အသစ်ထွက်ရှိထားသော iPhone 15 က အသုံးပြုရန် အခက်ခဲဆုံးဖုန်းတစ်လုံးဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟောင်းဟွန်ဆန် ထုတ်ဖော်ပြော

 1857

Pika (NP News) - အောက်တိုဘာ ၁၇

Apple ကုမ္ပဏီက ပြီးခဲ့သည့်စက်တင်ဘာလတွင် စတင်ဖြန့်ချိခဲ့သော iPhone 15 အမျိုးအစားသည် ကိုင်ဖူးသမျှ IPhone များထဲတွင် အသုံးပြုရန်အခက်အခဲဆုံးဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထုတ်ဖော်ပြောခဲ့သည်။

ထို့အပြင် ၎င်းသည် အရင်မော်ဒယ်များကို ပိုပြီးသဘောကျသောကြောင့် iPhone 15 အသုံးပြုမှုကို စွန့်လွှတ်သွား မည်ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

ဟွန်ဆန် က "iPhone အသုံးပြုနေတဲ့လူတွေကိုပြောချင်တာကတော့ ကျွန်တော်ဟာ ထွက်ရှိခဲ့ဖူးတဲ့ iPhone တွေ အကုန်လုံးကို အသုံးပြုလာတဲ့သူဖြစ်ပါတယ်။ iPhone ဟာ ကျွန်တော့်ရဲ့အလုပ်တွေအားလုံးကို ကူညီပေးခဲ့ပါတယ်၊၊ အဲဒီအတွက်လည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်သိလာတာတစ်ခုကတော့ အသစ်ထွက်ရှိလာတဲ့ iPhone 15 ဟာ အသုံးပြုဖို့အခက်အခဲဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကျွန်တော်လက်ရှိမှာ iPhone 15၊ 15Max၊ 15 pro ၊15pro max လေးခုလုံးကို အသုံးပြုနေပါတယ်။ ဒါပေမယ့် iPhone15 ဟာ အသုံးပြုဖို့ ခက်ခဲတဲ့ ဖုန်းတစ်လုံးဖြစ်တာ ကြောင့် iPhone 14 ၊ iPhone 13 နဲ့ iPhone 12 တို့ကိုပဲ ပြန်အသုံးပြုတော့မှာပါ။ ကျွန်တော်ဟာ iPhone အသုံးပြုရ တာကို သဘောကျတဲ့လူတစ်ယောက်ဖြစ်ပေမယ့်လည်း iPhone15 မသုံးရသေးတဲ့သူတွေကို ပြောပြချင်တာက တော့ ကျွန်တော့်လိုမျိုးမဖြစ်ချင်ရင် လက်ရှိကိုင်ထားတဲ့ iPhone ကိုပဲ ဆက်ကိုင်ထားကြပါလို့ ပြောချင်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
အသစ္ထြက္ရွိထားေသာ iPhone 15 က အသုံးျပဳရန္ အခက္ခဲဆုံးဖုန္းတစ္လုံးျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီး ခ်ဳပ္ေဟာင္းဟြန္ဆန္ ထုတ္ေဖာ္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၇

Apple ကုမၸဏီက ၿပီးခဲ့သည့္စက္တင္ဘာလတြင္ စတင္ျဖန႔္ခ်ိခဲ့ေသာ iPhone 15 အမ်ိဳးအစားသည္ ကိုင္ဖူးသမွ် IPhone မ်ားထဲတြင္ အသုံးျပဳရန္အခက္အခဲဆုံးျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္က ထုတ္ေဖာ္ေျပာခဲ့သည္။

ထို႔အျပင္ ၎သည္ အရင္ေမာ္ဒယ္မ်ားကို ပိုၿပီးသေဘာက်ေသာေၾကာင့္ iPhone 15 အသုံးျပဳမႈကို စြန႔္လႊတ္သြား မည္ျဖစ္ေၾကာင္း ဟြန္ဆန္က ေျပာၾကားခဲ့သည္။

ဟြန္ဆန္ က "iPhone အသုံးျပဳေနတဲ့လူေတြကိုေျပာခ်င္တာကေတာ့ ကြၽန္ေတာ္ဟာ ထြက္ရွိခဲ့ဖူးတဲ့ iPhone ေတြ အကုန္လုံးကို အသုံးျပဳလာတဲ့သူျဖစ္ပါတယ္။ iPhone ဟာ ကြၽန္ေတာ့္ရဲ႕အလုပ္ေတြအားလုံးကို ကူညီေပးခဲ့ပါတယ္၊၊ အဲဒီအတြက္လည္း ေက်းဇူးတင္မိပါတယ္။ ကြၽန္ေတာ္သိလာတာတစ္ခုကေတာ့ အသစ္ထြက္ရွိလာတဲ့ iPhone 15 ဟာ အသုံးျပဳဖို႔အခက္အခဲဆုံး ဖုန္းတစ္လုံးျဖစ္ပါတယ္။ ကြၽန္ေတာ္လက္ရွိမွာ iPhone 15၊ 15Max၊ 15 pro ၊15pro max ေလးခုလုံးကို အသုံးျပဳေနပါတယ္။ ဒါေပမယ့္ iPhone15 ဟာ အသုံးျပဳဖို႔ ခက္ခဲတဲ့ ဖုန္းတစ္လုံးျဖစ္တာ ေၾကာင့္ iPhone 14 ၊ iPhone 13 နဲ႔ iPhone 12 တို႔ကိုပဲ ျပန္အသုံးျပဳေတာ့မွာပါ။ ကြၽန္ေတာ္ဟာ iPhone အသုံးျပဳရ တာကို သေဘာက်တဲ့လူတစ္ေယာက္ျဖစ္ေပမယ့္လည္း iPhone15 မသုံးရေသးတဲ့သူေတြကို ေျပာျပခ်င္တာက ေတာ့ ကြၽန္ေတာ့္လိုမ်ိဳးမျဖစ္ခ်င္ရင္ လက္ရွိကိုင္ထားတဲ့ iPhone ကိုပဲ ဆက္ကိုင္ထားၾကပါလို႔ ေျပာခ်င္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.