ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရေးအတွက် ပုလောမြို့နယ်ရှိ (၁၄၂၄)ဧက ကျယ်ဝန်းသော နယ်မြေကို “ပြင်ဘုကြီး(၂)ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်

897
စော(NP News) - အောက်တိုဘာ ၂၃
ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရေးအတွက် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ (၁၄၂၄)ဧက ကျယ်ဝန်းသော နယ်မြေကို “ပြင်ဘုကြီး (၂)ဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ်” သတ်မှတ်ခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာလ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ် ခံစားရမှုများကို ကာကွယ်ရန်နှင့် ပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသော ရေသယံဇာတများ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ တနင်္သာရီတိုင်း၊ ပုလောမြို့ နယ်ရှိ ဧရိယာအကျယ်အဝန်း (၁,၄၂၄)ဧကရှိသော နယ်မြေကို “ပြင်ဘုကြီး(၂) ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် ပြီးခဲ့သည့် အောက်တိုဘာလ (၂၀)ရက်တွင် သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့သို့သတ်မှတ်ခြင်းကြောင့် အဓိက ဒီရေတောသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ဗြူးရွှေဝါ၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်းစသည့် အဖိုးတန်သစ်မျိုးများ နှင့် လမု၊ လဘ၊ သမဲ့ဖြူ နှင့် ဓနိပင် စသည့် ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် အင်းကျား၊ ကျားပြောက်၊ တောကြောင်၊ မျောက်တံငါ၊ ဖွတ်၊ ဖျံ၊ မြွေစသည့် တိရစ္ဆာန်များ နှင့် သစ်တောက်ငှက်၊ သိမ်း၊ စင်ရော်၊ ကြက်တူရွေး၊ ပျံလွှား၊ ဒီးဒုတ်စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ သား၊ ငါး၊ ပုစွန်များစသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း နှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ဒီရေတောများသည် ကမ္ဘာပေါ်၌ ပျက်သုန်းရန်ခြိမ်းခြောက်မှုအခံရဆုံးစာရင်းတွင် ပါဝင်နေကြောင်း UN Myanmarမှ ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့(International Day of Disaster Risk Reduction)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

zawgyi version
ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစေရးအတြက္ ပုေလာၿမိဳ႕နယ္ရွိ (၁၄၂၄)ဧက က်ယ္ ဝန္းေသာ နယ္ေျမကို “ျပင္ဘုႀကီး(၂)ဒီေရေတာ ႀကိဳးျပင္ကာကြယ္ေတာ”အျဖစ္ သတ္မွတ္
ေစာ(NP News) - ေအာက္တိုဘာ ၂၃
ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစေရးအတြက္ တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ရွိ (၁၄၂၄)ဧက က်ယ္ဝန္းေသာ နယ္ေျမကို “ျပင္ဘုႀကီး (၂)ဒီေရေတာ ႀကိဳးျပင္ကာကြယ္ေတာအျဖစ္” သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ယေန႔(ေအာက္တိုဘာလ ၂၃ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ဝန္ႀကီးဌာနအေနျဖင့္ ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲ ေပါႂကြယ္ဝေစရန္၊ လႈိင္းဒဏ္၊ ေလမုန္တိုင္းဒဏ္ ခံစားရမႈမ်ားကို ကာကြယ္ရန္ႏွင့္ ျပည္သူမ်ားအတြက္ သား၊ ငါး၊ ပုစြန္ စေသာ ေရသယံဇာတမ်ား သုံးစြဲႏိုင္ရန္ရည္႐ြယ္၍ ဒီေရေတာႀကိဳးဝိုင္း/ႀကိဳးျပင္ကာကြယ္ေတာမ်ား သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၂၀၁၈ ခုႏွစ္၊ သစ္ေတာဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ(င)အရ တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕ နယ္ရွိ ဧရိယာအက်ယ္အဝန္း (၁,၄၂၄)ဧကရွိေသာ နယ္ေျမကို “ျပင္ဘုႀကီး(၂) ဒီေရေတာ ႀကိဳးျပင္ကာကြယ္ေတာ”အျဖစ္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၀)ရက္တြင္ သတ္မွတ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔သို႔သတ္မွတ္ျခင္းေၾကာင့္ အဓိက ဒီေရေတာသစ္မ်ိဳးမ်ားျဖစ္သည့္ ျဗဴးေျခေထာက္၊ ျဗဴးအုပ္ေဆာင္း၊ ျဗဴးေ႐ႊဝါ၊ သမဲ့ႀကီး၊ က်န၊ ပင္လယ္အုန္းစသည့္ အဖိုးတန္သစ္မ်ိဳးမ်ား ႏွင့္ လမု၊ လဘ၊ သမဲ့ျဖဴ ႏွင့္ ဓနိပင္ စသည့္ ဒီေရေတာသစ္မ်ိဳးမ်ားအား ထိန္းသိမ္းႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။
ထို႔ျပင္ အင္းက်ား၊ က်ားေျပာက္၊ ေတာေၾကာင္၊ ေမ်ာက္တံငါ၊ ဖြတ္၊ ဖ်ံ၊ ေႁမြစသည့္ တိရစာၦန္မ်ား ႏွင့္ သစ္ေတာက္ငွက္၊ သိမ္း၊ စင္ေရာ္၊ ၾကက္တူေ႐ြး၊ ပ်ံလႊား၊ ဒီးဒုတ္စသည့္ ငွက္မ်ိဳးမ်ား၏ ေနရင္းေဒသအား ထိန္းသိမ္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ သား၊ ငါး၊ ပုစြန္မ်ားစသည့္ ေရေနသတၱဝါမ်ား ရွင္သန္ေပါက္ဖြားရာ အဏၰဝါေဂဟစနစ္ ပိုမိုေကာင္းမြန္လာေစျခင္း ႏွင့္ သဘာဝေဘးအႏၲရာယ္မွ ကာကြယ္ေပးႏိုင္ျခင္းစသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံ၏ ဒီေရေတာမ်ားသည္ ကမာၻေပၚ၌ ပ်က္သုန္းရန္ၿခိမ္းေျခာက္မႈအခံရဆုံးစာရင္းတြင္ ပါဝင္ေနေၾကာင္း UN Myanmarမွ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၁၃)ရက္တြင္က်ေရာက္ေသာ အျပည္ျပည္ဆိုင္ရာ သဘာဝေဘးအႏၲရာယ္ေလ်ာ့ပါးေရးေန႔(International Day of Disaster Risk Reduction)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။