စင်ကာပူနိုင်ငံ၊ Clementi MRT ဘူတာရုံမှာ စက်လှေကားစီးနေရင်း လူ ၃ ဦး လဲကျဒဏ်ရာရမှုဖြစ်ပွား

 2557

ရောင်နီ (NP News) - အောက်တိုဘာ ၁ဝ

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (အောက်တိုဘာ ၅ ရက်) က စင်ကာပူနိုင်ငံ Clementi MRT ဘူတာရုံမှာ စက်လှေကားစီး နေရင်း လူပြုတ်ကျမှုဖြစ်ပွားခဲ့ပါတယ်။

အဆောက်အဦးနဲ့ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (BCA) မှ ပြောရေးဆိုခွင့်ရှိသူက အင်ဂျင်နီယာတွေ သွားရောက် စစ်ဆေးခဲ့ပြီးနောက် အဆိုပါဖြစ်စဉ်ဟာ “စက်ပစ္စည်း မူမမှန်မှု” တစ်စုံတစ်ရာမရှိဘူးလို့ အတည်ပြု ပြောကြားခဲ့ပါ တယ်။ အကြောင်းကတော့ စက်လှေကား စီးနင်းသူတစ်ဦးက လမ်းကြောင်းပြောင်းပြန် စီးနင်းမိခဲ့ရာမှ အခုလို မတော်တဆဖြစ်ခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားချိန်က ရိုက်ကူးထားတဲ့ (CCTV) ဗီဒီယိုဖိုင်အရ 3150 Commonwealth Avenue West တွင် နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်က အဆိုပါလမ်းကြောင်းပြောင်းပြန်စီးနင်းမှုကို ဖြစ်ခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရခဲ့တာ တွေ့ရပါတယ်။ ဒဏ်ရာရသူတွေကို Ng Teng Fong General Hospital ကို ခေါ်ဆောင်သွားခဲ့ကြောင်း Singapore Civil Defense Force မှ ပြောကြားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ အသက် ၇၉ နှစ်နဲ့ ၇၇ နှစ်အရွယ် စုံတွဲတစ်တွဲမှ အမျိုးသားက စက်လှေကားပေါ်တက်ချိန် ခြေနောက်ပြန်ကျပြီး ရုတ်တရက်လဲသွားခဲ့တာဖြစ်ကာ အချင်းချင်းတိုက်မိပြီး ထိခိုက် ဒဏ်ရာရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ချိန်မှာ စက်ကိုစစ်ဆေးဖို့အတွက် စက်လှေကားကို ချက်ချင်း ပိတ်ထားခဲ့ရတယ်လို့ မစ္စတာလမ်က ပြောပါတယ်။ SMRT ရဲ့စက်လှေကားပြုပြင်ထိန်းသိမ်းမှု ကန်ထရိုက်တာက စက်လှေကားကို စေ့စေ့စပ်စပ် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးမှ စက်လှေကားမှာ အမှားအယွင်းမရှိကြောင်း အတည်ပြုခဲ့ပြီးနောက်ပိုင်း ပြန်လည် ဖွင့်ပေးစေခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ Clementi MRT ဘူတာ႐ုံမွာ စက္ေလွကားစီးေနရင္း လူ ၃ ဦး လဲက်ဒဏ္ရာရမႈျဖစ္ပြား
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁ဝ

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ (ေအာက္တိုဘာ ၅ ရက္) က စင္ကာပူႏိုင္ငံ Clementi MRT ဘူတာ႐ုံမွာ စက္ေလွကားစီး ေနရင္း လူျပဳတ္က်မႈျဖစ္ပြားခဲ့ပါတယ္။

အေဆာက္အဦးနဲ႔ ေဆာက္လုပ္ေရးအာဏာပိုင္အဖြဲ႕ (BCA) မွ ေျပာေရးဆိုခြင့္ရွိသူက အင္ဂ်င္နီယာေတြ သြားေရာက္ စစ္ေဆးခဲ့ၿပီးေနာက္ အဆိုပါျဖစ္စဥ္ဟာ “စက္ပစၥည္း မူမမွန္မႈ” တစ္စုံတစ္ရာမရွိဘူးလို႔ အတည္ျပဳ ေျပာၾကားခဲ့ပါ တယ္။ အေၾကာင္းကေတာ့ စက္ေလွကား စီးနင္းသူတစ္ဦးက လမ္းေၾကာင္းေျပာင္းျပန္ စီးနင္းမိခဲ့ရာမွ အခုလို မေတာ္တဆျဖစ္ခဲ့ရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အခင္းျဖစ္ပြားခ်ိန္က ႐ိုက္ကူးထားတဲ့ (CCTV) ဗီဒီယိုဖိုင္အရ 3150 Commonwealth Avenue West တြင္ နံနက္ ၉ နာရီ ၃ဝ မိနစ္ခန႔္က အဆိုပါလမ္းေၾကာင္းေျပာင္းျပန္စီးနင္းမႈကို ျဖစ္ခဲ့ၿပီး လူ ၃ ဦး ဒဏ္ရာရခဲ့တာ ေတြ႕ရပါတယ္။ ဒဏ္ရာရသူေတြကို Ng Teng Fong General Hospital ကို ေခၚေဆာင္သြားခဲ့ေၾကာင္း Singapore Civil Defense Force မွ ေျပာၾကားခဲ့ပါတယ္။ ျဖစ္စဥ္ကေတာ့ အသက္ ၇၉ ႏွစ္နဲ႔ ၇၇ ႏွစ္အ႐ြယ္ စုံတြဲတစ္တြဲမွ အမ်ိဳးသားက စက္ေလွကားေပၚတက္ခ်ိန္ ေျခေနာက္ျပန္က်ၿပီး ႐ုတ္တရက္လဲသြားခဲ့တာျဖစ္ကာ အခ်င္းခ်င္းတိုက္မိၿပီး ထိခိုက္ ဒဏ္ရာရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီျဖစ္စဥ္ျဖစ္ခ်ိန္မွာ စက္ကိုစစ္ေဆးဖို႔အတြက္ စက္ေလွကားကို ခ်က္ခ်င္း ပိတ္ထားခဲ့ရတယ္လို႔ မစၥတာလမ္က ေျပာပါတယ္။ SMRT ရဲ႕စက္ေလွကားျပဳျပင္ထိန္းသိမ္းမႈ ကန္ထ႐ိုက္တာက စက္ေလွကားကို ေစ့ေစ့စပ္စပ္ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးမွ စက္ေလွကားမွာ အမွားအယြင္းမရွိေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ပိုင္း ျပန္လည္ ဖြင့္ေပးေစခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.