ဖယ်ခုံမြို့နယ်၌ အမျိုးသား(၂)ဦးကို PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

 781

NP News - အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် အမျိုးသား(၂)ဦးကို PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော (အောက်တိုဘာလ ၂၃ ရက်)၊ မွန်းလွဲ ၃နာရီအချိန်တွင် ဖယ်ခုံမြို့နယ်၊ မြို့ကုန်းရပ် ကွက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်တွင်နေထိုင်သည့် ဦးနေမျိုး(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ တစ်ရပ်ကွက်တည်းနေ ဦးအောင်ဦး(၅၁)နှစ်၊ မောင်အိုက်သား(၁၄)နှစ်အပြင် ဟိန်ဓမ္မရပ် ကွက်နေ ဦးစိုင်းနပိုလီယံထွန်း(ခ)နပိုလီယံထွန်း(ခ)သားပို(၄၁)နှစ်တို့နှင့်အတူရှိနေစဉ် PDF အဖွဲ့ဝင်တစ်ဦးက နေအိမ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးနေမျိုးတွင် ဝဲချိုင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နောက် ကျောယာဘက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ပြီး ဦးစိုင်းနပိုလီယံထွန်း(ခ)နပိုလီယံထွန်း(ခ)သားပို၌ ဦးခေါင်းထိပ်ပွင့်ထွက် ဒဏ်ရာတစ်ချက်နှင့် ဝဲပါးပေါက်ပြဲဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူအား ဖော် ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
ဖယ္ခုံၿမိဳ႕နယ္၌ အမ်ိဳးသား(၂)ဦးကို PDF အဖြဲ႕ဝင္တစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ေအာက္တိုဘာ ၂၆

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ခုံၿမိဳ႕နယ္တြင္ အမ်ိဳးသား(၂)ဦးကို PDF အဖြဲ႕ဝင္တစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ (ေအာက္တိုဘာလ ၂၃ ရက္)၊ မြန္းလြဲ ၃နာရီအခ်ိန္တြင္ ဖယ္ခုံၿမိဳ႕နယ္၊ ၿမိဳ႕ကုန္းရပ္ ကြက္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္တြင္ေနထိုင္သည့္ ဦးေနမ်ိဳး(၄၂)ႏွစ္သည္ ၎၏ေနအိမ္၌ တစ္ရပ္ကြက္တည္းေန ဦးေအာင္ဦး(၅၁)ႏွစ္၊ ေမာင္အိုက္သား(၁၄)ႏွစ္အျပင္ ဟိန္ဓမၼရပ္ ကြက္ေန ဦးစိုင္းနပိုလီယံထြန္း(ခ)နပိုလီယံထြန္း(ခ)သားပို(၄၁)ႏွစ္တို႔ႏွင့္အတူရွိေနစဥ္ PDF အဖြဲ႕ဝင္တစ္ဦးက ေနအိမ္သို႔ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဦးေနမ်ိဳးတြင္ ဝဲခ်ိဳင္းေအာက္က်ည္ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္၊ ေနာက္ ေက်ာယာဘက္ က်ည္ေဖာက္ဝင္ ဒဏ္ရာတစ္ခ်က္၊ ယာလက္ေမာင္းက်ည္ေဖာက္ဝင္ဒဏ္ရာ တစ္ခ်က္တို႔ရရွိခဲ့ၿပီး ဦးစိုင္းနပိုလီယံထြန္း(ခ)နပိုလီယံထြန္း(ခ)သားပို၌ ဦးေခါင္းထိပ္ပြင့္ထြက္ ဒဏ္ရာတစ္ခ်က္ႏွင့္ ဝဲပါးေပါက္ၿပဲဒဏ္ရာတစ္ခ်က္တို႔ရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္သူအား ေဖာ္ ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.