အသင်းကစားသမားများအနေဖြင့် အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောာင်ရန်လိုအပ်ကြောင်း ချဲလ်ဆီးနည်းပြ ပြော

664

Pika (NP News) - စက်တင်ဘာ ၂၅
ချဲလ်ဆီးအသင်းသည် စက်တင်ဘာလ(၂၄)ရက် ညက အက်စတွန်ဗီလာအသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲ တွင် (၁)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းကစားသမားများသည် အသင်းလိုက် စုစည်းညီညွတ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်အောာင် လုပ်ဆောင်ရန်လိုအပ်ကြောင်း နည်းပြ ပိုချက်တီနို က ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် နောက်ဆုံးကစားခဲ့သည့် ကစားပွဲသုံးပွဲတွင် ဂိုးသွင်းနိုင်ခြင်းမျိုးမရှိသည့်အပြင် ပရီးမီးယား လိဂ်ပြိုင်ပွဲ(၆)ပွဲတွင် တစ်ပွဲသာအနိုင်ရရှိကာ အမှတ်ပေးဇယားမှာ နံပါတ်(၁၄)တွင် ရပ်တည်နေကြောင်း သိရသည်။
ချဲလ်ဆီးအသင်းသည် ၂ဝ၂၃-၂ဝ၂၄ ပရီးမီးယားလိဂ်ရာသီကို ဆိုးရွားသောပုံစံမျိုးဖြင့် စတင်ခဲ့ပြီး ၁၉၇၈ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးရာသီအစတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ နည်းပြပိုချက်တီနို က "ကျွန်တော်တို့ဟာ တစ်ယောက်ချင်းပုံစံမျိုးနဲ့မဟုတ်ဘဲ အသင်းလိုက်ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး အနိုင်ရရှိမှုကို လိုချင်ကြပါတယ်။ ဒါပေမယ့် ကစားသမားတွေဟာ ငယ်ရွယ်နေတဲ့အချိန်မှာ သင်ယူတာမျိုးတွေနဲ့ အတွေ့အကြုံတွေရှိဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ အမှားတွေလည်း လုပ်ခဲ့မိပါတယ်။ ဒီလိုအခြေအနေတွေ အများကြီးရှိခဲ့လို့ ကျွန်တော်စိတ်ပျက်မိပါတယ်" ဟု ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် လာမည့်စက်တင်ဘာလ(၂၈)ရက်တွင် ဘရိုက်တန်အသင်း နှင့် ခါရာဘောင်ဆုဖလားပြိုင်ပွဲ ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အောက်တိုဘာလ(၂)ရက်တွင် ဖူလ်ဟမ်အသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Zawgyi Version;
အသင္းကစားသမားမ်ားအေနျဖင့္ အသင္းလိုက္ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာာင္ရန္လိုအပ္ေၾကာင္း ခ်ဲလ္ဆီးနည္းျပ ေျပာ
Pika (NP News) - စက္တင္ဘာ ၂၅
ခ်ဲလ္ဆီးအသင္းသည္ စက္တင္ဘာလ(၂၄)ရက္ ညက အက္စတြန္ဗီလာအသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲ တြင္ (၁)ဂိုး-ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းကစားသမားမ်ားသည္ အသင္းလိုက္ စုစည္းညီၫြတ္မႈမ်ား၊ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုေကာင္းမြန္ေအာာင္ လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း နည္းျပ ပိုခ်က္တီႏို က ေျပာခဲ့သည္။
ခ်ဲလ္ဆီးအသင္းသည္ ေနာက္ဆုံးကစားခဲ့သည့္ ကစားပြဲသုံးပြဲတြင္ ဂိုးသြင္းႏိုင္ျခင္းမ်ိဳးမရွိသည့္အျပင္ ပရီးမီးယား လိဂ္ၿပိဳင္ပြဲ(၆)ပြဲတြင္ တစ္ပြဲသာအႏိုင္ရရွိကာ အမွတ္ေပးဇယားမွာ နံပါတ္(၁၄)တြင္ ရပ္တည္ေနေၾကာင္း သိရသည္။
ခ်ဲလ္ဆီးအသင္းသည္ ၂ဝ၂၃-၂ဝ၂၄ ပရီးမီးယားလိဂ္ရာသီကို ဆိုး႐ြားေသာပုံစံမ်ိဳးျဖင့္ စတင္ခဲ့ၿပီး ၁၉၇၈ ခုႏွစ္ ေနာက္ပိုင္း အဆိုး႐ြားဆုံးရာသီအစတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ နည္းျပပိုခ်က္တီႏို က "ကြၽန္ေတာ္တို႔ဟာ တစ္ေယာက္ခ်င္းပုံစံမ်ိဳးနဲ႔မဟုတ္ဘဲ အသင္းလိုက္ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုလုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးယွဥ္ၿပိဳင္ကစားၿပီး အႏိုင္ရရွိမႈကို လိုခ်င္ၾကပါတယ္။ ဒါေပမယ့္ ကစားသမားေတြဟာ ငယ္႐ြယ္ေနတဲ့အခ်ိန္မွာ သင္ယူတာမ်ိဳးေတြနဲ႔ အေတြ႕အႀကဳံေတြရွိဖို႔လည္း လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ အမွားေတြလည္း လုပ္ခဲ့မိပါတယ္။ ဒီလိုအေျခအေနေတြ အမ်ားႀကီးရွိခဲ့လို႔ ကြၽန္ေတာ္စိတ္ပ်က္မိပါတယ္" ဟု ေျပာခဲ့သည္။
ခ်ဲလ္ဆီးအသင္းသည္ လာမည့္စက္တင္ဘာလ(၂၈)ရက္တြင္ ဘ႐ိုက္တန္အသင္း ႏွင့္ ခါရာေဘာင္ဆုဖလားၿပိဳင္ပြဲ ကို ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ေအာက္တိုဘာလ(၂)ရက္တြင္ ဖူလ္ဟမ္အသင္း ႏွင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။