ဟားမတ်စ်-အစ္စရေးစစ်ပွဲ လက်ရှိအခြေအနေ အပါအဝင် ၂၅ နိုင်ငံမှ နိုင်ငံသား ၂၈ဝ ကျော် သေဆုံး (သို့) ပျောက်ဆုံးနေ

 6164

Htay Oung (NP News) - အောက်တိုဘာ ၁၄

၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် နံနက်စောစော ဟားမတ်စ်များ ဦးဆောင်တဲ့ဂါဇာကမ်းမြှောင်မှ ပါ လက်စတိုင်းစစ်သွေးကြွအဖွဲ့တွေဟာ “အယ်လ်_အက္ကဆာ_လျှံတက်ခြင်း” အမည်ရှိ စစ်ဆင်ရေးတဲ့ အစ္စရေးနိုင်ငံ အတွင်း ထိုးစစ်ဆင်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံနေရာအနှံ့အပြားကို ဒုံးကျည်စင်းရေ ၅ဝဝဝ ထက်မနည်းနဲ့ ဟန့်စစ်ဆင် တရစပ်ပစ်ခတ်နေချိန် ပါလက်စတိုင်းနဲ့ အစ္စရေးနယ်မြေအကြား အတားအဆီးပြုလုပ်ထားတဲ့စည်းရိုးနဲ့ ကွန်ကရစ် တံတိုင်း ၅ နေရာကို တွန်းဖြိုပြီး အနီးကပ်ရက် အစ္စ္စရေးစစ်အခြေစိုက်စခန်းများနဲ့ အစ္စရေးနယ်သစ်အခြေချနေရာ အချို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ပါတယ်။ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းမှ ရုတ်တရက် ကျူးကျော်လာခြင်းဖြစ်ပြီး အစောဆုံး အစုအပုံလိုက် အသတ်ခံရသူများက ဂါဇာနဲ့ ကပ်ရက် သဲကန္တာရအတွင်း ဂီတ ပွဲတော်ကျင်းပနေတဲ့ အစ္စရေး ၂၆ဝ ကျော်တို့ဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာပဲ ဟားမတ်စ်အချို့က အစ္စရေး စစ်သားများနဲ့ အမျိုးသမီးကလေးငယ်များ အပါအ၀င် အရပ်သားများကို ဂါဇာကမ်းမြှောင်အတွင်း ဖမ်းဆီးခေါ် ဆောင်သွားကြပါတယ်။ အစ္စရေးအကျဉ်းထောင်များမှာ ချုပ်နှောင်ထားခံနေရတဲ့ ပါလက်စတိုင်းများနဲ့ လဲလှယ်ဖို့ ဖြစ်ပါတယ်။

ပါလက်စတိုင်းနဲ့ ဂျူးတို့အကြား (နယ်မြေပိုင်ဆိုင်ခွင့်) ပဋိပက္ခဟာ ရာစုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အစ္စရေး ဇီယွန်ဝါဒနဲ့ အာရပ်အမျိုးသားရေးဝါဒတို့ ထိပ်တိုက်တွေ့ကြချိန် ဒေသအတွင်း စစ်ပွဲအသွင် အရှိန်မြင့်တက်လာခဲ့ပါ တယ်။ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံစတင်ထူထောင်ချိန်မှ ၂ဝဝ၆ ခုနှစ်အထိ ၆ ကြိမ်တိုင် အာရပ်-အစ္စရေးစစ်ပွဲ ဖြစ်ပွားခဲပြီးဖြစ်ပါတယ်။

စစ်ပွဲတိုင်းမှာ အစ္စရေးတို့က နယ်မြေတိုးချဲ့သိမ်းယူနိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲ တတိယအကြိမ်မှာ ပါလက်စတိုင်းတို့ကို အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်အတွင်း မောင်းထုတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ခဲ့ပါတယ်။ စတုတ္ထအကြိမ် နှစ်ဘက်အင်အားပြည့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ ၁၉၇၃ ခုနှစ် ယွန်ကစ်ပူစစ်ပွဲအပြီးမှာ အိမ်နီးချင်းအာရပ်နိုင်ငံအချို့နဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ အီဂျစ်နဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်တဲ့အတွက် ဆိုင်းနိုင်းဒေသကို သိမ်းယူထားတဲ့အစ္စရေးတပ်များကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဘက်ကမ်းတို့မှာ အရပ်ဘက် အုပ်ချုပ်ရေးကို ပြောင်းလဲပေးခဲ့ပေမယ့် ဂိုလန်ကုန်းမြင့်နဲ့ ဂျေရုဆလင်မြို့ အရှေ့ပိုင်းကို အစ္စရေးပိုင်နက်အတွင်း သွတ်သွင်းခဲ့ပါ တယ်။

ဆိုင်းနိုင်းကျွန်းဆွယ် အီဂျစ်နယ်မြေမှ အစ္စရေးတပ်များ စတင်ဆုတ်ခွာခြင်းနဲ့အတူ ပါလက်စတိုင်းနဲ့ တင်းမာမှုဟာ မြင့်တက်လာခဲ့ပါတယ်။ ဒီအတွက် ပါလက်စတိုင်း လွတ်မြောက်ရေးတပ် PLO တို့ အခိုင်မာခြေကုပ်ယူရာ လက်ဘနွန်နိုင်ငံတောင်ပိုင်းနဲ့ ဘေရွတ်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ၁၉၈၂ ပဉ္စမနဲ့ ၂၀၀၆ ခုနှစ် ဆဋ္ဌမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲကိုတော့ လက်ဘနွန်နိုင်ငံအတွင်းအဖြစ် ဂျူးတို့က ကန့်သတ် နိုင်ခဲ့ပြီး လက်ဘနွန်တရား၀င် ပြည်သူ့စစ်ဟစ်ဇ်ဘိုလာတို့နဲ့ အကြိတ်အနယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်ပြိုင်တည်း မှာပဲ ယာဖာအာရဖတ်ရဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးတပ်ကိုလည်း နိုင်ငံတကာကြီးကြပ်မှုအောက် အရောက်ပို့နိုင်ခြင်းဖြင့် အကြမ်းဖက်ခံရမှုများကို တားဆီးလိုက်ပါတယ်။ ၁၉၉၃ ခုနှစ် အော်စလိုသဘောတူညီချက် အပြီးမှာတော့ အစ္စရေးနိုင်ငံကို အသိအမှတ် ပြုလိုက်ရခြင်းနဲ့ PLO လက်နက်ကိုင်လှုပ်ရှားမှု နိဂုံးချုပ်သွားခဲ့တယ်။

ဒါပေမယ့် အစ္စရေးတို့ သိမ်းယူထားတဲ့ ပါလက်စတိုင်းနယ်မြေများ လက်နက်မဲ့ ကန့်ကွက်ဆန္ဒပြမှုများနဲ့ အဓိကရုန်းများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး ၁၉၈၇-ခုနှစ် ပါလက်စတိုင်း ဒုက္ခသည်စခန်းများအတွင်း ဖာဒါအုပ်ချုပ်မှု ဆန့်ကျင်ရေး ပထမအကြိမ်အရေးအခင်းတည်းက ဟားမတ်စ်အဖွဲ့ပေါ် ပေါက်နေပြီဖြစ်ပါတယ်။ ဆွန်နီအစ္စ လာမ်စစ်သွေးကြွများဖြစ်တဲ့ ဟားမတ်စ်တို့ဟာ အီဂျစ်အခြေစိုက် မွတ်စလင် ဘရားသားဟုဒ်မှ မြစ်ဖျားခံလာခြင်း ဖြစ်ပြီး ဇီယွန်ဝါဒနဲ့ အစ္စရေးနိုင်ငံတည်ရှိမှု ဆန့်ကျင်ရေး၊ ပါလက်စတိုင်းအမျိုးသားရေးကိုမြှင့်တင်ပြီး အစ္စလာမ်စ် နိုင်ငံထူထောင်ရေး ရည်မှန်းချက်ထားရှိပါတယ်။

အစ္စရေးတို့လက်ချက်နဲ့ ပါလက်စတိုင်းအရပ်သားများ သေဆုံးရခြင်း၊ နယ်မြေအတွင်း ဂျူးအိမ်ရာအဆောက်အအုံ များ တိုးချဲ့တည်ဆောက်ခြင်း၊ အစ္စလာမ်ဘာသာ၀င်တို့ အထွဋ်အမြတ်ထားရာ ဂျေရုဆလင် အရှေ့ပိုင်း အယ်လ်အက္ကဆာဗလီအနီး တူးမြောင်းဖောက်လုပ်ခြင်းတို့ကြောင့် ဆန္ဒပြမှုများ၊ အဓိကရုန်းများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒုတိယ ဖာဒါဆန့်ကျင်ရေးလှုပ်ရှားမှုအပြီး ၂ဝဝ၆ ခုနှစ်မှာ ဟားမတ်စ်တို့ဟာ ပါလက်စတိုင်း နယ်မြေ ၂ ခုအနက် နယ်မြေပိုမိုငယ်ရွယ်တဲ့ ဂါဇာကမ်းမြှောင်ကို အုပ်ချုပ်ခွင့် ရွေးကောက်ခံရသူများဖြစ်လာပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားမှုနဲ့ အစ္စရေးတို့ သိမ်းပိုက်မှုကို အဆုံးသတ်ရန် ပါလက်စတိုင်းတို့က ရည်ရွယ်ပြီး၊ အစ္စရေးတို့ကတော့ ဂါဇာဒေသအတွင်းမှ မိုးပျံဘော်လုံးများ လွှင့်တင်မီးရှို့ခြင်း၊ ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်း အပါအဝင် ပါလက်စတိုင်းအကြမ်းဖက်မှုများကို အဆုံးသတ်ရန် ရည်ရွယ်ထားပါတယ်။ ၂ဝဝ၂ - ၂ဝဝ၃ ခုနှစ်များမှာ အစ္စရေး ၃၂ နှစ်ဦး၊ ပါလက်စတိုင်း ၂၄၅ ဦးသေဆုံးရတဲ့ အကြမ်းဖက်အဓိကရုန်းများ ဖြစ်ပွားခဲ့သည့်တိုင် ဟားမတ်စ်တို့က အလုံးအရင်းနဲ့ လက်တုံ့ပြန်ခြင်း မရှိဘဲ ကြိတ်ပြီး အင်အားစုဆောင်းနေခဲ့ပုံရပါတယ်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးစံတော်ချိန် ဝ၆ နာရီ ၃ဝ မိနစ် နာရီခန့် ဟားမတ်စ်တို့ရဲ့ အယ်လ်အက္ကဆာလျှံတက်ခြင်း စစ်ဆင်ရေးမှာ ပါလက်စတိုင်းအစ္စလာမ်မစ် တပ်ရင်း ၄ ခုပါဝင်ပြီး စုစုပေါင်း အင်အား ၄ဝဝဝဝ ရှိရာမှာ ၂၅ဝဝ ခန့်က အစ္စရေးနိုင်ငံအတွင်း ထိုးဖောက်၀င်ရောက်နိုင်ခဲ့ပါတယ်။ မိနစ် နှစ်ဆယ် အတွင်း ဒုံးကျည်စင်းရေး ၃ဝဝဝ ခန့် ပစ်ခတ်ခံရကြောင်း အစ္စရေးဘက်က ပြောပါတယ်။ စပိဘုတ်များ အသုံးပြီး မြေထဲပင်လယ်မှ အတင်း၀င်ရောက်ခဲ့သလို ပါရာဂလိုက်ဒါ (ခေါ်) လေဟုန်စီး ပဲ့ထိန်းလေထီးများနဲ့ ရုတ်တရက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ အနက်ရောင်ဝတ်စုံဝတ် မျက်နှာဖုံးစွပ် ပါလက်စတိုင်းသေနတ်သမားတို့ဟာ နယ်ခြား အတားအဆီးများကိုတွန်းဖြိုပြီး အစ္စရေး ကင်းမျှော်စင်များ စစ်တန်းလျားများကို စီးနင်းကြပါတယ်။ ထရပ်ကားများ၊ ပစ်ကပ်ကားများ၊ ဆိုင်ကယ်များ၊ ဘူဒိုဇာများကိုပါ အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အစ္စရေး တင့်ကားအချိုကို ဖျက်ဆီးပြီး စစ်သားအချို့ကို အသေပစ်သတ် အချို့ကို အရှင်ဖမ်းဆီးခေါ်ဆောင်ကြပါတယ်။ ကနဦးတိုက်ခိုက်မှုမှာ ဂျူးစစ်သားနဲ့ ရဲတပ်ဖွဲ့၀င် ၃ဝ ဦးအပါအ၀င် လူပေါင်း ၁၃ဝဝ သေဆုံးခဲ့ပြီး ၂ဝဝ ခန့် ပြန်ပေးဆွဲခံရကြောင်း လတ်တလောသိရှိရပါတယ်။

အင်အား ၅ သိန်းကျော်ရှိတဲ့ အစ္စရေးကာကွယ်ရေး တပ်မတော်ဟာ ဂါဇာကမ်းမြှောင်မှ မိုင် ၅ဝ အတွင်း အရေးပေါ် အခြေအနေကြေညာခဲ့ပါတယ်။ အရေးပေါ် ဖွဲ့စည်းလိုက်တဲ့ တဲလ်အဗစ်အစိုးရက “ဟားမတ်စ်တို့အပေါ် စစ်ကြေညာ” ပြီး ဂျူးစစ်သား သုံးသိန်းခွဲကျော်ကို ဂါဇာအနီး စုရုံးစေခဲ့ပါတယ်။ အစ္စရေးတို့က “သံမဏိဓါး_ စစ်ဆင်ရေး” အဖြစ် ဂါဇာကမ်းမြှောင်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံမြောက်ပိုင်း လက်ဘနွန်နိုင်ငံအတွင်းမှ ဒုံးကျည်များနဲ့ပစ်ခတ်တဲ့ဟစ်ဇ်ဘိုလာတို့ကို အမြောက်ကြီးများနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ပါ တယ်။ ၅ ရက်ခန့်ကြာ အစ္စရေးနယ်မြေအတွင်း ရှင်းလင်းပြီးတဲ့အခါ ကမ်းမြှောင်ဒေသ ဂါဇာမြို့တော်မှ ပါလက်စတိုင်းအရပ်သား ၁.၁ သန်းကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ထွက်ခွာဖို့ ကမ္ဘာ့ကုလသမဂ္ဂမှတဆင့် အကြောင်းကြားလိုက်ပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန အဆိုအရ ဂါဇာမှာ ပါလက်စတိုင်းလူမျိုး ၁၄ဝဝ ကျော်သေဆုံးခဲ့ပြီး အများစုမှာ ကလေး ၄၄၇ ဦး၊ အမျိုးသမီး ၂၄၈ ဦး အပါအဝင် အရပ်သားများဖြစ်တယ်လို့ သိရှိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံရစဉ်အတွင်း ဂါဇာရောက် အစ္စရေးသုံ့ပန်း ၄ ဦးထက်မနည်း သေဆုံးတယ်ဆိုပေမယ့် ဖြစ်စဉ်နဲ့အရေအတွက်ကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ စစ်သတင်း ရယူနေတဲ့ သတင်းထောက် ၃ ဦး သေဆုံးပြီး၊ အခြား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပြောပါတယ်

အချိန်နဲ့အမျှ နှစ်ဘက်စလုံးမှာ သေဆုံးဒဏ်ရာရရှိသူ အရေအတွက် တိုးမြင့်နေပေမယ့် ယခုသတင်းတင်ပြချိန်အထိ စိမ့်၀င်လာတဲ့ ပါလက်စတိုင်း ၁ဝဝဝ ခန့်ကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးအဆိုအရသိရှိရပါတယ်။ ဂါဇာမှာ ပါလက်စတိုင်း ၁၉ဝဝ ခန့်၊ အနောက်ဘက်ကမ်းမှာ ၅၁ ဦးနဲ့ လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာ ၆ ဦး သေဆုံးပါတယ်။

ဝါရှင်တန်ပို့စ်က ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက် အရ ဒေသတွင်းရောက် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားသား ၂၄ဝ ခန့် သေဆုံး (သို့) ပျောက်ဆုံးနေပါတယ်။ အများဆုံးမှာ အမေရိကန် ၂၇ ဦးသေ ၁၄ ဦး ပျောက်ဆုံး၊ ထိုင်း ၂၁ ဦးသေ၊ ၁၆ ဦး ဓါးစားခံ၊ ၁၄ ဦး ပျောက်ဆုံး၊ ပြင်သစ် ၁၃ ဦးသေ ၁၇ ဦး ပျောက်ဆုံး၊ ယူကရိန်း ၁၂ ဦးသေ ၉ ဦး ဓါးစာခံ၊ ၈ ဦးပျောက်ဆုံ၊ နီပေါ ၁ဝ ဦးသေ ၁၇ ဦး ဓါးစာခံတို့ဖြစ်ကြပါတယ်။ ၎င်းတို့အနက်အချို့ဟာ တစ်နိုင်ငံ ထက်ပိုပြီး နိုင်ငံသား ခံယူထားကြသူများဖြစ်ပါတယ်။

ရုရှားနိုင်ငံသား ၄ ဦးသေ ၁၂ ဦး ပျောက်ဆုံး၊ တရုတ် ၃ ဦးသေ ၃ ဦးပျောက်ဆုံး၊ သီရိလင်္ကာ ၁ ဦးသေ ၂ ဦး ပျောက်ဆုံး၊ ဖိလစ်ပိုင် ၃ ဦးသေ ၂ ဦးဓါးစာခံ ၃ ဦးပျောက်ဆုံး၊ ကမ္ဘောဒီးယား ၁ ဦးသေဆုံးကြောင်း ကနဦး သိရှိရပါတယ်။
#HtayOung, #OungMarine

Zawgyi Version;
ဟားမတ္စ္-အစၥေရးစစ္ပြဲ လက္ရွိအေျခအေန အပါအဝင္ ၂၅ ႏိုင္ငံမွ ႏိုင္ငံသား ၂၈ဝ ေက်ာ္ ေသဆုံး (သို႔) ေပ်ာက္ဆုံး ေန
Htay Oung (NP News) - ေအာက္တိုဘာ ၁၄

၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္ နံနက္ေစာေစာ ဟားမတ္စ္မ်ား ဦးေဆာင္တဲ့ဂါဇာကမ္းေျမႇာင္မွ ပါ လက္စတိုင္းစစ္ေသြးႂကြအဖြဲ႕ေတြဟာ “အယ္လ္_အကၠဆာ_လွ်ံတက္ျခင္း” အမည္ရွိ စစ္ဆင္ေရးတဲ့ အစၥေရးႏိုင္ငံ အတြင္း ထိုးစစ္ဆင္ခဲ့ပါတယ္။ အစၥေရးႏိုင္ငံေနရာအႏွံ႔အျပားကို ဒုံးက်ည္စင္းေရ ၅ဝဝဝ ထက္မနည္းနဲ႔ ဟန္႔စစ္ဆင္ တရစပ္ပစ္ခတ္ေနခ်ိန္ ပါလက္စတိုင္းနဲ႔ အစၥေရးနယ္ေျမအၾကား အတားအဆီးျပဳလုပ္ထားတဲ့စည္း႐ိုးနဲ႔ ကြန္ကရစ္ တံတိုင္း ၅ ေနရာကို တြန္းၿဖိဳၿပီး အနီးကပ္ရက္ အစၥၥေရးစစ္အေျခစိုက္စခန္းမ်ားနဲ႔ အစၥေရးနယ္သစ္အေျခခ်ေနရာ အခ်ိဳ႕ကို တစ္ၿပိဳင္နက္တည္း ဝင္ေရာက္ခဲ့ပါတယ္။ ကုန္းေၾကာင္း၊ ေလေၾကာင္း၊ ေရေၾကာင္းမွ ႐ုတ္တရက္ က်ဴးေက်ာ္လာျခင္းျဖစ္ၿပီး အေစာဆုံး အစုအပုံလိုက္ အသတ္ခံရသူမ်ားက ဂါဇာနဲ႔ ကပ္ရက္ သဲကႏၲာရအတြင္း ဂီတ ပြဲေတာ္က်င္းပေနတဲ့ အစၥေရး ၂၆ဝ ေက်ာ္တို႔ျဖစ္ပါတယ္။ အခ်ိန္တိုအတြင္းမွာပဲ ဟားမတ္စ္အခ်ိဳ႕က အစၥေရး စစ္သားမ်ားနဲ႔ အမ်ိဳးသမီးကေလးငယ္မ်ား အပါအ၀င္ အရပ္သားမ်ားကို ဂါဇာကမ္းေျမႇာင္အတြင္း ဖမ္းဆီးေခၚ ေဆာင္သြားၾကပါတယ္။ အစၥေရးအက်ဥ္းေထာင္မ်ားမွာ ခ်ဳပ္ေႏွာင္ထားခံေနရတဲ့ ပါလက္စတိုင္းမ်ားနဲ႔ လဲလွယ္ဖို႔ ျဖစ္ပါတယ္။

ပါလက္စတိုင္းနဲ႔ ဂ်ဴးတို႔အၾကား (နယ္ေျမပိုင္ဆိုင္ခြင့္) ပဋိပကၡဟာ ရာစုႏွစ္ခ်ီ ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ အစၥေရး ဇီယြန္ဝါဒနဲ႔ အာရပ္အမ်ိဳးသားေရးဝါဒတို႔ ထိပ္တိုက္ေတြ႕ၾကခ်ိန္ ေဒသအတြင္း စစ္ပြဲအသြင္ အရွိန္ျမင့္တက္လာခဲ့ပါ တယ္။ ၁၉၄၈ ခုႏွစ္ အစၥေရးႏိုင္ငံစတင္ထူေထာင္ခ်ိန္မွ ၂ဝဝ၆ ခုႏွစ္အထိ ၆ ႀကိမ္တိုင္ အာရပ္-အစၥေရးစစ္ပြဲ ျဖစ္ပြားခဲၿပီးျဖစ္ပါတယ္။

စစ္ပြဲတိုင္းမွာ အစၥေရးတို႔က နယ္ေျမတိုးခ်ဲ႕သိမ္းယူႏိုင္ခဲ့ၿပီး ၁၉၆၇ ခုႏွစ္ ၆ ရက္စစ္ပြဲ တတိယအႀကိမ္မွာ ပါလက္စတိုင္းတို႔ကို အေနာက္ဘက္ကမ္းနဲ႔ ဂါဇာကမ္းေျမႇာင္အတြင္း ေမာင္းထုတ္ခဲ့ၿပီး စစ္အုပ္ခ်ဳပ္ေရးနဲ႔ ထိန္းခ်ဳပ္ခဲ့ပါတယ္။ စတုတၳအႀကိမ္ ႏွစ္ဘက္အင္အားျပည့္ အႀကိတ္အနယ္တိုက္ခိုက္ခဲ့ၾကတဲ့ ၁၉၇၃ ခုႏွစ္ ယြန္ကစ္ပူစစ္ပြဲအၿပီးမွာ အိမ္နီးခ်င္းအာရပ္ႏိုင္ငံအခ်ိဳ႕နဲ႔ အပစ္အခတ္ရပ္စဲႏိုင္ခဲ့ပါတယ္။ အီဂ်စ္နဲ႔ ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္တဲ့အတြက္ ဆိုင္းႏိုင္းေဒသကို သိမ္းယူထားတဲ့အစၥေရးတပ္မ်ားကို ျပန္လည္႐ုတ္သိမ္းေပးခဲ့ပါတယ္။ ဂါဇာကမ္းေျမႇာင္နဲ႔ အေနာက္ဘက္ကမ္းတို႔မွာ အရပ္ဘက္ အုပ္ခ်ဳပ္ေရးကို ေျပာင္းလဲေပးခဲ့ေပမယ့္ ဂိုလန္ကုန္းျမင့္နဲ႔ ေဂ်႐ုဆလင္ၿမိဳ႕ အေရွ႕ပိုင္းကို အစၥေရးပိုင္နက္အတြင္း သြတ္သြင္းခဲ့ပါ တယ္။

ဆိုင္းႏိုင္းကြၽန္းဆြယ္ အီဂ်စ္နယ္ေျမမွ အစၥေရးတပ္မ်ား စတင္ဆုတ္ခြာျခင္းနဲ႔အတူ ပါလက္စတိုင္းနဲ႔ တင္းမာမႈဟာ ျမင့္တက္လာခဲ့ပါတယ္။ ဒီအတြက္ ပါလက္စတိုင္း လြတ္ေျမာက္ေရးတပ္ PLO တို႔ အခိုင္မာေျခကုပ္ယူရာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းနဲ႔ ေဘ႐ြတ္ၿမိဳ႕ေတာ္ကို အစၥေရးက ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ ၁၉၈၂ ပၪၥမနဲ႔ ၂၀၀၆ ခုႏွစ္ ဆ႒မအႀကိမ္ အာရပ္-အစၥေရးစစ္ပြဲကိုေတာ့ လက္ဘႏြန္ႏိုင္ငံအတြင္းအျဖစ္ ဂ်ဴးတို႔က ကန္႔သတ္ ႏိုင္ခဲ့ၿပီး လက္ဘႏြန္တရား၀င္ ျပည္သူ႔စစ္ဟစ္ဇ္ဘိုလာတို႔နဲ႔ အႀကိတ္အနယ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္။ တစ္ၿပိဳင္တည္း မွာပဲ ယာဖာအာရဖတ္ရဲ႕ ပါလက္စတိုင္း လြတ္ေျမာက္ေရးတပ္ကိုလည္း ႏိုင္ငံတကာႀကီးၾကပ္မႈေအာက္ အေရာက္ပို႔ႏိုင္ျခင္းျဖင့္ အၾကမ္းဖက္ခံရမႈမ်ားကို တားဆီးလိုက္ပါတယ္။ ၁၉၉၃ ခုႏွစ္ ေအာ္စလိုသေဘာတူညီခ်က္ အၿပီးမွာေတာ့ အစၥေရးႏိုင္ငံကို အသိအမွတ္ ျပဳလိုက္ရျခင္းနဲ႔ PLO လက္နက္ကိုင္လႈပ္ရွားမႈ နိဂုံးခ်ဳပ္သြားခဲ့တယ္။

ဒါေပမယ့္ အစၥေရးတို႔ သိမ္းယူထားတဲ့ ပါလက္စတိုင္းနယ္ေျမမ်ား လက္နက္မဲ့ ကန္႔ကြက္ဆႏၵျပမႈမ်ားနဲ႔ အဓိက႐ုန္းမ်ား ဆက္တိုက္ျဖစ္ေပၚေနခဲ့ၿပီး ၁၉၈၇-ခုႏွစ္ ပါလက္စတိုင္း ဒုကၡသည္စခန္းမ်ားအတြင္း ဖာဒါအုပ္ခ်ဳပ္မႈ ဆန္႔က်င္ေရး ပထမအႀကိမ္အေရးအခင္းတည္းက ဟားမတ္စ္အဖြဲ႕ေပၚ ေပါက္ေနၿပီျဖစ္ပါတယ္။ ဆြန္နီအစၥ လာမ္စစ္ေသြးႂကြမ်ားျဖစ္တဲ့ ဟားမတ္စ္တို႔ဟာ အီဂ်စ္အေျခစိုက္ မြတ္စလင္ ဘရားသားဟုဒ္မွ ျမစ္ဖ်ားခံလာျခင္း ျဖစ္ၿပီး ဇီယြန္ဝါဒနဲ႔ အစၥေရးႏိုင္ငံတည္ရွိမႈ ဆန္႔က်င္ေရး၊ ပါလက္စတိုင္းအမ်ိဳးသားေရးကိုျမႇင့္တင္ၿပီး အစၥလာမ္စ္ ႏိုင္ငံထူေထာင္ေရး ရည္မွန္းခ်က္ထားရွိပါတယ္။

အစၥေရးတို႔လက္ခ်က္နဲ႔ ပါလက္စတိုင္းအရပ္သားမ်ား ေသဆုံးရျခင္း၊ နယ္ေျမအတြင္း ဂ်ဴးအိမ္ရာအေဆာက္အအုံ မ်ား တိုးခ်ဲ႕တည္ေဆာက္ျခင္း၊ အစၥလာမ္ဘာသာ၀င္တို႔ အထြဋ္အျမတ္ထားရာ ေဂ်႐ုဆလင္ အေရွ႕ပိုင္း အယ္လ္အကၠဆာဗလီအနီး တူးေျမာင္းေဖာက္လုပ္ျခင္းတို႔ေၾကာင့္ ဆႏၵျပမႈမ်ား၊ အဓိက႐ုန္းမ်ား အႀကိမ္ႀကိမ္ ျဖစ္ပြားခဲ့ပါတယ္။ ဒုတိယ ဖာဒါဆန္႔က်င္ေရးလႈပ္ရွားမႈအၿပီး ၂ဝဝ၆ ခုႏွစ္မွာ ဟားမတ္စ္တို႔ဟာ ပါလက္စတိုင္း နယ္ေျမ ၂ ခုအနက္ နယ္ေျမပိုမိုငယ္႐ြယ္တဲ့ ဂါဇာကမ္းေျမႇာင္ကို အုပ္ခ်ဳပ္ခြင့္ ေ႐ြးေကာက္ခံရသူမ်ားျဖစ္လာၿပီး အစၥေရးနဲ႔ ဟားမတ္စ္တို႔အၾကား အႀကိမ္ေပါင္းမ်ားစြာ ထိပ္တိုက္ေတြ႕ခဲ့ၾကၿပီးျဖစ္ပါတယ္။

ဂါဇာကမ္းေျမာင္ကို ပိတ္ဆို႔ထားမႈနဲ႔ အစၥေရးတို႔ သိမ္းပိုက္မႈကို အဆုံးသတ္ရန္ ပါလက္စတိုင္းတို႔က ရည္႐ြယ္ၿပီး၊ အစၥေရးတို႔ကေတာ့ ဂါဇာေဒသအတြင္းမွ မိုးပ်ံေဘာ္လုံးမ်ား လႊင့္တင္မီးရႈိ႕ျခင္း၊ ဒုံးက်ည္ျဖင့္ တိုက္ခိုက္ျခင္း အပါအဝင္ ပါလက္စတိုင္းအၾကမ္းဖက္မႈမ်ားကို အဆုံးသတ္ရန္ ရည္႐ြယ္ထားပါတယ္။ ၂ဝဝ၂ - ၂ဝဝ၃ ခုႏွစ္မ်ားမွာ အစၥေရး ၃၂ ႏွစ္ဦး၊ ပါလက္စတိုင္း ၂၄၅ ဦးေသဆုံးရတဲ့ အၾကမ္းဖက္အဓိက႐ုန္းမ်ား ျဖစ္ပြားခဲ့သည့္တိုင္ ဟားမတ္စ္တို႔က အလုံးအရင္းနဲ႔ လက္တုံ႔ျပန္ျခင္း မရွိဘဲ ႀကိတ္ၿပီး အင္အားစုေဆာင္းေနခဲ့ပုံရပါတယ္။

၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္ေန႔ အစၥေရးစံေတာ္ခ်ိန္ ဝ၆ နာရီ ၃ဝ မိနစ္ နာရီခန္႔ ဟားမတ္စ္တို႔ရဲ႕ အယ္လ္အကၠဆာလွ်ံတက္ျခင္း စစ္ဆင္ေရးမွာ ပါလက္စတိုင္းအစၥလာမ္မစ္ တပ္ရင္း ၄ ခုပါဝင္ၿပီး စုစုေပါင္း အင္အား ၄ဝဝဝဝ ရွိရာမွာ ၂၅ဝဝ ခန္႔က အစၥေရးႏိုင္ငံအတြင္း ထိုးေဖာက္၀င္ေရာက္ႏိုင္ခဲ့ပါတယ္။ မိနစ္ ႏွစ္ဆယ္ အတြင္း ဒုံးက်ည္စင္းေရး ၃ဝဝဝ ခန္႔ ပစ္ခတ္ခံရေၾကာင္း အစၥေရးဘက္က ေျပာပါတယ္။ စပိဘုတ္မ်ား အသုံးၿပီး ေျမထဲပင္လယ္မွ အတင္း၀င္ေရာက္ခဲ့သလို ပါရာဂလိုက္ဒါ (ေခၚ) ေလဟုန္စီး ပဲ့ထိန္းေလထီးမ်ားနဲ႔ ႐ုတ္တရက္ ဝင္ေရာက္ႏိုင္ခဲ့ပါတယ္။ အနက္ေရာင္ဝတ္စုံဝတ္ မ်က္ႏွာဖုံးစြပ္ ပါလက္စတိုင္းေသနတ္သမားတို႔ဟာ နယ္ျခား အတားအဆီးမ်ားကိုတြန္းၿဖိဳၿပီး အစၥေရး ကင္းေမွ်ာ္စင္မ်ား စစ္တန္းလ်ားမ်ားကို စီးနင္းၾကပါတယ္။ ထရပ္ကားမ်ား၊ ပစ္ကပ္ကားမ်ား၊ ဆိုင္ကယ္မ်ား၊ ဘူဒိုဇာမ်ားကိုပါ အသုံးျပဳခဲ့ေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ အစၥေရး တင့္ကားအခ်ိဳကို ဖ်က္ဆီးၿပီး စစ္သားအခ်ိဳ႕ကို အေသပစ္သတ္ အခ်ိဳ႕ကို အရွင္ဖမ္းဆီးေခၚေဆာင္ၾကပါတယ္။ ကနဦးတိုက္ခိုက္မႈမွာ ဂ်ဴးစစ္သားနဲ႔ ရဲတပ္ဖြဲ႕၀င္ ၃ဝ ဦးအပါအ၀င္ လူေပါင္း ၁၃ဝဝ ေသဆုံးခဲ့ၿပီး ၂ဝဝ ခန္႔ ျပန္ေပးဆြဲခံရေၾကာင္း လတ္တေလာသိရွိရပါတယ္။

အင္အား ၅ သိန္းေက်ာ္ရွိတဲ့ အစၥေရးကာကြယ္ေရး တပ္မေတာ္ဟာ ဂါဇာကမ္းေျမႇာင္မွ မိုင္ ၅ဝ အတြင္း အေရးေပၚ အေျခအေနေၾကညာခဲ့ပါတယ္။ အေရးေပၚ ဖြဲ႕စည္းလိုက္တဲ့ တဲလ္အဗစ္အစိုးရက “ဟားမတ္စ္တို႔အေပၚ စစ္ေၾကညာ” ၿပီး ဂ်ဴးစစ္သား သုံးသိန္းခြဲေက်ာ္ကို ဂါဇာအနီး စု႐ုံးေစခဲ့ပါတယ္။ အစၥေရးတို႔က “သံမဏိဓါး_ စစ္ဆင္ေရး” အျဖစ္ ဂါဇာကမ္းေျမႇာင္အတြင္း ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ႏိုင္ငံေျမာက္ပိုင္း လက္ဘႏြန္ႏိုင္ငံအတြင္းမွ ဒုံးက်ည္မ်ားနဲ႔ပစ္ခတ္တဲ့ဟစ္ဇ္ဘိုလာတို႔ကို အေျမာက္ႀကီးမ်ားနဲ႔ တုံ႔ျပန္ပစ္ခတ္ခဲ့ပါ တယ္။ ၅ ရက္ခန္႔ၾကာ အစၥေရးနယ္ေျမအတြင္း ရွင္းလင္းၿပီးတဲ့အခါ ကမ္းေျမႇာင္ေဒသ ဂါဇာၿမိဳ႕ေတာ္မွ ပါလက္စတိုင္းအရပ္သား ၁.၁ သန္းကို ၂၄ နာရီအတြင္း ေဘးလြတ္ရာ ထြက္ခြာဖို႔ ကမာၻ႔ကုလသမဂၢမွတဆင့္ အေၾကာင္းၾကားလိုက္ပါတယ္။

ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာန အဆိုအရ ဂါဇာမွာ ပါလက္စတိုင္းလူမ်ိဳး ၁၄ဝဝ ေက်ာ္ေသဆုံးခဲ့ၿပီး အမ်ားစုမွာ ကေလး ၄၄၇ ဦး၊ အမ်ိဳးသမီး ၂၄၈ ဦး အပါအဝင္ အရပ္သားမ်ားျဖစ္တယ္လို႔ သိရွိရပါတယ္။ ေလေၾကာင္းတိုက္ခိုက္ခံရစဥ္အတြင္း ဂါဇာေရာက္ အစၥေရးသုံ႔ပန္း ၄ ဦးထက္မနည္း ေသဆုံးတယ္ဆိုေပမယ့္ ျဖစ္စဥ္နဲ႔အေရအတြက္ကို လြတ္လပ္စြာ အတည္ျပဳႏိုင္ျခင္း မရွိပါဘူး။ စစ္သတင္း ရယူေနတဲ့ သတင္းေထာက္ ၃ ဦး ေသဆုံးၿပီး၊ အျခား ၂ ဦး ျပင္းထန္စြာ ဒဏ္ရာရရွိတယ္လို႔ နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႕က ေျပာပါတယ္

အခ်ိန္နဲ႔အမွ် ႏွစ္ဘက္စလုံးမွာ ေသဆုံးဒဏ္ရာရရွိသူ အေရအတြက္ တိုးျမင့္ေနေပမယ့္ ယခုသတင္းတင္ျပခ်ိန္အထိ စိမ့္၀င္လာတဲ့ ပါလက္စတိုင္း ၁ဝဝဝ ခန္႔ကို သုတ္သင္ခဲ့တယ္လို႔ အစၥေရးအဆိုအရသိရွိရပါတယ္။ ဂါဇာမွာ ပါလက္စတိုင္း ၁၉ဝဝ ခန္႔၊ အေနာက္ဘက္ကမ္းမွာ ၅၁ ဦးနဲ႔ လက္ဘႏြန္မွာ ဟစ္ဇ္ဘိုလာ ၆ ဦး ေသဆုံးပါတယ္။

ဝါရွင္တန္ပို႔စ္က ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာ ၁၁ ရက္ အရ ေဒသတြင္းေရာက္ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံမွ ႏိုင္ငံျခားသား ၂၄ဝ ခန္႔ ေသဆုံး (သို႔) ေပ်ာက္ဆုံးေနပါတယ္။ အမ်ားဆုံးမွာ အေမရိကန္ ၂၇ ဦးေသ ၁၄ ဦး ေပ်ာက္ဆုံး၊ ထိုင္း ၂၁ ဦးေသ၊ ၁၆ ဦး ဓါးစားခံ၊ ၁၄ ဦး ေပ်ာက္ဆုံး၊ ျပင္သစ္ ၁၃ ဦးေသ ၁၇ ဦး ေပ်ာက္ဆုံး၊ ယူကရိန္း ၁၂ ဦးေသ ၉ ဦး ဓါးစာခံ၊ ၈ ဦးေပ်ာက္ဆုံ၊ နီေပါ ၁ဝ ဦးေသ ၁၇ ဦး ဓါးစာခံတို႔ျဖစ္ၾကပါတယ္။ ၎တို႔အနက္အခ်ိဳ႕ဟာ တစ္ႏိုင္ငံ ထက္ပိုၿပီး ႏိုင္ငံသား ခံယူထားၾကသူမ်ားျဖစ္ပါတယ္။

႐ုရွားႏိုင္ငံသား ၄ ဦးေသ ၁၂ ဦး ေပ်ာက္ဆုံး၊ တ႐ုတ္ ၃ ဦးေသ ၃ ဦးေပ်ာက္ဆုံး၊ သီရိလကၤာ ၁ ဦးေသ ၂ ဦး ေပ်ာက္ဆုံး၊ ဖိလစ္ပိုင္ ၃ ဦးေသ ၂ ဦးဓါးစာခံ ၃ ဦးေပ်ာက္ဆုံး၊ ကေမာၻဒီးယား ၁ ဦးေသဆုံးေၾကာင္း ကနဦး သိရွိရပါတယ္။
#HtayOung, #OungMarine

Related news

© 2021. All rights reserved.