ဗုဒ္ဓဘာသာဘုန်းကြီး အသွင်ဆောင်သူ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၇ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

5819

Htay Oung (NP News) - စက်တင်ဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များရဲ့ စုံစမ်းထောက်လှမ်းမှုကို ရှောင်ရှားဖို့ ကြိုးပမ်းတဲ့အနေနနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးအဖြစ် အသွင်ဆောင်ထားသူ ဘင်္ဂလားဒေ့ရှ်အမျိုးသား ခုနစ်ဦးကို စနေနေ့ စက်တင်ဘာလ ၂၃ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒါကာအခြေစိုက် Dahka Triune က ယနေ့ စက်တင်ဘာလ ၂၅ ရက်မှာ ရေးသားခဲ့ပါတယ်။
သူတို့ဟာ မလေးရှားနိုင်ငံသို့ ဦးတည်ထွက်ခွာလာစဉ် ဆွန်လာခရိုင်မှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ၇ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားတယ်လို့ “ပတ္တရာ-နယူးစ်" ထိုင်းသတင်းစာမှာ ဖော်ပြပါတယ်လို့ ဆိုပါတယ်။
အဲဒီလူတွေဟာ လူအများကြား သဟဇာတဖြစ်အောင် ဦးခေါင်းရိတ်ပြီး ဘုန်းကြီးသင်္ကန်းကို ဝတ်ရုံထားခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနက် အသက် ၄၆ နှစ်အရွယ် ရူဒါးဆိုသူဟာ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ရဲများက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုအရ အဲဒီအဖွဲ့ဟာ (မြန်မာနိုင်ငံနယ်စပ်) မဲဆောက်ခရိုင်မှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့ပြီး မလေးရှားနိုင်ငံကို ဦးတည်သွားရောက်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တွေ့ရှိရတယ်လို့ သိရှိရပါတယ်။
#ဘင်္ဂလားဒေ့ရ်ှအမျိုးသား #ထိုင်းလူဝင်မှုကြီးကြပ်ရေး #ဗုဒ္ဓဘာသာဘုန်းကြီးအသွင်ဆောင်ထားသူ #ဆွန်လာခရိုင်
(Dhaka Tribune., 25 September 2023,” Seven Bangladeshi men disguised as monks arrested in Thailand” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဗုဒၶဘာသာဘုန္းႀကီး အသြင္ေဆာင္သူ ဘဂၤလားေဒ့ရွ္အမ်ိဳးသား ၇ ဦး ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရ
Htay Oung (NP News) - စက္တင္ဘာ ၂၅
လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္မ်ားရဲ႕ စုံစမ္းေထာက္လွမ္းမႈကို ေရွာင္ရွားဖို႔ ႀကိဳးပမ္းတဲ့အေနနနဲ႔ ဗုဒၶဘာသာဘုန္းႀကီးအျဖစ္ အသြင္ေဆာင္ထားသူ ဘဂၤလားေဒ့ရွ္အမ်ိဳးသား ခုနစ္ဦးကို စေနေန႔ စက္တင္ဘာလ ၂၃ ရက္မွာ ထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္တယ္လို႔ ဒါကာအေျခစိုက္ Dahka Triune က ယေန႔ စက္တင္ဘာလ ၂၅ ရက္မွာ ေရးသားခဲ့ပါတယ္။
သူတို႔ဟာ မေလးရွားႏိုင္ငံသို႔ ဦးတည္ထြက္ခြာလာစဥ္ ဆြန္လာခ႐ိုင္မွာ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ ၇ ဦးကို တရားမဝင္ ဝင္ေရာက္မႈျဖင့္ တရားစြဲဆိုထားတယ္လို႔ “ပတၱရာ-နယူးစ္" ထိုင္းသတင္းစာမွာ ေဖာ္ျပပါတယ္လို႔ ဆိုပါတယ္။
အဲဒီလူေတြဟာ လူအမ်ားၾကား သဟဇာတျဖစ္ေအာင္ ဦးေခါင္းရိတ္ၿပီး ဘုန္းႀကီးသကၤန္းကို ဝတ္႐ုံထားျခင္းျဖစ္ေၾကာင္း၊ ၎တို႔အနက္ အသက္ ၄၆ ႏွစ္အ႐ြယ္ ႐ူဒါးဆိုသူဟာ အဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္ေၾကာင္း ဝန္ခံခဲ့တယ္လို႔ ရဲမ်ားက ေျပာပါတယ္။
စုံစမ္းစစ္ေဆးမႈအရ အဲဒီအဖြဲ႕ဟာ (ျမန္မာႏိုင္ငံနယ္စပ္) မဲေဆာက္ခ႐ိုင္မွ တစ္ဆင့္ ထိုင္းႏိုင္ငံအတြင္း ဝင္ေရာက္လာခဲ့ၿပီး မေလးရွားႏိုင္ငံကို ဦးတည္သြားေရာက္ေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရတယ္လို႔ သိရွိရပါတယ္။
#ဘဂၤလားေဒ့ရ္ွအမ်ိဳးသား #ထိုင္းလူဝင္မႈႀကီးၾကပ္ေရး #ဗုဒၶဘာသာဘုန္းႀကီးအသြင္ေဆာင္ထားသူ #ဆြန္လာခ႐ိုင္
(Dhaka Tribune., 25 September 2023,” Seven Bangladeshi men disguised as monks arrested in Thailand” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)