BMWနှင့် CROWN အမျိုးအစားကား(၂)စီးပေါ်မှ ကျပ်သိန်း(၆၀၀၀)တန် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ပတ်သက်သူများကို ဖမ်းဆီးရမိ

 8317

သန့်ဇင်(NP News)-စက်တင်ဘာ ၃၀
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် BMWနှင့် CROWN အမျိုးအစားကား(၂)စီးပေါ်မှ ငွေကျပ်သိန်း(၆၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ (၄)သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများကို စက်တင်ဘာလ ၂၄ရက်၊ ည၈နာရီခွဲအချိန်တွင် လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အထက်ပါလမ်းဆုံတွင် ကြိုတင်သတင်းရရှိချက်အရ စောင့်ဆိုင်းနေစဉ် မဝတ်မှုန် မောင်းနှင်လာသည့် CROWN ကားပေါ်မှ ငွေကျပ်သိန်း (၆၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၄)သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းကားနှင့်အတူကပ်ပါလာသည့် BMWကားပေါ်မှ ပိုင်းစိုး၊ ငြိမ်းချမ်းကျော်(ခ)ကိုမင်းနှင့် မသူဇာဝင်းတို့အား တွေ့ရှိခဲ့ပြီး ၎င်းတို့အား စစ်ဆေးချက်အရ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို တောင်ကြီးမြို့မှ မြိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းတို့(၄)ဦးအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကာ အမှုအတွင်း ဆက်စပ်ပါဝင်သည့် ငွေကြေးအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version

BMWႏွင့္ CROWN အမ်ိဳးအစားကား(၂)စီးေပၚမွ က်ပ္သိန္း(၆၀၀၀)တန္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္အတူ ပတ္သက္သူမ်ားကို ဖမ္းဆီးရမိ

သန႔္ဇင္(NP News)-စက္တင္ဘာ ၃၀
ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္တြင္ BMWႏွင့္ CROWN အမ်ိဳးအစားကား(၂)စီးေပၚမွ ေငြက်ပ္သိန္း(၆၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား (၄)သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါမူးယစ္ေဆးဝါးမ်ားကို စက္တင္ဘာလ ၂၄ရက္၊ ည၈နာရီခြဲအခ်ိန္တြင္ လွည္းကူးၿမိဳ႕နယ္၊ အမွတ္(၃)လမ္းဆုံတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က အထက္ပါလမ္းဆုံတြင္ ႀကိဳတင္သတင္းရရွိခ်က္အရ ေစာင့္ဆိုင္းေနစဥ္ မဝတ္မႈန္ ေမာင္းႏွင္လာသည့္ CROWN ကားေပၚမွ ေငြက်ပ္သိန္း (၆၀၀၀)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄)သိန္းအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎ကားႏွင့္အတူကပ္ပါလာသည့္ BMWကားေပၚမွ ပိုင္းစိုး၊ ၿငိမ္းခ်မ္းေက်ာ္(ခ)ကိုမင္းႏွင့္ မသူဇာဝင္းတို႔အား ေတြ႕ရွိခဲ့ၿပီး ၎တို႔အား စစ္ေဆးခ်က္အရ ဖမ္းဆီးရမိမူးယစ္ေဆးဝါးမ်ားကို ေတာင္ႀကီးၿမိဳ႕မွ ၿမိတ္ၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ၎တို႔(၄)ဦးအား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္မ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိကာ အမႈအတြင္း ဆက္စပ္ပါဝင္သည့္ ေငြေၾကးအက်ိဳးအျမတ္ႏွင့္ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.