နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံကြောင်း တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး

4486
မျိုးကြီး (NP News) - အောက်တိုဘာ ၁၆
နိုင်ငံပြိုကွဲစေမည့် လုပ်ဆောင်မှုများကို လက်မခံကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယမန်နေ့(အောက်တိုဘာလ ၁၅ ရက်)၊ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပသည့် NCA (၈)နှစ်ပြည့်အခမ်းအနားအပြီး နေ့လည်ပိုင်း၌ တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ်တို့သည် နစကဥက္ကဋ္ဌရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာ၌ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ခိုင်မာစွာရပ်တည်ထောက်ခံလျက်ရှိသည့်အခြေအနေများ၊ နိုင်ငံပြိုကွဲစေမည့်လုပ်ဆောင်မှုများကို လက်ခံမှုမရှိသည့်အခြေအနေများကို နှစ်ဖက်အကြား ထည့် သွင်းဆွေးနွေးခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အွန်လိုင်းလောင်းကစားမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် မစ္စတာတိန့်ရှီးကျွင်းတို့က ထပ်မံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် NCA စာချုပ်၌ နိုင်ငံတကာအသိသက်သေအဖြစ် ပါဝင်လက် မှတ်ရေးထိုးထားသော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံကိုယ်စား မစ္စတာတိန့်ရှီးကျွင်းက NCA (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။
NCA (၈)နှစ်ပြည့်အခမ်းအနား၌ မစ္စတာတိန့်ရှီးကျွင်းက “တရုတ်နိုင်ငံက မြန်မာ နိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစွာထောက်ခံအားပေးပါတယ်။ မြန်မာ နိုင်ငံဘက်အသီးသီးရဲ့လိုအပ်ချက်အရ မြန်မာနိုင်ငံတော်အချုပ်အခြာအာဏာကို အပြည့်အဝလေးစားတဲ့အခြေအနေမှာ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာဆွေးနွေးရန် တိုက်တွန်းတဲ့ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေပါဝင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ဖို့ တက်တက်ကြွကြွ ကူညီတွန်းအားပေးသွားလိုပါတယ်” ဟု ပြောသည်။
အလားတူ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို အပြည့်အဝလေးစားကာ နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေး၊ အမျိုးသားသင့်မြတ်ရေးဖော်ဆောင်ရန် အပြုသဘောကူညီသွားရေး မျှော် လင့်ကြောင်းလည်း မစ္စတာတိန့်ရှီးကျွင်းက ဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များနှင့်ပတ်သက်၍ ကြားဝင်ကူညီပေးနေမှုများရှိကြောင်း သိရသည်။

zawgyi version
ႏိုင္ငံၿပိဳကြဲေစမည့္ လုပ္ေဆာင္မႈမ်ားကို လက္မခံေၾကာင္း တပ္ခ်ဳပ္ႏွင့္ တ႐ုတ္အထူးကိုယ္စားလွယ္တို႔ ေတြ႕ဆုံေဆြးေႏြး
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၆
ႏိုင္ငံၿပိဳကြဲေစမည့္ လုပ္ေဆာင္မႈမ်ားကို လက္မခံေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ တ႐ုတ္ႏိုင္ငံ အာရွေရးရာအထူးကိုယ္စားလွယ္မစၥတာတိန႔္ရွီးကြၽင္းတို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။
ယမန္ေန႔(ေအာက္တိုဘာလ ၁၅ ရက္)၊ နံနက္ပိုင္းတြင္ ေနျပည္ေတာ္၌ က်င္းပသည့္ NCA (၈)ႏွစ္ျပည့္အခမ္းအနားအၿပီး ေန႔လည္ပိုင္း၌ တပ္ခ်ဳပ္ႏွင့္ တ႐ုတ္အထူးကိုယ္စားလွယ္တို႔သည္ နစကဥကၠ႒႐ုံးတြင္ ေတြ႕ဆုံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံရာ၌ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ ခိုင္မာစြာရပ္တည္ေထာက္ခံလ်က္ရွိသည့္အေျခအေနမ်ား၊ ႏိုင္ငံၿပိဳကြဲေစမည့္လုပ္ေဆာင္မႈမ်ားကို လက္ခံမႈမရွိသည့္အေျခအေနမ်ားကို ႏွစ္ဖက္အၾကား ထည့္ သြင္းေဆြးေႏြးခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ အြန္လိုင္းေလာင္းကစားမႈမ်ားႏွင့္ အြန္လိုင္းလိမ္လည္မႈမ်ား ပေပ်ာက္ေစေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ားကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ မစၥတာတိန႔္ရွီးကြၽင္းတို႔က ထပ္မံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံသည္ NCA စာခ်ဳပ္၌ ႏိုင္ငံတကာအသိသက္ေသအျဖစ္ ပါဝင္လက္ မွတ္ေရးထိုးထားေသာ ႏိုင္ငံတစ္ခုျဖစ္ၿပီး တ႐ုတ္ႏိုင္ငံကိုယ္စား မစၥတာတိန႔္ရွီးကြၽင္းက NCA (၈)ႏွစ္ျပည့္အခမ္းအနားသို႔ တက္ေရာက္လာခဲ့ျခင္းျဖစ္သည္။
NCA (၈)ႏွစ္ျပည့္အခမ္းအနား၌ မစၥတာတိန႔္ရွီးကြၽင္းက “တ႐ုတ္ႏိုင္ငံက ျမန္မာ ႏိုင္ငံရဲ႕ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ခိုင္မာစြာေထာက္ခံအားေပးပါတယ္။ ျမန္မာ ႏိုင္ငံဘက္အသီးသီးရဲ႕လိုအပ္ခ်က္အရ ျမန္မာႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို အျပည့္အဝေလးစားတဲ့အေျခအေနမွာ တ႐ုတ္ႏိုင္ငံက ၿငိမ္းခ်မ္းစြာေဆြးေႏြးရန္ တိုက္တြန္းတဲ့ အျပဳသေဘာေဆာင္ေသာ အခန္းက႑ကေနပါဝင္ၿပီး ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဖာ္ေဆာင္ဖို႔ တက္တက္ႂကြႂကြ ကူညီတြန္းအားေပးသြားလိုပါတယ္” ဟု ေျပာသည္။
အလားတူ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာကို အျပည့္အဝေလးစားကာ ႏိုင္ငံေရးအသြင္ကူးေျပာင္းမႈႏွင့္ ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားသင့္ျမတ္ေရးေဖာ္ေဆာင္ရန္ အျပဳသေဘာကူညီသြားေရး ေမွ်ာ္ လင့္ေၾကာင္းလည္း မစၥတာတိန႔္ရွီးကြၽင္းက ဆိုသည္။
လက္ရွိတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္မ်ားႏွင့္ပတ္သက္၍ ၾကားဝင္ကူညီေပးေနမႈမ်ားရွိေၾကာင္း သိရသည္။