အင်းစိန်၌ Light Truck ကားနှင့် YBS တို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
1040
စော(NP News) - စက်တင်ဘာ ၂၆
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီးတွင် Light Truck ယာဉ်နှင့် YBS တို့တိုက်မိခဲ့ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂၆ရက်)၊ နံနက် (၈)နာရီခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ ကြိုကုန်းအရှေ့ရပ်ကွက်၊ BOC မှတ်တိုင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြိုနယ်မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါ YBS 41 သည် အင်းစိန်လမ်းကြောင်းအတိုင်း မောင်းနှင်နေစဉ် Light Truck ယာဉ်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“YBS ၄၁ ယာဉ်လိုင်းနဲ့ Light Truck နဲ့ တိုက်မိတာပါ။ YBS က အင်းစိန်လမ်းအတိုင်း သွားနေတာပါ။ Light Truck ကကွေ့လိုက်တဲ့အချိန်မှာ တိုက်မိတာပါ။ Light Truck က ယာဉ် မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး”ဟု အင်းစိန်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းဖြစ်သူ အမျိုးသားသည် အသက်(၂၅)နှစ်ဝန်းကျင်ရှိပြီး စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
အဆိုပါ ထိခိုက်ရရှိသူအား အရိယမဂ္ဂင်လူမှုကူညီရေးအသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
အင္းစိန္၌ Light Truck ကားႏွင့္ YBS တို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ(NP News) - စက္တင္ဘာ ၂၆
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ရန္ကုန္-အင္းစိန္လမ္းမႀကီးတြင္ Light Truck ယာဥ္ႏွင့္ YBS တို႔တိုက္မိခဲ့ရာမွ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၂၆ရက္)၊ နံနက္ (၈)နာရီခြဲဝန္းက်င္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳကုန္းအေရွ႕ရပ္ကြက္၊ BOC မွတ္တိုင္အနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း အင္းစိန္ၿမိဳနယ္မီးသတ္စခန္းထံမွ သိရသည္။
အဆိုပါ YBS 41 သည္ အင္းစိန္လမ္းေၾကာင္းအတိုင္း ေမာင္းႏွင္ေနစဥ္ Light Truck ယာဥ္မွ ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“YBS ၄၁ ယာဥ္လိုင္းနဲ႔ Light Truck နဲ႔ တိုက္မိတာပါ။ YBS က အင္းစိန္လမ္းအတိုင္း သြားေနတာပါ။ Light Truck ကေကြ႕လိုက္တဲ့အခ်ိန္မွာ တိုက္မိတာပါ။ Light Truck က ယာဥ္ ေမာင္းတစ္ဦး ထိခိုက္ဒဏ္ရာရရွိပါတယ္။ ခရီးသည္ေတြကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈမရွိပါဘူး”ဟု အင္းစိန္ၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ယာဥ္ေမာင္းျဖစ္သူ အမ်ိဳးသားသည္ အသက္(၂၅)ႏွစ္ဝန္းက်င္ရွိၿပီး စိုးရိမ္ရသည့္ အေျခအေနတြင္ မရွိေၾကာင္း သိရသည္။
အဆိုပါ ထိခိုက္ရရွိသူအား အရိယမဂၢင္လူမႈကူညီေရးအသင္းမွ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။