နိုင်ဂျီးရီးယားနိုင်ငံတွင် အကြမ်းဖက်အဖွဲ့များက လူ(၁၄)ဦးကို သတ်ဖြတ်ခဲ့ပြီး အခြားလူ(၆ဝ)ဦးကို ပြန်ပေးဆွဲခဲ့ဟု ဆို
739
Pika (NP News) - စက်တင်ဘာ ၂၅
စက်တင်ဘာလ(၂၄)ရက်က နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်ရှိ ရပ်ကွက်နှစ်ခုတွင် သေနတ်သမားများသည် လူ(၈)ဦးကို သတ်ဖြတ်ခဲ့ပြီး အခြားလူအနည်းဆုံး(၆၀)ဦးကို ပြန်ပေးဆွဲသွားခဲ့ကြောင်း ဒေသခံများနှင့် ဒေသဆိုင်ရာလူမျိုးစုခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။
သေနတ်သမားများသည် ဇမ်ဖာရာပြည်နယ်ရှိ တက္ကသိုလ်တစ်ခုမှ လူဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲသွားခဲ့ပြီး နောက် နှစ်ရက်အကြာတွင် ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အခြားနေရာများတွင် အစွန်းရောက်သောင်းကျန်းသူအဖွဲ့များ သည် စစ်တပ်ကလိုက်ပါစောင့်ကြပ်ပေးထားသော ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား(၂)ဦး နှင့် အရပ်သား (၄)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များနှင့် ယာဉ်မောင်းတို့က ပြောကြားခဲ့သည်။
အဆိုပါ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် ယာဉ်(၅)စီးကို မီးရှို့ခဲ့ပြီး ထရပ်ကားတစ်စီးဖြင့် အခင်းဖြစ်ပွားရာ နေရာမှ မောင်းထွက်သွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ နိုင်ငံအတွင်းတွင် ဖြစ်ပွားနေ သော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်ဆိုသည့်အချက်ကို နိုင်ဂျီးရီးယား သမ္မတ Bola Tinubu က လက်ရှိအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
သေနတ်သမားများသည် စက်တင်ဘာလ(၂၄)ရက် အစောပိုင်းတွင် ဇမ်ဖာရာပြည်နယ် Magami ရပ်ကွက်ရှိ ရှေ့တန်းစစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း ဒေသခံများ က ပြောကြားခဲ့သည်။
ဇမ်ဖာရာပြည်နယ်သည် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ ပြန်ပေးဆွဲမှုများနှင့် တိုက်ခိုက်မှုများ ကို မကြာခဏကြုံတွေ့နေရသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ဒေသဆိုင်ရာ လူမျိုးစုခေါင်းဆောင် တစ်ဦးက "သေနတ်သမားအဖွဲ့သုံးဖွဲ့ဟာ စစ်အခြေစိုက်စခန်းတစ်ခုနဲ့ Magami၊ Kabasa ရပ်ကွက်တို့ကို တိုက်ခိုက် ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ(၆ဝ)ဦး ပြန်ပေးဆွဲခံခဲ့ရပြီး အများစုကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့က ပြန်လည် တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ အၾကမ္းဖက္အဖြဲ႕မ်ားက လူ(၁၄)ဦးကို သတ္ျဖတ္ခဲ့ၿပီး အျခားလူ(၆ဝ)ဦးကို ျပန္ေပးဆြဲခဲ့ဟု ဆို
Pika (NP News) - စက္တင္ဘာ ၂၅
စက္တင္ဘာလ(၂၄)ရက္က ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း ဇမ္ဖာရာျပည္နယ္ရွိ ရပ္ကြက္ႏွစ္ခုတြင္ ေသနတ္သမားမ်ားသည္ လူ(၈)ဦးကို သတ္ျဖတ္ခဲ့ၿပီး အျခားလူအနည္းဆုံး(၆၀)ဦးကို ျပန္ေပးဆြဲသြားခဲ့ေၾကာင္း ေဒသခံမ်ားႏွင့္ ေဒသဆိုင္ရာလူမ်ိဳးစုေခါင္းေဆာင္တစ္ဦးက ေျပာၾကားခဲ့သည္။
ေသနတ္သမားမ်ားသည္ ဇမ္ဖာရာျပည္နယ္ရွိ တကၠသိုလ္တစ္ခုမွ လူဒါဇင္ေပါင္းမ်ားစြာကို ျပန္ေပးဆြဲသြားခဲ့ၿပီး ေနာက္ ႏွစ္ရက္အၾကာတြင္ ယခုကဲ့သို႔ျဖစ္ရပ္မ်ား ထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ အျခားေနရာမ်ားတြင္ အစြန္းေရာက္ေသာင္းက်န္းသူအဖြဲ႕မ်ား သည္ စစ္တပ္ကလိုက္ပါေစာင့္ၾကပ္ေပးထားေသာ ယာဥ္တန္းကို ၿခဳံခိုတိုက္ခိုက္ခဲ့ရာ စစ္သား(၂)ဦး ႏွင့္ အရပ္သား (၄)ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မ်ားႏွင့္ ယာဥ္ေမာင္းတို႔က ေျပာၾကားခဲ့သည္။
အဆိုပါ လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕မ်ားသည္ ယာဥ္(၅)စီးကို မီးရႈိ႕ခဲ့ၿပီး ထရပ္ကားတစ္စီးျဖင့္ အခင္းျဖစ္ပြားရာ ေနရာမွ ေမာင္းထြက္သြားခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ားက ေျပာၾကားခဲ့သည္။ ႏိုင္ငံအတြင္းတြင္ ျဖစ္ပြားေန ေသာ အၾကမ္းဖက္မႈမ်ားႏွင့္ပတ္သက္ၿပီး မည္သို႔ကိုင္တြယ္ေျဖရွင္းသြားမည္ဆိုသည့္အခ်က္ကို ႏိုင္ဂ်ီးရီးယား သမၼတ Bola Tinubu က လက္ရွိအခ်ိန္အထိ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။
ေသနတ္သမားမ်ားသည္ စက္တင္ဘာလ(၂၄)ရက္ အေစာပိုင္းတြင္ ဇမ္ဖာရာျပည္နယ္ Magami ရပ္ကြက္ရွိ ေရွ႕တန္းစစ္စခန္းတစ္ခုကို တိုက္ခိုက္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရွိခဲ့ေၾကာင္း ေဒသခံမ်ား က ေျပာၾကားခဲ့သည္။
ဇမ္ဖာရာျပည္နယ္သည္ လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕မ်ား၏ ျပန္ေပးဆြဲမႈမ်ားႏွင့္ တိုက္ခိုက္မႈမ်ား ကို မၾကာခဏႀကဳံေတြ႕ေနရသည့္ ျပည္နယ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ေဒသဆိုင္ရာ လူမ်ိဳးစုေခါင္းေဆာင္ တစ္ဦးက "ေသနတ္သမားအဖြဲ႕သုံးဖြဲ႕ဟာ စစ္အေျခစိုက္စခန္းတစ္ခုနဲ႔ Magami၊ Kabasa ရပ္ကြက္တို႔ကို တိုက္ခိုက္ ခဲ့ပါတယ္။ တိုက္ခိုက္မႈအတြင္း အနည္းဆုံးလူ(၆ဝ)ဦး ျပန္ေပးဆြဲခံခဲ့ရၿပီး အမ်ားစုကေတာ့ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြပဲျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။
အဆိုပါျဖစ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ရဲတပ္ဖြဲ႕ႏွင့္ စစ္တပ္တို႔က ျပန္လည္ တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။