အႏုပညာဆိုင္ရာပညာေပးေဟာေျပာမႈမ်ားကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။
ေျမဧရိယာ(၈ ဒသမ ၄၁)ဧက ေပၚတြင္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး ႏိုင္ငံတကာအဆင့္မီ အႏုပညာဗဟိုဌာန အေကာင္အထည္ေဖာ္ေရးေကာ္မတီသည္ အေဆာက္အဦးေဆာက္လုပ္ရန္အတြက္ iGreen Construction Co., Ltd ႏွင့္ စာခ်ဳပ္ခ်ဳပ္ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ ေထာင္စုဝန္ႀကီးက ေျပာသည္။
လက္ရွိတြင္ မူလခြင့္ျပဳဘ႑ာေငြျဖင့္ အႏုပညာဗဟိုဌာနရွိ ပင္မအေဆာက္အအုံ၏ Foundation ႏွင့္ Steel Structure သံတိုင္မ်ား စိုက္ထူထားသည့္ Skeleton Phase - 1 အဆင့္ကို တည္ေဆာက္ၿပီးစီးခဲ့ၿပီး သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံတကာအဆင့္မီ အႏုပညာဗဟိုဌာန တည္ေဆာက္ေရးလုပ္ငန္းမ်ား ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
႐ုပ္ရွင္၊ ဂီတ၊ သဘင္ေဖ်ာ္ေျဖတင္ဆက္ႏိုင္မည့္ ႏိုင္ငံတကာအဆင့္မီအႏုပညာဗဟိုဌာနကို ေဖ်ာ္ေျဖေရးအတြက္သာမက အႏုပညာဆိုင္ရာ ျပပြဲ၊ ၿပိဳင္ပြဲ၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊ အႏုပညာႏွင့္ဆက္စပ္ေသာ ေဟာေျပာပြဲမ်ားျပဳလုပ္ႏိုင္ရန္အတြက္ ရည္႐ြယ္၍ တည္ ေဆာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဂီတ၊ သဘင္၊ ႐ုပ္ရွင္၊ ပန္းခ်ီ၊ ပန္းပုႏွင့္ စာေပနယ္ပယ္အသီးသီးမွ ျမန္မာအႏုပညာရွင္ လူငယ္မ်ားအေနျဖင့္ မိမိတို႔၏ အႏုပညာရပ္မ်ားကို ကမာၻသို႔ေဖာ္ထုတ္ျပသႏိုင္မည္သာမက ကမာၻ႔အႏုပညာအသီးသီးႏွင့္ ဆက္စပ္ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ အခြင့္အလမ္းေကာင္းမ်ားရရွိေစမည့္ ျပယုဂ္တစ္ခုျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
အလားတူ မႏၲေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၇၃ လမ္းေပၚတြင္ အႏုပညာဗဟိုဌာနကို တည္ေဆာက္ေနၿပီး အၾကမ္းထည္မ်ား ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎ေဆာက္လုပ္ဆဲ ရန္ကုန္ၿမိဳ႕မွ အေဆာက္အအုံကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနက လည္းေကာင္း၊ မႏၲေလးၿမိဳ႕မွ အေဆာက္အအုံကို ျပန္ၾကားေရးဝန္ႀကီးဌာနကလည္းေကာင္း လက္ခံရယူၿပီးစီးေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။