ဆိုးလ်မြို့၌ ကျင်းပမည့် Korea Import Fair ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်
745
စော (NP News) - အောက်တိုဘာ ၆
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပမည့် Korea Import Fair 2024 ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားသည်။
ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) မှ ယနေ့ (အောက်တိုဘာ ၆ ရက်) တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါပြပွဲကို လာမည့် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၄)ရက်မှ (၆)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကိုရီးယားကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကိုရီးယားအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
၎င်းပြပွဲသည် နှီးနှောဖလှယ်ပွဲများနှင့် B2B အစည်းအဝေးများ ကျင်းပခြင်းကြောင့် တင်သွင်းသည့် ထုတ်ကုန်များကို မိတ်ဆက်ပြသသည့် တစ်ခုတည်းသောပြပွဲဖြစ်ပြီး လာရောက်သူများနှင့် ကိုရီယားတင်သွင်းသူများ၏ အာရုံစိုက်မှုကို အပြည့်အဝရရှိစေမည်ဖြစ်ကြောင်း UMFCCI က ဆိုသည်။
အဆိုပါပြပွဲတွင် စွမ်းအင်ထုတ်ကုန်များအပါအဝင် အလှကုန်များ၊ သတ္တုများ၊ မွေးမြူရေးနှင့် အသားများ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ အစားအသောက်နှင့် အဖျော်ယမကာများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အိမ်သုံးပစ္စည်းများ၊ လက်မှုပစ္စည်း၊ ကလေးပစ္စည်းများ၊ ခရီးသွားအချက်အလက်များအပြင် ဆိုက်ဘာလုံခြုံရေး စသည့်တို့ ပါဝင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ဆိုးလ္ၿမိဳ႕၌ က်င္းပမည့္ Korea Import Fair ျပပြဲတြင္ ျမန္မာလုပ္ငန္းရွင္မ်ား ပါဝင္ျပသရန္ ဖိတ္ေခၚ
ေစာ (NP News) - ေအာက္တိုဘာ ၆
ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၌ က်င္းပမည့္ Korea Import Fair 2024 ျပပြဲတြင္ ျမန္မာလုပ္ငန္းရွင္မ်ား ပါဝင္ျပသရန္ ဖိတ္ေခၚထားသည္။
ကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) မွ ယေန႔ (ေအာက္တိုဘာ ၆ ရက္) တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။
အဆိုပါျပပြဲကို လာမည့္ ၂ဝ၂၄ ခုႏွစ္၊ ဇူလိုင္လ (၄)ရက္မွ (၆)ရက္အထိ က်င္းပမည္ျဖစ္ၿပီး ကိုရီးယားကုန္သြယ္ေရး၊ စက္မႈႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ကိုရီးယားအစိုးရ၏ ပံ့ပိုးကူညီမႈျဖင့္ က်င္းပျပဳလုပ္ခဲ့သည့္ ျပပြဲတစ္ခုျဖစ္ေၾကာင္း သိရသည္။
၎ျပပြဲသည္ ႏွီးေႏွာဖလွယ္ပြဲမ်ားႏွင့္ B2B အစည္းအေဝးမ်ား က်င္းပျခင္းေၾကာင့္ တင္သြင္းသည့္ ထုတ္ကုန္မ်ားကို မိတ္ဆက္ျပသသည့္ တစ္ခုတည္းေသာျပပြဲျဖစ္ၿပီး လာေရာက္သူမ်ားႏွင့္ ကိုရီယားတင္သြင္းသူမ်ား၏ အာ႐ုံစိုက္မႈကို အျပည့္အဝရရွိေစမည္ျဖစ္ေၾကာင္း UMFCCI က ဆိုသည္။
အဆိုပါျပပြဲတြင္ စြမ္းအင္ထုတ္ကုန္မ်ားအပါအဝင္ အလွကုန္မ်ား၊ သတၱဳမ်ား၊ ေမြးျမဴေရးႏွင့္ အသားမ်ား၊ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား၊ အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာမ်ားကို ပါဝင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အိမ္သုံးပစၥည္းမ်ား၊ လက္မႈပစၥည္း၊ ကေလးပစၥည္းမ်ား၊ ခရီးသြားအခ်က္အလက္မ်ားအျပင္ ဆိုက္ဘာလုံၿခဳံေရး စသည့္တို႔ ပါဝင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။