နိုင်ငံပိုင်ရေနံချက်စက်ရုံများမှ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲမှု၏ (၃)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်

 1883

မျိုးကြီး (NP News) - အောက်တိုဘာ ၁၈

နိုင်ငံပိုင်ရေနံချက်စက်ရုံများမှ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲမှု၏ (၃)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း စွမ်းအင်ဝန်ကြီးက ပြောသည်။

စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်က ယမန်နေ့(အောက်တိုဘာလ ၁၇ရက်)တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို သွားရောက်စစ်ဆေးစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ရေနံချက်စက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေးအတွက် လက်ရှိတွင် နစကအနေဖြင့် စီစဉ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

စက်ရုံများ ရပ်ဆိုင်းထားသည့်အတွက် ပစ္စည်းကိရိယာများ ပိုမိုပျက်စီးယိုယွင်းမှုများဖြစ်ပေါ်လျက်ရှိပြီး ၎င်းတို့ကို ပြန်လည် လည်ပတ်နိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ် လုပ်နိုင်ရေး နည်းလမ်းများရှာဖွေဖြေရှင်းသွားရမည်ဖြစ်ကြောင်း ဝန်ကြီးဦးကိုကိုလွင်က တိုက်တွန်းထားသည်။

လက်ရှိတွင် နိုင်ငံပိုင်ရေနံချက်စက်ရုံများ၏ ရေနံထွက်ပစ္စည်းများထုတ်လုပ်မှုသည် ပြည်တွင်းသုံးစွဲမှု၏ (၃)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်သည့်အတွက် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို ပြည်ပမှတင်သွင်းဖြန့်ဖြူးရလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

နှစ်စဉ် မြန်မာနိုင်ငံ၏ လောင်စာဆီနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ (၂) ဘီလျံခန့်ရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တစ်ခုတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဆွေးနွေးနေမှုများရှိကြောင်း သိရသည်။

ရေနံချက်စက်ရုံအသစ် တည်ဆောက်ရာတွင် ရေနံထွက်ပစ္စည်းအမျိုးမျိုး ချက်လုပ်နိုင်သည့် Petrochemical Complex အဆင့်အထိ တည်ဆောက်နိုင်ရန်မျှော်မှန်းထားပြီး လိုအပ်သော နည်းပညာနှင့်အရင်းအနှီးများကို နိုင်ငံတကာကုမ္ပဏီများအား ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်က ပြောသည်။

zawgyi version
ႏိုင္ငံပိုင္ေရနံခ်က္စက္႐ုံမ်ားမွ ေရနံထြက္ပစၥည္းထုတ္လုပ္မႈသည္ ျပည္တြင္းသုံးစြဲမႈ၏ (၃)ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ႏိုင္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁၈

ႏိုင္ငံပိုင္ေရနံခ်က္စက္႐ုံမ်ားမွ ေရနံထြက္ပစၥည္းထုတ္လုပ္မႈသည္ ျပည္တြင္းသုံးစြဲမႈ၏ (၃)ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ႏိုင္ေၾကာင္း စြမ္းအင္ဝန္ႀကီးက ေျပာသည္။

စြမ္းအင္ဝန္ႀကီးဦးကိုကိုလြင္က ယမန္ေန႔(ေအာက္တိုဘာလ ၁၇ရက္)တြင္ ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕ နယ္ရွိ အမွတ္(၁)ေရနံခ်က္စက္႐ုံ(သန္လ်င္)ကို သြားေရာက္စစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္ဆိုင္းထားခဲ့ရသည့္ ေရနံခ်က္စက္႐ုံမ်ားကို ျပန္လည္လည္ပတ္ႏိုင္ေရးအတြက္ လက္ရွိတြင္ နစကအေနျဖင့္ စီစဥ္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

စက္႐ုံမ်ား ရပ္ဆိုင္းထားသည့္အတြက္ ပစၥည္းကိရိယာမ်ား ပိုမိုပ်က္စီးယိုယြင္းမႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး ၎တို႔ကို ျပန္လည္ လည္ပတ္ႏိုင္ေရး ႀကိဳးစားရမည္ျဖစ္ေၾကာင္း ႏွင့္ တန္ဖိုးျမင့္ထုတ္ကုန္မ်ား ထုတ္ လုပ္ႏိုင္ေရး နည္းလမ္းမ်ားရွာေဖြေျဖရွင္းသြားရမည္ျဖစ္ေၾကာင္း ဝန္ႀကီးဦးကိုကိုလြင္က တိုက္တြန္းထားသည္။

လက္ရွိတြင္ ႏိုင္ငံပိုင္ေရနံခ်က္စက္႐ုံမ်ား၏ ေရနံထြက္ပစၥည္းမ်ားထုတ္လုပ္မႈသည္ ျပည္တြင္းသုံးစြဲမႈ၏ (၃)ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ေပးႏိုင္သည့္အတြက္ ျပည္တြင္းစက္သုံးဆီသုံးစြဲမႈကို ျပည္ပမွတင္သြင္းျဖန႔္ျဖဴးရလ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

ႏွစ္စဥ္ ျမန္မာႏိုင္ငံ၏ ေလာင္စာဆီႏွင့္သဘာဝဓာတ္ေငြ႕တင္သြင္းမႈအသုံးစရိတ္သည္ အေမရိကန္ေဒၚလာ (၂) ဘီလ်ံခန႔္ရွိေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံတြင္ ေရနံခ်က္စက္႐ုံအသစ္တစ္ခုတည္ေဆာက္ရန္အတြက္ ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား ေဆြးေႏြးေနမႈမ်ားရွိေၾကာင္း သိရသည္။

ေရနံခ်က္စက္႐ုံအသစ္ တည္ေဆာက္ရာတြင္ ေရနံထြက္ပစၥည္းအမ်ိဳးမ်ိဳး ခ်က္လုပ္ႏိုင္သည့္ Petrochemical Complex အဆင့္အထိ တည္ေဆာက္ႏိုင္ရန္ေမွ်ာ္မွန္းထားၿပီး လိုအပ္ေသာ နည္းပညာႏွင့္အရင္းအႏွီးမ်ားကို ႏိုင္ငံတကာကုမၸဏီမ်ားအား ဖိတ္ေခၚကာ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း စြမ္းအင္ဝန္ႀကီးဦးကိုကိုလြင္က ေျပာသည္။

Related news

© 2021. All rights reserved.